ကွာရှင်းစာချုပ်တစ်စောင် ရဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတစ်ခု
ကွာရှင်းစာချုပ်တစ်ခုပေါ်မှာ လက်မှတ်ထိုးလိုက်ကြတဲ့ လူသားနှစ်ဦးဆီတိုင်းမှာ အကြောင်းရာ အဖြစ်ပျက်လေးတွေ
ရှိနေတတ်ကြပါတယ်ရှင်.........။ ဘ၀တစ်ခုကို တူတူတည်ဆောက်ကြပြီးမှ့  လမ်းခွဲခြင်းဆိုတဲ့ ခေါင်းစဉ်
တစ်ခုအောက်ကို ဘာလို့ ရောက်ခဲ့ကြရတာလဲ........။ အိမ်ထောင်တစ်ခုကို အပြီးပိုင် အဆုံးသတ်လမ်းခွဲဖို့
ဆုံးဖြတ်တဲ့နေရာမှာ မိန်းကလေးတွေက ယာကျာင်္းလေးတွေထက် ဘက်စုံကနေ သေချာပိုတွေးတတ်ကြပါတယ်။ အိမ်ထောင်ပျက်ဘ၀ကို
မရောက်လိုကြသည့် မိန်းမသားတို့ မွေးရာပါဗီဇစိတ်ဖြင့် အတတ်နိုင်ဆုံး ထိန်းချုပ် သည်းခံ ဖို့ကိုလဲ ကြိုးစားတတ်ကြပါတယ်.........။
ဒါပေမယ့်ဘယ်လိုမှ မထိန်းနိုင်တော့တဲ့ အခါမှာတော့ ကွာရှင်းစာချုပ်တစ်ခုပေါ်မှာ လက်မှတ်ရေးထိုး လိုက်ရပါတော့သည်။
ကျွန်မ*ကို*့ ကိုကွာရှင်းခဲ့ပါတယ် *ကို*
ကွာရှင်းစာချုပ်တစ်စောင် ရဲ့ နောက်ကွယ်က ဖြစ်ရပ်လေးတစ်ခု
ကျွန်မ ကို့ကို လက်ထပ်ခဲ့စဉ်က အရမ်းကို ငယ်လွန်းခဲ့ပါတယ်.........အချစ်ဆိုတာနဲ့ ခင်မင်မှု သံယောဇဉ်ဆိုတာကို
သေချာကွဲကွဲပြားပြားမသိခဲ့ နားမလည်ခဲ့ပါဘူး......ကျွန်မ မိဘ နှစ်ပါးက ကျောင်းဆရာ ဆရာမတွေ ဖြစ်တဲ့ အတွက်
ကျွန်မ တို့ကို အရမ်းကို ချုပ်ချယ်ပါတယ်........သူငယ်တန်းကနေ 10တန်းရောက်တဲ့ အထိ ကျွန်မဘ၀မှာ သူငယ်ချင်းတွေနဲ့
အပြင်ဆိုတာကို တစ်ခါမှ မသွားခဲ့ဘူးပါဘူး.........။ ကျောင်းတက်ရင်လဲ မနက်9နာရီ ကျောင်းတက်တယ်ဆို 8.45မှ အိမ်က
ကားနဲ့ လိုက်ပို့ပေးပါတယ်.....ကျောင်းရှေ့ကို ရောက်တာနဲ့ ကျောင်းတက် ခေါင်းလောင်းထိုးတော့တာပါဘဲ။ ဒီလိုနဲ့
အချိန်တွေ ကုန်ဆုံးခဲ့ရပါတယ်...........အိမ်ထဲမှာ လိုတယ်ဆိုတာ မရှိအောင်နောက်ဆုံးကျွန်မ ကိုယ်လိမ်းဖို့ သနပ်ခါးတောင်
ကိုယ်တိုင် သွေးမလိမ်းရအောင် ဖြည့်စီးပေးတတ်ပေမယ့် အပြင်ထွက်တာ သူငယ်ချင်းတွေနဲ့ ပတ်သတ်လာရင်တော့
တင်းကျပ်မှုတွေ အရမ်းများပါတယ်။ကျွန်မ 9တန်းမှာ စည်သူ ဆိုတဲ့ *ကို* က ကျွန်မနားကိုလိမ်မာပါးနပ်စွာနဲ့ ချဉ်းကပ်လာခဲ့ပါတယ်။
ကျွန်မအတွက် အပြင်ထွက်ချိန်ဆိုတာ ကျောင်းဝန်းထိပ်ကနေ စာသင်ခန်းထဲကို မရောက်ခင် ကြားကာလလေးကို အပြင်ထွက်ရတယ်လို့
ခေါ်တာပါဘဲ........။ဒီအချိန်တွေကို အမိအရ စာလိုက်ပေးတတ်တယ်.........။ကျွန်မ တို့ခေတ်က လွယ်အိတ်ထဲကို စာထည့်
ပေးတဲ့ ခေတ်လေ.........။ကျွန်မ မသိအောင်ကျွန်မ လွယ်အိတ်ထဲကို ကို စာချွန်လွှာတွေ တစ်နေ့တစ်စောင် ရောက်ရောက်
လာတတ်ပါတယ်.........ကို ကကျွန်မထက် နှစ်နှစ်တိတိ ကြီးပေမယ့် အတန်းကတော့ တူတူဘဲလေ..........။ကျွန်မ တွေးမိတယ်
ကို့ကိုကျွန်မ တကယ်မှ ချစ်ခဲ့ရဲ့လားလို့လေ............။ ဟင်အင်ကျွန်မ ကို့ကို မချစ်ခဲ့ဘူး သေချာတယ်။။........ငယ်လွန်းတဲ့ အသက်ရွယ်မှာ
