ကျွန်တော်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် အရမ်းခင်မင်ရတယ်သူပေါ့
သူက ဗမာမဟုတ်ပါဘူး
ချင်းလူမျိုးပါ သူနာမည်က ရော်နယ်စတောင်ရုန်နှင်း လို့ခေါ်ပါတယ် ကျွန်တော်မှာ သူငယ်ချင်းအများကြီးမရှိပါဘူး ကျွန်တော်(2)ယောက်ပဲတွဲဖြစ်ကြတယ်ကျွန်တော်က ဖောင်ကြီးမှာနေတာပါ ကျွန်တော်(9)တန်းရောက်တော့ ကျွန်တော်လှည်းကူးကိုပြောင်းခဲ့တယ်
(9)တန်းတုန်းက သူက ဗမာစကားသိပ်မပြောတတ်ဘူး ချင်းပြည်နယ်က ပြောင်းလာတာဆိုတော့
(10)တန်းအောင်တော့ သူက Day တက်တယ် ကျွန်တော်ကတော့
အဝေးသင်တတ်တယ် ကျွန်တော်တို့တွဲဖြစ်ပါသေးတယ်
ဒါပေမဲ့သူနောက်ဆုံးနှစ်ရောက်တော့ သူကျွန်တော်ကို နှုတ်မဆက်ဘဲနဲ့ နိုင်ငံခြားကိုထွက်သွားခဲ့တယ် သူအိမ်ကိုသွားဖြစ်ပါသေးတယ်
အခုဒီကို မတွေ့ဖြစ်တော့ဘူး သူဘယ်နိုင်ငံသွားတယ်ဆိုတာလဲ မသိပါဘူး အဆက်အသွယ်လဲ မရပါဘူး ကျွန်တော်သူငယ်ချင်း ရော်နယ်စတောင်ရုန်နှင်းကိုတွေ့ရင်ဆက်သွယ်ပါ