ဘ၀ဆိုတာကွေကောက်ရာစီးတဲ့ မြစ်တစ်စင်းလို့ ပါပဲ.....။
ကွေကောက်ရှည်လျားပြီးအတိမ်အနက်တိုင်းတာလို့ မရတဲ့ အရာတစ်ခုပါ.....။
ဘ၀မှာအမြဲအမှန်မရှိသလို့ အမှားဆိုတာလည်းအမြဲရှိမနေနိုင်ပါဘူး.....။မှန်ပါပေ့ တယ်....။
အနောက်တိုင်းဆိုရိုးစကားတစ်ခုရှိပါတယ်.....။
လူတို့ သည်အမှားကိုလှေကားထောင်၍အမှန်သို့ ရောက်အောင်တတ်ကြသည်....ဆိုတဲ့ 
ဆိုရိုးစကားလေးပါ....။ လူတိုင်းရဲ့ ဘ၀တွေမှာအမှားဆိုတာမကင်းနိုင်ကြပါဘူး...။အဲဒီအမှားတွေကိုကျော်လွှား
နိုင်ပြီးအမှန်ကိုရောက်ဖို့ ကအရေးကြီးပါတယ်...။ဒါမှလည်းဘ၀အမြင်တွေဟာကျယ်ဝန်းခန်းနားလာပါလိမ့် မည်..။
လူတိုင်းရဲ့ ဘ၀တွေမှာအကျင့် ဆိုတာရှိစမြဲပါ..။တစ်ယောက်တစ်မျိုးနဲ့ အကျင့် အမျိုးမျိုးရှိပါတယ်..။
အကျင့် ဆိုတာကောင်းတဲ့ အရာကိုယူသင့် သလို့ မကောင်းတဲ့ အရာကိုပယ်ဖျက်သင့်ပါတယ်...။
ဒါကြောင့် လည်းစပိန်စကားပုံတစ်ခုကလည်းဘ၀အတွက်အကျင့် ဆိုတာကြီးကိုကြောက်တတ်အောင်ထားခဲ့ တယ်.။
အကျင့် ဟူသည်အစပထမတွင်ပင်ကူမျှင်သာဖြစ်သည် ။နောင်တွင်ကားကျောက်ဆူးကြိုးပမာ
ကြီးထွားခိုင်မာလာလေသည်.....တဲ့ မှန်လိုက်တဲ့ စကားပုံလေးတစ်ခုပါ..။
အကျင့် တွေစတင်အစပျိုးတဲ့ ခလေးအရွယ်မှာဆဲတာတွေကချစ်စရာကောင်းတဲ့ ပင့် ကူကြိုးလေးလို့ ပါပဲ..။
နောင်တွင်အသက်အရွယ်လေးကြီးလာတာနဲ့ အမျှ လူတကာရွှံမုန်းတဲ့ အရာဖြစ်လာပြီးးသံဆူးကြိုးလို့ ပဲ
ဆူးနှောင်တွေနဲ့ ဖြစ်လာလေတော့ ဖျက်ဖို့ ကလည်းခက်လူတကာကလည်းရွှံမုန်းစေတာအမှန်ပါ..။
ဒါကြောင့် လည်းဘ၀တွေမှာအကျင့် ဆိုတာကိုကောင်းရာယူဆိုးတာပယ်ဖျက်ပြီးဘ၀အမြင်တွေကိုကျယ်ဝန်း
လာစေနိုင်ပါတယ်......။
ဘ၀ကိုချစ်မြတ်နိုးပါသလား..။သို့ ဖြစ်လျှင်အချိန်ကိုမဖြုန်းတီးပါနှင့် ..အကြောင်းမူကား
ဘ၀သက်တမ်းဟူသည်အချိန်များဖြင့် တည်ဆောက်ထားရသောကြောင့် ဖြစ်သည်
ဆိုတဲ့ ဘင်ဂျမင်ဖရင်ကလစ်ရဲ့ အဆိုမိန့် ကလည်းလူဘ၀အမြင်ကိုသိရှိနိုင်ဖို့ မီးမောင်းထိုးပြခဲ့ ပါတယ်..။
ဘ၀ဆိုတာကိုဖြတ်သန်းတာကအချိန်တွေကိုဖြတ်သန်းနေရတာပါ..။အချိန်ကိုလေးစားရမှာပါ..။
အချိန်တွေကြာမြင့် လာလေလေလူဘ၀ဟာလည်းတိုလာလေလေပါပဲ..။
အချိန်တွေအလဟသက်ကုန်လွန်စေတာဟာ ဘ၀အမြင်တွေကိုမျက်စိမှိတ်နားပိတ်အိပ်နေတဲ့ လူတစ်ယောက်
လို့ ပါပဲ...။ဘာမှမသိဘာမှမကြားတဲ့ လူဖျင်းတစ်ယောက်ဖြစ်စေနိုင်ပါတယ်...။
လူဆိုတာပုံသွင်းယူလို့ ရတဲ့ ရွံ့ မဟုတ် စိုက်ပျိုးယူရသောအပင်ဖြစ်သည်......ဆိုသော
ဂါတေးရဲ့ အဆိုမိန့် ကလည်းမှန်ပါ့ ပေ့ တယ်..။
လူတို့ ရဲ့ ဘ၀ကိုပုံစံသွင်းယူလို့ မရနိုင်ပါဘူး...အပင်လို့ မြေတောင်မြောက်ပေးပြီးငယ်ငယ်ကလေးကတည်းကပြုစု
ပျိုးထောင်မှဘ၀ရဲ့ အမြင်တွေဟာအကောင်းဘက်ကိုရောက်စေနိုင်မှာပါ..။ကောင်းတာကိုတိုက်တွန်းအပ်သလို့ 
ဆိုးတာကိုလည်းပဲ့ပြင်ဆုံးမနိုင်ရပါမည်..။
ဒါမှလည်းဘ၀မှာကောင်းတဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပေ့ လိမ့်မည်..။
လူတစ်ယောက်ရဲ့ ဘ၀မှာကောင်းတာတွေပဲလုပ်လာပြီဆိုရင်ထို့ သူတိုရဲ့ ဘ၀အမြင်တွေလည်းကြည်လင်လာပြီး
အမှားဆိုတာအနည်းဆုံးဖြစ်လာပါလိမ့် မည်..။ဘ၀ကောင်းရင်ကံကောင်းမည်..။
ကံဆိုတာအလုပ်အလုပ်ကောင်းရင်ဘ၀တွေကောင်းလာပါလိမ့် မည်..။
ရိုးသားမှုဂုဏ်စားမကုန်ဆိုသလို့ ပဲ.....ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ လူဘ၀အမြင်တွေကြည်လင်ကြပါ
စေလို့  ဆုမွန်ကောင်းတောင်းရင် ဘ၀အမြင်တွေပွင့် လင်းနိုင်ကြပါစေ....။
အားလုံးကိုလေးစားခင်မင်လျှက်
သန့် ဇင်ဦး(နတ်ဆိုး)
***စံလွန်းတင်***
(ကိုယ်တိုင်ရေးဘလော့ ပိုစ်)