သာယာတဲ့ စိတ်ကို အချစ်လို့ ခေါင်းစဉ်မှားတပ်ခဲ့မိတာ.........ဒီအရွယ်ဆိုတာ လေတိုက်ရင်တောင် လိုက်ရယ်ချင်တဲ့ အရွယ်
မျိုးလေ.........။ကျောင်းမှာ ကို ကလဲ စတား..........သုံးနိုင်တယ် ။ ကိုယ်ပိုင်ကားကို 9တန်းနဲ့ သူကိုယ်တိုင်မောင်းတတ်နေပြီ။
မိန်းကလေးအများစုရဲ့ စိတ်ဝင်စာခြင်းကို ခံရတဲ့ သူတစ်ယောက်က ကျွန်မ ကို ချစ်တယ်ဆိုတော့ သာယာမိတယ်ထင်ပါတယ်လေ။
ကျွန်မတို့ သူငယ်ချင်းအဖွဲ့လေးထဲကို ကို ကမသိမသာနဲ့ နေရာယူလာခဲ့တယ်..........။ကျွန်မ ကလွဲရင် အားလုံးက ကျူရှင်တစ်ဝိုင်းထဲ
တက်ကြတယ်လေ..........ကိုလဲပါတာပေါ့..........။ ဒီလိုနဲ့ ကျွန်မ နဲ့ ကို ရည်းစားတွေ ဖြစ်ခဲ့ကြပါတယ်။
ရည်းစားဆိုတာလဲ စာထဲမှာတင် ရည်းစားဖြစ်နေတာမျိုးပါ ။ သူများ သမီးရည်းစားတွေလို အအေးဆိုင်တူတူ ထိုင်တာတို့ ..........ဟိုနေရာမှာ
ဒီနေရာမှာ ချိန်းတွေ့တာမျိုးလဲ မရှိခဲ့ပါဘူး။ ရည်းစား စဖြစ်တုန်းကတော့ ကို့ ကချိန်းတယ် ။သူချိန်းပေမယ့်ကျွန်မ ကဘယ်မှ ထွက်မရဘူးလေ။.
.နောက်တော့ ကို ကျွန်မကို ဘယ်တော့မှ မချိန်းတော့ဘူး။ကျွန်မ 10တန်းနှစ်မှာကို တို့အိမ်က စီးပွားတွေ တအားကို ထိုးကျသွားတယ်။
ကျွန်မ အိမ်ကကျွန်မကို ရန်ကုန်မှာ ကျောင်းပြောင်းထားလိုက်ကြတယ် ။.....ကိုနဲ့ ကြွေ ရည်းစားဖြစ်နေတာကို သိသွားတော့ 10တန်းမှာ
နှစ်ချင်းပေါက်မအောင်ဆိုးတာကြောင့် ပါ။ ရန်ကုန်မှာ ကျောင်းပြောင်းတက်လိုက်ရတယ်။.......အဲဒီနှစ်မှာကျွန်မက နှစ်ချင်းပေါက် အောင်ခဲ့ပေမယ့်
ကို ကတော့ဘော်ဒါမှာ သွားနေတာတာင် စာမေးပွဲကျတယ်လေ.........။ ကျွန်မ ရန်ကုန်မှာ သွားနေတဲ့ တနှစ်လုံးအဆက်သွယ်ပျက်ခဲ့တယ်။
ပြန်ရောက်ပြီး တစ်လလောက် အကြာ ညနေခင်းတစ်ခုမှ ကျွန်မ နဲ့ ကို အခွေဆိုင် မှာ ပြန်ဆုံမိကြတယ်။ ကို့ ကိုကျွန်မ လုံးဝမမြင်ဘူး။
ကျွန်မ အခွေဆိုင်ထဲ ၀င်တော့ ကိုက အခွေဆိုင်ထဲမှာ ကြိုတင်ရှိနေခဲ့တယ်လေ။ ဆိုင်ထဲ ၀င်လိုက်တယ်ဆိုရင်ဘဲ
*ခိုင်လေး*
ရင်းနှီးတဲ့ ခေါ်သံကြောင့် အသံလာရာဆီကို လှည့်လိုက်တယ်ဆိုရင်ဘဲ ကို့ ကို တွေ့လိုက်ရတယ်။
*ဟင် ! ကိုသူ*
*ဘယ်လို ခေါ်လိုက်တာလဲ ခိုင်လေး..........ကိုသူဟုတ်လား........ကို လို့ဘဲ ခေါ်ပါကွာ.........နော်*
*မပြောတတ်ဘူးလေ...........ကိုသူမှာ ချစ်သူတွေဘာတွေ ရှိနေရင် အားနာလို့ပါ*
*ရှိစရာလားကွာ........ခိုင်လေး ရှိနေတာကို နောက်ထပ် ချစ်သူရှိစရာလား*
*ခိုင်လေး သွားတော့မယ်.........လေးလေး လိုက်ပို့တာ ကွယ်နေလို့ မမြင်လို့..........ကို့ကို တွေ့ရင် ခိုင်လေး ဆူခံရမှာ
ခိုင်လေး သွားတော့မယ်နော် ကို*
ဒီလိုနဲ့ ခိုင်လေးနဲ့ကို ရည်းစားတွေ ပြန်ဖြစ်ခဲ့ကြတယ်.........တစ်နေ့ ဖေဖေနဲ့မေမေက သူတို့မိတ်ဆွေရဲ့သား စစ်ဆေးတက်နေတဲ့
