အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုးဘာသာ ကန့်သတ်မူ မရှိပါဘူး။
(၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင်ခေါင်းကိုငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပယ်လည်းလို့ ငါ့ကိုမေးခဲ့တယ်။
(၁၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
အင်္ကျီအနားစကို အဓိပ္ပယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကိုငုံ့ ရှက်သွေးတွေဖြာပြီး နင်ပြုံးနေခဲ့တယ်။
(၂၀)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါပျောက်ကွယ်သွားမှာကို စိုးတဲ့အလား ငါ့လက်မောင်းကို နင်တင်းတင်းလေး
ဖက်ထားတယ်။
(၂၅)နှစ် အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်...ထပါတော့ လူပျင်းလေးရယ်"လို့ ချစ်စနိုးနဲ့ နင်ပြောခဲ့တယ်။
(၃၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
"တကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေကိုလည်း ၀ယ်ခဲ့ဖို့ မမေ့နဲ့" လို့
နင်ရယ်ပြီး ပြောခဲ့တယ်။
(၄၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ...ကောင်းပါပြီ ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင်စိတ်မရှည်စွာ ပြောခဲ့တယ်။
(၅၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
သိုးမွှေးချည်ကို ထိုးရင်း "တကယ်လား...နင့်စိတ်ထဲမှာ ငါ့ကိုစောစော သေစေချင်နေတယ် မဟုတ်လား"လို့
ပြောပြီး တခစ်ခစ်နဲ့ နင်ရယ်ခဲ့တယ်။
(၆၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး..မြေးတွေတောင် ကြီးနေပြီ အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။
(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ခုန်ပေါ်မှာ တူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ်၅၀က ဓာတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့ တွန့်ကြေနေတဲ့ လက်ကို ငါဆုတ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။ အကြင်နာတွေ
ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့
တွန့်ကြေနေပေမဲ့ နင်ရဲ့မျက်နှာဟာ လှပနေဆဲပါ။
(၈၀) အရွယ်တုန်းက ငါနင့်ကိုချစ်တယ်လို့ ပြောတယ်။
နင် လှဲလျောင်းနေတယ်....ငါငိုနေတယ်။ နောက်ဆုံးတစ်ခွန်း နင်ပြောခဲ့တယ် "ငါ.....နင့်....ကို...ချစ်...တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ။
အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။
အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုတယ်။