ကျန်းမာခြင်းသည် ကောင်းမွန်ဆုံးသောအရာဟု စာပေများနှင့် လူပုဂ္ဂိုလ်များက ဖော်ပြကြသည်
မှန်ပါသည် လို့ပဲ ထောက်ခံခြင်ပါသည် ကျွန်တော်သည် ကျန်းမာရေးမလိုက်စားဖြစ်တာကြာပါပြီ
ကျွန်တော် ကျန်းမာရေးပြန်လည် လုပ်ဆောင်လာတော့ လေးလံနေသောစိတ် နဲ့ ကိုယ် ခန္တာ ဟာ အရင်က ထက် သိသိသာသာ
ပြောင်းလဲလာပါတယ် အရင်က ပျင်းတယ်ဗျ အခုတော့ သိသိသာသာ လန်းဆန်းတတ်ကြွလာတယ်
ကျွန်တော် ကျန်းမားရေးကတော့ ကျွန်တော့်အိမ်နဲ့ ကန်တော်ကြီး က နီးတယ်လေ ဒါကြောင့် မနက်တိုင်းလမ်းလျှောက်ပြေးဖြစ်တယ်
ကိုယ်လက်လှုပ်ရှားတဲ့လေ့ကျင့်ခန်းတွေလုပ်ဖြစ်တယ် ဒီလို အကျိုးဆက်တွေကတော့ အလုပ်ကို နှစ်ဆလုပ်လာနိုင်တယ် နောက်ပြီး
ပေါင်းသင်းဆက်ဆံရေးလဲကောင်းလာတယ် အတွေးအခေါ် တွေလည်း တိုးတက်လာတယ် ဒါကြောင့်အကြံပေးချင်တာက လူငယ်လူကြီး
တိုင်း ကျန်းမားရေးလုပ်ငန်းများလည်း တဖက်တချက် က လုပ်ဆောင်ပါလို့ တိုက်တွန်းချင်တယ်