အကို တစ်ယောက်နဲ့ခိုင်လေး ကို စေ့စပ်ပေးဖို့ တိုင်ပင်နေတာကို မထင်မှတ်ဘဲ ကြားလိုက်သိလိုက်ရတယ်............။
ကျွန်မ က နှလုံးအားနည်းတဲ့ ရောဂါ ရှိနေသူတစ်ယောက်မို့ စိတ်ချရအောင် မေမေတို့ စီစဉ်ကြတာလေ........ကျွန်မ ကိုတော့
အသိမပေးကြသေးဘူး.........ကျွန်မ စိတ်ထဲ စိုးရိမ်မိသွားတယ်။။။။။စိတ်ထဲမှာလဲ ဝေခွဲရခက်နေမိတယ်.........။
တစ်ခါမှ မသိတဲ့ သူတစ်ယောက်ကိုကျွန်မ မလိုချင်ဘူး............နောက်ပြီး ခုလိုချုပ်ချယ်ခံဘ၀ကြီးကိုလဲ မွန်းကျပ်လွန်းလှပြီ။
ကို့ဆီဖုန်းခေါ်ပြီး အကြောင်းအရာတွေကို ပြောပြလိုက်မိတယ်..........ကို့ ကချက်ချင်းဆိုသလို
ခိုးပြေးမယ်လို့ စီစဉ်တယ်လေ ။ ကျွန်မ အံ့သြနေမိတယ်..........အိမ်မက်မက်နေသလားလို့ အကြိမ်ကြိမ် တွေးမိတယ်။
မသေချာ မရောရာမှုတွေနဲ့ အိမ်ထောင်သည်ဆိုတဲ့ ဘ၀ တစ်ခုကို ကျွန်မ အသက် 18နှစ်နဲ့ 7ရက်ပြည့်တဲ့နေ့မှာ ရောက်ရှိခဲ့ပါတယ်ရှုင်..............။
(.......18နှစ် 20 အတွင်း ခံစာချက်တွေက မခိုင်မာ မသေချာတတ်ပါဘူး..........
စိတ်ကစားတာလား တကယ်လားဆိုတာကို သေချာအောင် မတွေးနိုင်တတ်ကြပါဘူး။
ဖြစ်နိုင်ခြေအများဆုံးကတော့ စိတ်ကစားတာဘဲ ဖြစ်ဖို့ သေချာပါတယ်ရှင်။)
ကျွန်မ ထင်ခဲ့တာက မရဘူးတဲ့ ပျော်ရွင်လွပ်လတ်ခြင်းတွေ ရလိမ့်မယ်လို့ တထစ်ချ ယုံကြည်မိခဲ့တာပါ........။
တကယ် ကျွန်မ ပိုင်ဆိုင်လိုက်ရတာက ကို့ရဲ့ နေတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ တာဝန်မယူတတ်ခြင်း ၊ ဥပက္ခာပြု
ရက်စက်ခြင်းဆိုတာတွေကို ဘဲကျွန်မ အပြည့်ဝ ပိုင်ဆိုင်လိုက်ရတယ်.။ အိမ်ထောင်သက် တနှစ်လောက်မှာတော့
ကျွန်မ အသေချာသိသွားခဲ့တယ် ။ ကို့ကို လုံးဝမချစ်ခဲ့ဘူးဆိုတာကို .........ဒါပေမယ့်ကျွန်မ မှာ ပြင်ဆင်ဖို့ အခွင့်
ရေးလုံးဝကို မရှိခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ ကျွန်မ မိကောင်းဖခင်သားသမီးပီတစွာ တစ်သက်မှာ တခါဘဲ
အိမ်ထောင်ပြုချင်ကြပါတယ် ။အဲဒီအိမ်ထောင်ကိုလဲ တည်မြဲဖို့ကျွန်မ ကြိုးစားချင်တယ်။ .ကို့ကျွန်မ အပေါ်
တာဝန်မကျေလဲကျွန်မ ပျော်အောင်ကြိုးစားနေခဲ့ပါတယ် ။ တဖြေးဖြေး ဆိုးရွားလာတဲ့ ကို့အခြေနေကကျွန်မ
အကိုင်တွယ်မတတ်လို့လား ကံကြမ္မာက ရက်စက်လို့လား ဆိုတာကို ကျွန်မ မဝေခွဲတတ်တောပပါဘူး ။
.ဘာအလုပ်ကို လုပ်လုပ် အရှုံးတွေ ပေါ် အကြွေးတင်။ စိတ်ညစ်လို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ကို့ ကမိုးလင်းမိုးချုပ်
အရက်ကို သောက်လာတတ်တယ်။အကြွေးသမားတွေက အိပ်နေတဲ့ အိပ်ယာထဲထိ အကြွေးတောင်းခံခဲ့၇တယ်။ သူများဟာ ယူမိတာကို
အတောင်းခံရမှာဘဲ။ သူရဲ့ စိတ်ကို အဲဒီမှာ သိလာရတယ်။ သူခေါင်းရှောင်တတ်တယ်။ တာဝန်မယူချင်ဘူး ။
