နည်းပညာထွန်းကားနေသောယခုခေတ်၌သိပ္ပံပညာဖြင့်စမ်းသပ်၍မရကလက်
မခံလိုကြ။သိပ္ပံပညာဖြင့်စမ်းသပ်၍မရသော,သိမ်မွေ့နူးညံ့သောသဘာဝတရားများကတော့ရှိသည်
ပင်။
သိပ္ပံပညာထွန်းကားသည်ဆိုသော်လည်းလက်တွေ့မျက်မြင်ရှိနေသောတြိဂံရပ်ဝန်းဒေသကိုယနေ့
အထိပင်စမ်းသပ်၍ကျေနပ်လောက်သောအဖြေကိုမပေးနိုင်သေးပါ။
တိကျမှန်ကန်သောအဖြေမှာအဝေးကြီး။
နတ်ပြည်သိရေးမှာဒိဗ္ဗစက္ခု-နတ်မျက်စိ(မည်သည့်အတားအဆီးကိုမဆို
ဖောက်ထွင်း၍မြင်နိုင်သောမျက်စိ)၏အရာသာဖြစ်၍သိပ္ပံပညာ၏အရာမဟုတ်ပါ။
ဥပမာ…
အနားမညီတြိဂံ,စက်ဝိုင်းတစ်ခု၏ဧရိယာကိုသူငယ်တန်းကလေးအားအတွက်ခိုင်းလျှင်ရနိုင်ပါမည်
လော? ။မရနိုင်ပါ။
အဘယ့်ကြောင့်နည်း?။
အနားမညီတြိဂံ,စက်ဝိုင်းတစ်ခုဧရိယာ၏အဖြေကိုရှာရေးမှာသူငယ်တန်းကလေး၏အရာမဟုတ်။
အထက်တန်းကျောင်းသား၏အရာဖြစ်သောကြောင့်ပင်။
ဘာဝနာ၏အစွမ်းဖြင့်သိနိုင်သောနတ်ပြည်ကိုထိုဘာဝနာအမှုကိုမပြုပါဘဲ
လျက်``နတ်ပြည်ဟူသည်မှာအပြောသာ,တကယ်မရှိ´´ဟုဆိုလျှင်မှန်ကန်သောအဖြေမဟုတ်
သေးပေ။
ယခုခေတ်၌တန်ခိုးအဘိညာဉ်ရသူများကိုမတွေ့ရသော်လည်းထိုတန်ခိုး
အဘိညာဉ်များတစ်ချိန်ကအလွန်ထွန်းကားခဲ့ပါသည်။အဘယ့်ကြောင့်ဆိုသော်ထိုတန်ခိုးအဘိညာဉ်
ရကြောင်းဘာဝနာကျင့်စဉ်များယခုထိထင်ရှားရှိနေသောကြောင့်ပင်တည်း။
နတ်နှင့်နတ်ပြည်သည်သိမ်မွေ့သောရုပ်ဖြစ်သောကြောင့်ပကတိမျက်စိဖြင့်
မမြင်ရခြင်းဖြစ်သည်။လေလှိုင်းထဲ၌အသံလှိုင်းများကိုမမြင်ရသော်လည်းအသံဖမ်းစက်(ရေဒီယို)
ဖြင့်ဖမ်းကြည့်သောအခါပကတိမျက်စိဖြင့်မမြင်ရပါဘဲအသံလှိုင်းများရှိ၏ဟုယုံကြည်ရတော့သည်။
နတ်နှင့်နတ်ပြည်သည်ထိုအသံလှိုင်းများထက်ပင်သိမ်မွေ့နူးညံ့သောကြောင့်ပကတိမျက်စိဖြင့်
မမြင်ရခြင်းဖြစ်သည်။
ဥပမာ…
ပကတိမျက်စိဖြင့်မမြင်ရသောအရာဝတ္တုကို Microscope(အနုကြည့်မှန်)ဖြင့်ကြည့်သောအခါ
ထင်ထင်ရှားရှားမြင်ရသကဲ့သို့
ထို့အတူနတ်နှင့်နတ်ပြည်ကို ဒိဗ္ဗစက္ခု-နတ်မျက်စိ ဖြင့်ကြည့်သောအခါထင်ထင်းရှားရှား
မြင်နိုင်၏ဟုမှတ်ယူရမည်။
ဆက်ကြဦးစို့…
အာဠ၀ီပြည်၏အနီးညောင်ပင်ကြီး၌အာဠ၀ကဘီလူး၏ဗိမာန်ရှိ၏။မြတ်ဗုဒ္ဓသည်အာဠ၀ကမရှိခိုက်
အာဠ၀က၏ဗိမာန်သို့ကြွကာသူ၏ဇနီးအခြွေအရံများကိုတရားဟော၏။
