Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ကျန်ရှိပစ္စည်း တာဝန်မယူ

$
0
0

ဇီဝိန်ထင်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး၊ ရှိချေ၏။ ဆိုတဲ့ သံဝေဂလင်္ကာဓမ္မကထာအရ အသက်ရှင်လျှက်ရှိနေကြတဲ့ သတ္တ၀ါ

တွေ ဘာအတွက်အသက်ရှင်နေကြရတာလဲ..........?

ကွယ်လွန်ဖို့ပဲဖြစ်ပါတယ်လို့ ဖြေကြရမှာပါ.......။ လောကမှာ လူစည်ကားလှတဲ့နေရာတွေပေါ်မှာ ချိတ်ဆွဲထားတဲ့ စာတမ်းလေးတစ်ခုကို ဖတ်ဖူးကြမယ်ထင်ပါရဲံ...သတိ....ျကန်ရှိပစ္စည်းတာဝန်မယူ...တဲ့။ အမှတ်တမဲ့ ဒီစာတမ်းလေးဟာ ကိုနဲ့မသက်ဆိုင်သလို ဖြစ်နေတာကိုတွေံ

ရှိကြပါတယ်။ ကြည့်သောသူမြင်၏ ဆိုတဲ့အတိုင်း သေသေချာချာကြည့်မယ်ဆိုရင် လောအမြင်ကိုသာမက ဓမ္မအမြင်ကိုပါ ပေးစွမ်းနိုင်စွမ်းရှိ

တဲ့စာတမ်းလေးအဖြစ် မြင်ကြရမှာပါ...။

လောကသဘာဝအရ လူစည်ကားတဲ့နေရာတွေမှာ မိမိပစ္စည်းကျန်ခဲ့လို့ပြန်ရတာမျိုး အတော်ကိုရှားပါးပါတယ်။ ပိုင်ရှင်မသိအောင် တမင်ခိုးယူနေကြတာပဲလေ။ ပိုင်ရှင်ထံပြန်ပေးဖို့ဆိုတာ သာမန်စိတ်ထားနဲ့တော့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီလိုတွေဖြစ်ရတာဟာ မိမိတို့ရဲ့မေ့လျော့

မှုကြောင့်သာဖြစ်တယ်။ ဒါကြောင့် ခရီးသွားလာရာမှာ ကိုယ့်ပစ္စည်းတွေမေ့ကျန်မှုမရှိရလေအောင် သတိထားပီးစောင့်ရှောက်ကြဖို့ သတိ.....

ကျန်ရှိပစစဉ်းတာဝန်မယူ ဆိုတဲ့စာတမ်းလေးနဲ့ သတိပေးထားခြင်းဖြစ်ပါတယ်။

လောကစီးပွား၊ တလမ်းသွားသာ၊ မယားစားဖို့၊ သားစားဖို့ဟု၊ ကိုယ့်ဘို့နောင်ဘေး၊ မတွေးမဆ၊ မိုက်ဆန္ဒဖြင့်၊ လောဘအလို၊ လိုက်မပိုနှင့်၊

၏ကိုယ်ပျက်ပြား၊ ဘ၀လားသော်၊ မယားမပါ၊ သားမပါဟု လို့ပြဆိုထားပေတယ်။ မိမိတို့ရဲ့ရှေ့က ကွယ်လွန်သွားကြတဲ့သူတွေ ကိုယ့်ဘူတာရောက်လာလို့ ကိုယ်ဆင်းသွားကြတဲ့သူတွေ အဲ့ပဂ္ဂိုလ်တွေ တမလွန်ဘ၀ကို ဘာတွေယူသွားကြသလဲ...? ဘာကိုမှမယူနိုင်တာကို အသုဘလိုက်ပို့ဖူးတဲ့ ကယယကံရှင်တွေမှန်သမျှ အားလုံးအသိဆုံးပါ။ လျှောက်လှမ်းရမဲ့သံသရာခရီးမှာ ဒီအထုပ်တွေပါသွားစေဖို့၊ မေ့ကျန်

တာမျိုး မဖြစ်စေဖို့ သတိပေးပြီးနှိုးဆော်တဲ့စာတမ်းလေးက သတိ........ကျန်ရှိပစ္စည်းတာဝန်မယူ တဲ့..........။

မြို့သားလေး
ပီးစီးချိန် ၁၁း ၀၅ ည

၁၉.၁၁.၂၀၁၂


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>