ဘ၀မှာနေခဲ့ရတဲ့ ကျွန်မ သူများကို ခြေသလုံးဖက်မတတ် တောင်းပန်ရတာတွေကအကြိမ်ကြိမ်.......မိုးလင်းထဲက သောက်လိုက်တဲ့
ပြန်ခေါ်တယ်လေ.........မိဘက ဘယ်ကြည့်ရက်တော့မှာလဲ သူနဲ့ ပေါင်းခဲ့တာ အိမ်ထောင် သက်
10နှစ်တိတိ ကြာခဲ့ပါတယ်...........10နှစ်အတွင်းမှာ သူရှာကျွေးတဲ့ ထမင်းတစ်လုတ်မစားခဲ့ဘူးဘူး ။ သူဝယ်ပေးတဲ့ အ၀တ်တစ်စုံ
မ၀တ်ခဲ့ဘူးဘူးဆိုရင် ပိုတယ်လို့ ထင်ကြမလားဘဲ.......။ ဒါပေမယ့်တကယ်ပါဘဲ.........ကျောင်းပြီးအောင်
ဘွဲ့ရခဲ့ပါတယ်............ကျွန်မ ဘယ်လိုဒုက္ခတွေ ကြုံကြုံ သူကို ထားခဲ့ဖို့ .....ကွဲဖို့ဆိုတာ အတွေးတောင်
မ၀င်မိပါဘူး..............တစ်မြို့လုံးက ပြောကြတယ် ...........သူဒဏ်ကို ခံနိုင်လို့တဲ့လေ............မူးလဲနေတဲ့ အရက်ဆိုင်တွေ
လက်ဖက်သုတ် အအေးတွေတောင် ရောင်းခဲ့ရပါတယ်..........အဲဒီအချိန်ထိ နောက်ဆုတ်လိုက်ဖို့ ကျွန်မ မတွေးခဲ့ပါဘူး......။
ကျွန်မ ရွေးချယ်ထားတဲ့ လမ်းတစ်ခုကို အဆုံးထိ လျှောက်ဖို့ကိုဘဲ ကျွန်မ တွေးတယ် ။ တစ်နေ့မှာ မိုးကြီးလေကြီး ကျနေတဲ့အချိန်
မီးတွေကပျက် ခြောက်ခြားဖို့ကောင်းတဲ့ညအမှောင်ထဲမှာ စကားများ ရန်ဖြစ်ပြီး အိမ်တံခါးကို အပြင်ကနေ သော့ခတ်ပြီး
တစ်ယောက်ထဲ ပြစ်ထားခဲ့တဲ့ ရက်စက်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့ရတိုင်လည်း နောက်ဆုတ်ဖို့ မတွေးခဲ့ဘူးပါဘူး။။။။။။။။။အိမ်ထောင်ကွဲ
မိန်းမတစ်ယောက်အဖြစ်ကို မခံယူချင်လို့ပါ။*ကို* အပေါ် သည်းခံနိုင်မှုတွေ ကျွန်မ ရင်ထဲ ထွက်ပြေးမသွားပါစေနဲ့လို့ဘဲ ကျွန်မ အကြိမ်2
ဆုတောင်းမိပါတယ်..........ဒါပေမယ့် ဆုတောင်းတွေ မပြည့်ခဲ့ပါဘူး............။
ကျွန်မ ကို့ကို လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ရတဲ့ ရင်နာစရာ ဖြစ်ရပ်လေး
တစ်နေ့ကျွန်မ ဆိုင်ခင်းနေတုန်း ကျွန်မ ဆီကို ဧည့်သည်တစ်ယောက် ရောက်လာပါတယ်....အဲဒီဧည့်သည်ကို တွေ့လိုက်ရတော့
ကျွန်မ အရမ်းကို အံ့သြသွားမိတယ် ။ဘာလို့လဲဆိုတော့ ကျွန်မဆီကို လာလည်တဲ့ သူက ကျွန်မကို ငယ်ငယ်က စိတ်ဝင်စားနေတဲ့
အကိုကြီး တစ်ယောက်ဖြစ်နေခဲ့လို့ပါ ။.....အဲဒီအကိုကကျွန်မ ဆီကိုလာလည်တာတဲ့ ........ကျွန်မ အတွက်ဆိုပြီးကျွန်မသိပ်ချစ်တဲ့
အရုပ်အကြီးကြီးတစ်ခုပါ လက်ဆောင်ပေးသွားတယ်........ကျွန်မ အတင်းငြင်းနေတာကို အဲဒီအကိုက အတင်းကို ပေးသွား
ခဲ့တယ်။ ကို လဲ အနားမှာ ရှိနေတယ်လေ.........ကိုက ယူလိုက်ပါဆိုတာနဲ့ ကျွန်မ လက်ခံထားလိုက်တယ်.........အဲဒီအကို ပြန်သွားပြီး
5ရက်လောက်ကြာတော့အရုပ်ကြီးက ထိတာနဲ့ သီချင်းသံတွေ ထွက်နေလို့ ဓာတ်ခဲတွေ ထုတ်လိုက်တဲ့ အချိန်မှာ ဓာတ်ခဲထည့်တဲ့ထဲမှာ ငွေ
တစ်သိန်းတစ်အုပ်နဲ့ စာတစ်စောင်ကို တွေ့လိုက်ရတယ်...........။ စာကိုဖောက်ဖတ်လိုက်မိတော့................