ထိုအာဠ၀က၏ဗိမာန်သည်လူတွေလည်းမမြင်ရ။သွားလာနေသူတို့သည်လည်းထိခိုက်မိသည်ဟူ၍
မရှိပေ။
ယခုခေတ်၌လည်းအချို့သောသစ်ပင်များမှာနတ်,သရဲ,တစ္ဆေများရှိသော်လည်း
မမြင်ရ။သူတို့၏နေရာအသုံးအဆောင်ကိုလည်းမတွေ့ရ။
သို့သော်နတ်ပူးသူ,သရဲပူးသူများကိုတော့တွေ့ရတတ်သည်။လူကိုဝင်ပူးသောနတ်,သရဲများကိုမမြင်
ရသော်လည်းအပူးခံရသူတို့၏စကားကိုနားထောင်၍နတ်,သရဲရှိမှန်းသိကြရတော့သည်။
ထို့ကြောင့်ပကတိမျက်စိဖြင့်မမြင်နိုင်လောက်အောင်နူးညံ့သိမ်မွေ့သော,
ရုပ်ဓာတ်ရှိသောသတ္တ၀ါမျိုးတွေရှိနေသည်မှာထင်ရှားပါသည်။
ထိုသို့သောသတ္တ၀ါမျိုးရှိ၏ဟုသိရသောသဲလွန်စမှာနတ်ပြည်ရှိ၏ဟုဆိုရာ၌အထောက်အထား
အကြောင်းပြချက်ပင်ဖြစ်တော့၏။
နတ်နှင့်ပတ်သက်သောအကြောင်းအရာများမြတ်ဗုဒ္ဓ၏တရားများ၌
များစွာပင်တွေ့ရပါသည်။
မြတ်ဗုဒ္ဓရှိစဉ်ကပင်လျှင်အချို့သောနောက်ပါရဟန်းတော်များသည်နတ်သား
များကိုမမြင်ဘူးကြပါ။
ရှင်းဦးအံ့…
မြတ်ဗုဒ္ဓသည် `ကောဋိရွာ´ ၌သီတင်းသုံးတော်မူစဉ်ဝေသာလီပြည်သားလိစ္ဆ၀ီမင်းသားတို့သည်
မြတ်ဗုဒ္ဓထံသို့လာကြ၏။
လိစ္ဆ၀ီ မင်းသားတို့၏အသားအရေသည်ဝင်းဝင်းဝါ၀ါဖြစ်၍ရွှေအဆင်းနှင့်တူ၏။မင်းသားတို့သည်
အညိုရောင်,ရွှေရောင်,အနီရောင်,အဖြူရောင်အ၀တ်တန်ဆာတို့ကိုဝတ်ဆင်ကုန်လျက်လာသည်ကို
မြတ်ဗုဒ္ဓကမြင်သောအခါ``ရဟန်းတို့…တာဝတိ`သာနတ်သားတို့ကိုမမြင်ဘူးလျင်လိစ္ဆ၀ီမင်းသား
တို့ကိုကြည့်ကြစမ်း။လိစ္ဆ၀ီမင်းသားတို့သည်တာဝတိ`သာနတ်သားတို့နှင့်တူကုန်၏´´ဟုမိန့်တော်မူ
ပါသည်။
ယင်းမြတ်ဗုဒ္ဓ၏စကားတော်ကိုထောက်ရှု၍မြတ်ဗုဒ္ဓ၏နောက်ပါရဟန်း
အချို့သည်နတ်သားကိုမမြင်ဘူးသေးဟုမှတ်ယူ၍နတ်ပြည်သည်လည်းတကယ်ရှိ၏ဟုမှတ်ယူရ
မည်ဖြစ်ပါသည်။
အို စာရှုသူ…
ကျွန်တော်တင်ပြခဲ့သောအကြောင်းအရာများကိုသဘောကျသူများလက်ခံကြမည်ဖြစ်သောလည်း
သဘောမကျသူများကိုလည်းပြန် လည်းချေပလိမ့်မည်မဟုတ်ပါ။
ကိုယ့်ယုံကြည်ချက်အတိုင်းရေးသားမိခြင်းကြောင့်ဆင်းရဲတွေ့ရသည်ဖြစ်စေ,မျက်စောင်းထိုးကြ
သည်ဖြစ်စေခံရန်အသင့်ရှိပါသည်။
ကိုယ့်အပြုအမူအတွက်အကောင်းကိုဖြစ်စေ,အဆိုးကိုဖြစ်စေတာဝန်ယူဖို့ဝန်လေးလိမ့်မည်မဟုတ်
ပါ။သတ္တိရှိလို့,ရဲရင့်လို့တော့မဟုတ်ပါ။ကိုယ့်အပြုအမူအတွက်ခံစားရဲခြင်း,
ရင်ဆိုင်ရဲခြင်းသာဖြစ်ပါသည်။