ကျွန်တော် File ထဲ့မှာ သိမ်းထားတဲ့
(A-4) အမျိုး အစား စာရွက်တစ်ရွက်ကို
ဖြုတ်ယူလိုက်တယ်
စာရွက်လေးက ရ
ရိုးရှင်းတော့
စိတ်ထဲ့က ပေါ်လာတဲ့ စာကြောင်း၊ စာသားလေးတွေကို ချရေးလိုက်တယ်
“စားပွဲပေါ်က
ပန်းအိုးလေး
ငါ ........
ပထမဦးဆုံး အမြတ် တနိုးနဲ့  Store ဆိုင်တစ်ဆိုင် မှ
ဝယ်ယူခဲ့တယ်
နှင်းဆီပန်း အ၀ါရောင်လေး
ငါ......
မင်းလေးကိုလည်း
ဈေးထဲ့ က၀ယ်ယူခဲ့တယ်
တယုတယနဲ့ပေါ့....
မင်းလေးကို အလှတရားတွေ နဲ့ 
ဂုဏ်ကျက်သရေ ရှိသွားအောင်
ငါ .....
အမြတ် တနိုးနဲ့ ဝယ်ယူခဲ့တဲ့ ပန်အိုးလှလှလေးပေါ်မှာ
ငါ......
ဆင်မြန်းပေးခဲ့တယ် ( နေရာပေးခဲ့တယ်!)
ထာဝရ မင်းလေးဟာ
မလန်းဆန်းခဲ့ ပေမယ့်
ငါ ၀ယ်ယူခဲ့ တဲ့ ပန်းအိုးလှလှ လေးကို
ပြည့်စုံ ကျက်သရေ ရှိသွားအောင်
အလှ တရားတွေ နဲ့ ဖြည့်စည်းပေးခဲ့တယ်
မင်းလေး ဟာ ဒီပန်အိုးလေးပေါ်မှာ
ပထမဆုံး အလှ တရားတွေ ပေးနိုင်ခဲ့တာပါ
မင်း လေးက တော့
ဒီပန်းအိုးလေးရဲ့ ပထမဆုံး သမိုင်းဝင်
အလှ ဆင်းပေးခဲ့တာပါ
........... ပန်းကလေးရယ်.........
ကဗျာ
Arrakha ( အတွေး ဒသန!)