ညီမလေး
အကို လာလည်တယ်ဆိုတာ ညီမလေးအပေါ် ဘာစိတ်မှ မရှိပါဘူးနော်.........ညီမလေးတစ်ယောက်လို ခင်လို့ပါ။
ခုပေးတဲ့ ပိုက်ဆံကလဲ အကိုတစ်ယောက်က ညီမလေးတစ်ယောက်ကို မုန့်ဖိုးပေးတာပါဘဲ.........ဒီတိုင်းပေရင် ခိုင်လေးက
လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတာ ကို သိနေလို့ ဒီလိုထည့်ပေးလိုက်ရတာပါ........။ခိုင်လေး ကို ခုလိုဘ၀နဲ့ မြင်နေရတာလဲ ကိုကြီး
တကယ်ကို စိတ်မကောင်းဘူးကွာ............ခိုင်လေး အမြန်ဆုံး ပျော်ရွင်ဖွယ် ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေနော်............။
ကျွန်မ စိတ်မကောင်းလိုက်တာ...........ကျွန်မ ဘယ်သူဆီကမှလဲ ဒီလို မယူဘူးဘူး..........ခုကိုကြီးပေးတာကိုလဲ လက်မခံနိုင်ဘူး။
ကျွန်မ စိတ်လဲတအားဆိုးတယ်...........ချက်ချင်း ကို့ကို ပြောပြပြီး ကိုကြီးဆီ ဖုန်းဆက်လိုက်တယ် ။
။ ငွေကို ပြန်ပို့မဲ့အကြောင်းပြောပြလိုက်တယ်။ကျွန်မ သိတဲ့ နေ့က သောကြာနေ့ ညနေဖြစ်နေလို့ပိုက်ဆံကို ချက်ချင်း လွဲဖို့ အဆင်မပြေဘူးလေ။
တနလာင်္နေ့ ရောက်မှ လွှဲလို့ရတော့မှာမို့ ပိုက်ဆံတွေကို ဒီတိုင်းဘဲ သိမ်းထားလိုက်တယ်........။ တနလာင်္နေ့ ရောက်လို့ ငွေလွှဲဖို့ ပိုက်ဆံကို
ကြည့်လိုက်တော့ ပိုက်ဆံက 5သောင်းဘဲ ရှိပါတော့တယ် ။ ကို့ကို အော်ခေါ်လိုက်မိတယ် ။
*ကို့ .......ကို..........*
*ဟာ.....ဘာလို့ အော်နေတာလဲကွာ...........ဆူညံနေတာဘဲ*
*ကိုရေ ပိုက်ဆံ 5သောင်းပျောက်သွားလို့ လုပ်ပါအုံး ဒီနေ့ လွဲပေးမယ်ပြောထားတာ*
*ကို သုံးလိုက်တယ်...ကိစ္စရှိလို့*
*ဘာ! ကို သုံးလိုက်တယ် ဟုတ်လား........အောင်မလေး ရက်စက်လိုက်တာ ကိုရယ်........ကျွန်မ ဘာနဲ့ ပြန်ထည့်ရမှာလဲရှုင်*
* ခိုင်လေး ကိုက ရှည်တာ ဟိုက မုန့်ဖိုးပေးတာဘဲ ယူလိုက်ပေါ့..............*
*ကို ဘယ်လိုပြောလိုက်တာလဲ...........သူပေးတာကို ယူရင် ဘယ်လိုဖြစ်သွားမလဲကို သေချာတွေးပါအုံး။
ကို ခုလိုသုံးလိုက်တော့ ကို ခိုင်လေးကို ရောင်းစားလိုက်တာနဲ့ မတူဘူးလား ကို......ကိုရယ် ရက်စက်လိုက်တာရှင်*
ကိုကတော့ သူမဟုတ်သလိုဘဲ ထထွက်သွားပါတော့တယ် ။ ကျွန်မ မှာတာ နောက်ဆုံး လက်နက် နားက အဖြစ်ပန်ထားတဲ့
နားကပ်လေးကို ချွှတ်ရောင်းပြီး ကိုကြီးဆီ ငွေ တစ်သိန်းပြည့်အောင် ပြန်လွှဲပေးလိုက်ပါတယ်......ကျွန်မ ရင်ထဲမှာ
စူးနစ်နေအောင် နာကျင်ခံစားလိုက်ရတဲ့ဝေဒနာကကျွန်မ ဘ၀ထဲကနေ ကို့ကို အပြီးပိုင်မောင်းထုတ်လိုက်ပါတော့တယ်ရှင်။
သည်းခံခြင်း၊ နားလည်ခြင်း၊ခွင့်လွတ်ခြင်း ဆိုတဲ့ ခြင်းများစွာကို *ကို *အပေါ်မှာ ကြွေ ထားပေးခဲ့ပြီးပါပြီ။အချစ်ဆိုတာ မရှိခဲ့ပေမယ့်
ကျွန်မ အကောင်းဆုံး နဲ့ တာဝန်အကျေဆုံး ဖြစ်အောင် ကိုအပေါ်မှာ ပေးဆပ်ပေးခဲ့ပါတယ်။ ကျွန်မ ပြန်ရလိုက်တာ
တွေက ရက်စက်ခြင်း၊ စာနာမှုကင်းခြင်း ၊ ရက်စက်တဲ့ ဥပက္ခာပြုခြင်း ဆိုတာတွေဘဲ ကိုက ကျွန်မ ကို လက်ဆောင်ပြန်ပေး
ခဲ့တယ် ။လိုချင်တာက တစ်ခုထဲပါ။...........သူဆီက နှောင်ကြိုးမဲ့တဲ့ ကြင်နာခြင်းမျိုးကိုပါ ။ ကျွန်မ နေမကောင်းဖြစ်တယ်။
*ကို...........ကျွန်မ နေမကောင်းဘူး......ဆေးခန်းသွားမလို့ စောင့်နေတာ*
*မင်းကလဲကွာ.........ငါမှ မအားတာ ဆိုက်ကယ်တွေ မပြီးသေးဘူးလေ............ကိုယ်ဘာကိုသွားလိုက်တာ
မဟုတ်ဘူး...........သွားလိုက်ရင် ခုလောက်ဆို ကောင်းတောင် ကောင်းနေပြီ *
ဒါမျိုးတွေက အကြိမ်ကြိမ်ပါဘဲ..............ကျွန်မ သူဆီက ကြင်နာမှုလေးတွေကို လိုချင်တာပါ။ နွေးထွေးတဲ့ ကြင်နာခြင်းမျိုး ကိုတောင်းတမိခဲ့တာပါ ။
.နောက်ဆုံးကွဲတဲ့အထိ မရခဲ့ပါဘူး...............အရက်တွေ သောက်လွန်းတော့ကြောင်လာတယ်......စိတ်တွေ မမှန်ချင်တော့ဘူး။
.ကျွန်မ မိဘတွေက သူကို အရက်ဖြတ်ပေးခဲ့တယ်.။ သူ 1လနဲ့ 16ရက်ဘဲ ခံတယ်လေ......ပြန်သောက်တယ်။
ကျွန်မ ကြောက်လာတယ်။ သူနဲ့နေရတဲ့ ခါးသီမှုတွေကိုလဲ ခံနိုင်ရည်မဲ့လာတယ်။ ကျွန်မတို့ တစ်အိမ်ထဲနေပြီး စကားမပြောဖြစ်ကြတော့ဘူး။
နောက်ဆုံး သူက တစ်ထပ် ကျွန်မ ကတစ်ထပ်နေတဲ့ အဆင့်ထိ8လကြာနေပြီးနေပြီးတဲ့နောက် သူကိုကွာရှင်းခွင့်တောင်းခဲ့ပါတယ် ။ သူက ကျွန်မ
ခဏစိတ်ဆိုးတယ်အထင်နဲ့ ကျွန်မကို ကွာရှင်းပေးခဲ့တယ်လေ။ ကျွန်မ စိတ်ထဲမှာ သူကို ချစ်ခြင်းမုန်းခြင်းအားလုံး ကင်းသွားခဲ့တာကိုတော့ သူမသိရှာဘူး။
မိန်းမကောင်းမှန်ရင် တစ်သက်မှာ တစ်ခါဘဲ အိမ်ထောင်ပြုချင်ပါတယ်။ အဲဒီအိမ်ထောင်ကိုလဲ ရိုးမြေကျ ပေါင်းချင်တဲ့ သူချည်းပါဘဲရှင်။ .ဒါပေမယ့်
ခုလိုတွေ ရှိလာတော့ ဒါတွေကို ထည့်မတွက်နိုင်တော့ပါဘူး။ တကယ်ကြုံမှ ခါးသီးမှုတွေက ဘယ်လောက်ဆိုးတယ်ဆိုတာ သိကြရတာပါ။ခုချိန်မှာ
သူက ကျွန်မ ကိုပြန်ပေါင်းချင်နေပေမယ့် ကျွန်မ အတွက်ကတော့သူဆိုတာ မရှိတော့ပါဘူး။ ကျွန်မ ဘ၀ထဲမှာ သူသေသွားခဲ့ပါပြီ။
ကို အပေါ်မှာ အရွံ့ကြီးရွံ့ ၊ စိတ်အနာကြီးနာခဲ့ပြီဆိုတာ သေသေချာချာ နားလည်လိုက်ရတဲ့ချိန်မှာ ကို ၀ဋ်ကြွေးတွေကို
ဆပ်လို့ကုန်ပြီလို့ သတ်မှတ်လိုက်ပါသည်။ ကျွန်မ ကာလကြာရှည်စွာ ကိုနဲ့ ပတ်သတ်သမျှကို ခံစားကြွေကွဲ ခဲ့သည့်ကျွန်မ ရင်ထဲမှာ
ကိုနဲ့ ပတ်သတ်သမျှ ဆုံးခန်းတိုင်ပါပြီမို့.......ကျွန်မ ကို့ကို ကွာရှင်းစာချုပ်ပေါ်မှာ အက္ခရာတင် လက်မှတ်ရေးထိုးလိုက်ရပါတော့သည်။
10ရက် ၊ 5လ ၊ 2008 ခုနှစ်
ကိုအောင်က အချစ်ဆိုတာကို ရင်ထဲက
ချစ်နေယုံ ချစ်နေတတ်တယ်ထင်ပါတယ်.....
တကယ်တော့ သူကိုသူ ပိုချစ်တတ်တဲ့ သူမျိုးပေါ့
ဘ၀ဆက်တိုင်း ဆက်တိုင်း *ကို* လိုလူနဲ့ မဆုံတွေ့ပါရစေနဲ့ ရှင်။
အချစ်ဆိုတာ ပေးဆပ်ခြင်းလား ရယူခြင်းလား
လောကကြီးက မမြင်နိုင်တဲ့လှည်ကွက်တွေကိုလဲ ဖန်တီးပေးတတ်သေးတယ်ရှင့်။
အချစ်ကံဆိုးနေတတ်တဲ့ ကျွန်မ ကိုသိပ်ကိုချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ကိုလက်ဆောင်ပေးခဲ့တယ်လေ။
့ပြန်ချိတ်ပြီးအကောင့်ကိုဖွင်ကြည့်မိတယ်ဆိုရင်ဘဲ သိပ်ကိုပျော်စရာကောင်းမဲ့ပျော်ရွှင်ခြင်းနဲ
့ချစ်ခြင်းတွေကိုသယ်ဆောင်လာပေးတဲ့အကောင့်တစ်ခုအပ်ထားတာကိုတွေ့ ရပါတယ်။
နဲ့စတဲ့သိပ်ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ဖြစ်လာမဲ့သူရဲ့အကောင့်လေးလေ။
အကောင့်ကိုကြည်ပြီးအကြာကြီးတွေဝေနေမိသေးတယ်။
``hi.........``
*အံ.သြနေတာဗျ...........အက်ထားတာကို....အခုမှပြန်လက်ခံလို့လေ.....*
*ဟုတ်လား........အက်ထားတာဒီလောက်ရှိပြီလား.....*
*ဟုတ်တယ်.........ခင်ဗျာ......ကျွှန်တော် အက်ထားတာကြာပြီလေ......ကျွှန်တော်ကညဘက်တွေဘဲ.....
ထိုင်ဖြစ်တာလေ.....အခုတောင်ပိတ်ရက်မလို့``
``ဟုတ်လား.....ခိုင်လေးကို အစ်ကိုကသိလို့လားရှင့်``
``သိတာပေါ့.......သိတာမှလွန်ခဲ့တဲ့2လလောက်က....ကျွှန်တော်အစ်ကိုလို
ခင်နေတဲ့အကောက်ထဲကနေ......မြင်ဘူးနေတာလေ``
``ဟုတ်လား...ကြာပြီဘဲနော်``
``ဟုတ်တယ်.......ကြာပါပြီ....ခင်ချင်နေတာလည်းကြာပြီလေ``
အသက်ဘယ်လောက်ရှိပြီလဲ....အစ်ကိုက
``25``
``စော်ရီးနော်.........မောင်လေးပေါ့``
``အစ်မကတော့``
``29``
``
တင်ထားတဲ့ပုံကအစ်မပုံလား``
``ဟုတ်တယ်``
``29....ဟုတ်လို့လား``
``ဟုတ်ပါတယ်....ဘာလို့လည်း``
``မထင်ရဘူးလေ.........အဲဒါကြောင့်ပါ``
``ကျေးဇူးပါပဲရှင့်``
``နာမည်ကတော့``
``ခိုင်လေး``
``ဘယ်လိုခေါ်ရမှာလည်း``
``အဆင်ပြေသလိုခေါ်လေ ရပါတယ်``
``မ``တစ်လုံးထဲဆိုရလား
``ရပါတယ်``
``ကျွှန်တော်နာမည်ပြောပြမယ် ကိုထွဋ်``
``ဟုတ်လား.....နာမည်လေးကလှတယ်``
``မ...ကဘယ်လိုခေါ်မှာလည်း``
``မကဘယ်လိုခေါ်ရမလည်း ခဏ.....စဉ်းစားကြည့်အုံးမယ်နော်.......ခဏလေး``
``ဟုတ်ကဲ့ပါ``
``ရပြီ......ကောင်လေးလိုခေါ်မယ်ရလား``
``ရပါတယ်.....မစိတ်ချမ်းသာသလိုခေါ်ပါ``
``ခုဘယ်ကချက်နေတာလည်း``
``မလေးကပါ....``မ``
``ဟုတ်ကဲ့....19နှစ်ကတည်းကရောက်နေတာလေ``
``ပြည်နားကလေ....ရွှေတောင်မြို့ကိုသိလား``
``သိတယ်.....မ။ပြည်မှာတောင်အမျိုးတွေရှိတယ်လေ။``
``ဟုတ်လား........ပြန်လာရင်လာလည်လေ။မမနားတော့မယ်နော်
``ဟုတ်ကဲ့......မ။ညကျထပ်လာမှာလား.....ဟင်``
``အင်း.....တက်လာခဲ့မယ်။စောင့်နေလေ``
```ဟုတ်......စောင့်နေမယ်နော်.....မ``
``ကောင်းပါပြီရှင်``
ကောင်လေးနဲ့စကားပြောပြီးတစ်နေ့လုံးစိတ်ထဲမှာအလိုလိုပျော်နေမိတယ်။
တစ်ဘက်ကလည်းကံမကောင်းတက်တဲ့ကိုယ့်ကိုကိုကြောင့်ကြောက်နေမိတယ်လေ။ဒီလိုနဲ့
ညဘက်ရောက်တဲ့အထိစိတ်တွေကဝေခွဲမရဖြစ်နေမိတယ်.။အကောင့်ကိုဖွင့်ရမလား.......
``မ.......စောင့်နေတာကြာပြီ...မတက်လာဘူးလို့ထင်နေတာ``
``ဟုတ်တယ်.....မ...နောက်ကျသွားတယ်....ဆော်ရီးနော်``
``ရပါတယ်.....မ``
``မကြောင်းပြောပြမယ်။နားထောင်မလား.....ကောင်းလေး``
``အင်း...ပြောပြလို့ရရင်ပြောပြလေ`
``ပြောပြမယ်လေဆိုပြီး....ခိုင်လေးအကြောင်းတွေကိုကောင်လေးကိုပြောပြခဲ့ပါတယ်``
``အားလုံးနားထောင်ပြီးတဲ့အချိန်မှာကောင်လေးက....ဒါဆိုမမဘယ်သူ.ကိုမှမချစ်တော့ဘူးလား``
``ချစ်ရတာသေအောင်ပင်ပန်းခဲ့ပြီးပြီလေ``
``မ.....ထင်လို့ပါ........နှစ်ဦးလုံးချစ်နေရင်အေးချမ်းပါတယ်``
``အချစ်အကြာင်းကိုမသိဘူးထင်နေတာ``
``စာအုပ်တွေဖတ်ထားတယ်လေ``
``အဲဒါမျိုးမတွေ့ဘူးသေးဘူး``
``ရှိပါတယ်``
``မ....မကြုံဘူးသေးတာကိုပြောတာပါ ။ အချစ်ဆိုတာ လိုက်မရှာရဘူး...ဆက်ပြောပါအုံး``
``သိတော့ဘူးကုန်ပြီလေ.........စာအုပ်ကဖတ်ထားတာ.....ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး``
``တကယ်ကလေးပဲနော်....ကောင်းပါတယ်.......25ဆိုတာငယ်သေးတာဘဲ.``
``ဟင်............မကတော့.....29လေ``
``ဟုတ်တယ်လေ......ကောင်လေးထက်4နှစ်ကြီးတယ်လေ``
``နောက်4လဆို26ပြည့်ပြီ``
``ဟုတ်ပါပြီ......လူကြီးလေးရယ်``
ကို်နဲ့ အ ကြောင်းဆုံအောင် သူ့ကိုပြောပြဖြစ်တယ်လေ။ ခိုင်လေး...ကိုယ့်ကိုကိုယ်တောင်အံ့သြနေမိပါတယ် ။
ဒီိလိုနဲ့ကောင်လေးနဲ့ကျွန်မနေ့တိုင်းစကားတွေပြောဖြစ်နေကြတယ်။ရင်ထဲမှာတော့......
နေ့တိုင်းစိုးရိမ်စိတ်တွေနဲ့ပေါ့။ဘယ်အချိန်မှာများနာကြင်စရာတွေခံစားရအုံးမလည်းဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ပေါ့ရှင်
ကောင်လေးနဲ့ကျွန်မလနှစ်ချီပြီး....ရင်းနှီးလာခဲ့တယ်..........
``ဟဲလို....မ``
``ဟာ......ကောင်လေး......ဖုန်းနံပါတ်ကမြန်မာပြည်နံပါတ်ကြီးနော်....ပြန်ရောက်နေတာလေ
``မ......ဘာမှလည်း...ကြိုမပြောဘူးနော်``
``မ...အံ့သြသွားအောင်လို့ပါ``
``မ......တကယ်အံ့သြတာထက်ပျော်သွားတာပါ``
``မ....တကယ်ပြောတာလား``
``တကယ်ပေါ့``
``ဒီထက်အံ့သြစရာရှိသေးတယ်....သိလား``
``ဘာလည်းပြောပြလေ``
``ခုကောင်လေး မတို့မြို့ကိုရောက်နေတာဗျ``
``ဟုတ်လား......အခုဘယ်မှာလည်း``
``ရွှေမျက်မှန်ဘုရားမှာ.....မ......လာခဲ့ပါလား......ကောင်လေးစောင့်နေမယ်``
``ဟုတ်ပါပြီ....စောင့်နေမယ်နော်..မ....လာခဲ့မယ်``
``ဘုရားရောက်တော့....ကောင်လေးက...မခေါ်ဘဲကြည့်နေတယ်လေ``
သူ့ကိုမှတ်မိလားဆိုတာကို သိချင်တယ် နဲ့တူပါတယ်။။နှလုံးသားထဲမှာကောင်လေးကိုဓာတ်ပုံတွေအထပ်ထပ်ရိုက်ထားတာကိုသူမှမသိတာဘဲ
``ကောင်လေး........ဘာတွေအံ့သြနေတာလည်း``
``မ....ကောင်းလေးကိုမှတ်မိနေလို့ဗျ``
``အော်...မှတ်မိတာပေါ``
```ပြောလေ.....ကောင်းလေ``
***မနဲ့ကောင်လေးကြားမှာစကားတွေပလင်ခံနေစရာမလိုဘူးလို့ထင်တယ်လေ...ကောင်လေးမကိုချစ်တယ်။။
တွေကိုကောင်လေးနဲ့လက်တွဲပြီးရင်ဆိုရအောင်နော်..........မ....ကောင်လေးခွင့် 2ပတ် ဘဲရတယ်။
``မ``လက်ခံရင်``မ``နဲ့လက်ထပ်ဖို့ ပြင်ဆင်မယ်လေ။....ပြီးရင်ကောင်လေးပြန်မယ်....ဟိုရောက်တာနဲ့မကိုခေါ်ဖို့စီစဉ်ပြီး....
ဒီစကားတွေကိုအွန်လိုင်းပေါ်မှာပြောလို့ရတယ်...ဒါပေမယ့်မပြောချင်လို့....မကိုတန်ဖိုးထားလို့
ငွေကုန်ခံပြီးပြန်လာတာလေ။မကိုသေချာကြည့်ပြီးဘဲပြောချင်တယ်။ကောင်လေးလေ..မ...ကိုအရမ်းချစ်တယ်တဲ့....
``ကောင်လေး...........ရယ်။မ....ဘာပြန်ပြောရမလည်းမသိအောင်ကိုအံ့သြနေမိတယ်။
တကယ်ပါ။ဘယ်အချိန်ငိုရအုံးမလည်းဆိုတာကိုဘဲံရင်တထိတ်ထိတ်နဲ့စောင့်နေခဲ့တာပါ့
နောက်ကောင်လေးကိုချစ်တယ်ဆိုတဲ့စကားလုံးထက်လေးနက်စွာမြတ်နိုးတန်ဖိုးထားမိတာပါ``
``ဟာ....မရယ်``
``ပျော်လိုက်တာ...ဗျာ တကယ်ကိုကြည်ကြည်နုးနုးပျော်မိတာပါဗျာ``
``ဒါဆိုကောင်လေးစီစဉ်ထားတဲ့အတိုင်းဆက်စီစဉ်မယ်နော်``
*ကောင်လေးသဘောပါဘဲရှင်*
ဒါကြောင့်* ကို့ * ကိုစိတ်ထဲကတကယ်ကို့ကျေးဇူးတင်လိုက်မိပါတယ် ။
ကောင်လေးနဲ့မ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀အိမ်လှလှလေးတစ်လုံးကို တည်ဆောက်နိုင်ခဲ့ ကြပါတယ်။