Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

နေခြည်လာရင်ပြယ်မှာစိုးတယ်

$
0
0

     စာရေးသူသည် မြန်မာနိုင်ငံအတိတ်အကြောင်းကိုပြန်တွေးမိနေတယ်။

 မြန်မာနီုင်ငံသည် အတော်လေးနောက်ကျကျန်ခဲ့သည်။ အကြောင်းစစ်

လျှင် အာဏာရှင်စနစ်ဆိုးအောက်တွင်နှစ်ပေါင်းများစွာဖိနှိပ်မှုခံကာနေ

လာခဲ့ရသည်။ ၁၉၆၂ ခု ဦးနေ၀င်းအစိုးရ ခေါ် တော်လှန်ရေးအစိုးရခေတ်မှ

 မြန်မာ့ဆိုရှယ်လစ်အမည်ခံ တစ်ပါတီစနစ်နှင့်နှစ်ပေါင်းများစွာဖိနှိပ်အုပ်ချုပ်

မှုကိုခံခဲ့ရသည်။ ၁၉၈၈ အရေးအခင်းကြီးပေါ်ပေါက်ကာ တနိုင်ငံလုံး

လှည်းနေလှေအောင်းမြင်းစောင်းမကျန်အာဏာရှင်စံနစ်ကိုတော်လှန်ခဲ့ကြ

သော်လည်းအဏာရှင်စနစ်အောက်သို့ ပြန်ရောက်သွားရသည်။

            ၁၉၉၀ ရွေးကောက်ပွဲ

ကိုဗိုလ်ချုပ်မှူးကြီးစောမောင်လက်ထက်ကျင်းပပေးခဲ့သည်။ ပြည်သူများက

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို

တခဲနက်မဲပေးထောက်ခံခဲ့ကြသည်။ ရွေးကောက်ပွဲတွင်မဲအပြတ်အသတ်ဖြင့်

အနိုင်ရခဲ့သည်။ သို့သော် စစ်အစိုးရက အာဏာလွဲပြောင်းပေးခြင်းမရှိဘဲ

နှစ်ပေါင်း (၂၀) ကျော်ဆက်လက်အုပ်ချုပ်ပြန်သည်။ တနည်းနောက်ပြန်ဆွဲ

ခေါ်ခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံသည် လူမှုရေးစီးပွားရေး နိုင်ငံရေး ကမ္ဘာ့အလယ်

တွင်နောက်ကျကျန်ရစ်ခဲ့ရသည်ကို အားလုံးအသိပါ။ ပမာနှိုင်းပြောရလျှင်တခြား

နိုင်ငံများထက်အနှစ် (၅၀) ခန့် နည်းပညာမှစ၍ စီးပွားဖွဲ့ဖြိုးတိုးတက်မှုနောက်ကျ

ကျန်ခဲ့သည်ကို မည်သူမျှမငြင်းကွယ်နီုင်ပါ။

                  ထားတော့ဒါတွေကို ဘေးဖယ်ထား….

ယခု ၁၉၉၇သံဃာ့အရေးအခင်းဖြစ်ပြီးနောက် အသစ်ရေးဆွဲထားသော

အခြေခံဥပဒေအရ ရွေးကောက်ပွဲလုပ်ကာစစ်အစိုးရတဖြစ်လဲအရပ်သား

အစိုးရပေါ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောနိုင်ငံ

ရေးပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကာ

လိုအပ်နေသောလွတ်တော်ကိုစားလှယ် (၄၄) နေရာကိုဝင်ရောက်ယှဉ်ပြိုင်

အရွေးခံရာ (၄၃) နေရာအနိုင်ရကာ လွတ်တော်တွင်ပါဝင်ခွင့်ရခဲ့သည်။

        ယခုလက်ရှိအခြေအနေအရ နိုင်ငံတကာအလည်ပြန်လည်ဝင်ဆံ့

လာကာစီးပွားရေးပြောင်းလဲမှုများ လုပ်ဆောင်၊ နိုင်ငံရေး ဥပဒေရေးက

အစ .. ပြောင်းလဲမှုများကိုလုပ်ဆောင်နေပေသည်။ သို့သော် အခြေအနေ

ကိုသုံးသပ်ရလျှင်….

         အထက်မှပြောဆိုနေသောစကားနှင့်အညီ အောက်ခြေတွင်ပြောင်း

လဲမှုမရှိသေးဘဲယခင်အတိုင်းသာဆက်လက်လုပ်ကိုင်နေကြသည်ကိုအများ

အားဖြင့်တွေ့နေရသည်။ပြည်သူလူထုဆန္ဒထုတ်ဖော်ခွင့်ကိုအကန့်အသတ်

ဖြင့်သာရသည်။ ပြည်သူ့လိုအပ်ချက်များကို အပြည့်အ၀လုပ်ဆောင်မပေးနိုင်

သးသည်ကိုတွေ့ရသည်။ ဒီလိုပြောင်းလဲမှုလုပ်ရာမှာ အတော်လေးလုပ်ရဦး

မည်ဟုထင်ပါသည်။

                          အောက်ကလူများ

အကျင့်ပျက်ချစား ခေါက်ရိုးကျိုးနေသူများ များစွာရှိနေသည်။ အလုပ်လုပ်လို့

အဆင်မပြေနေမှုများကိုတွေ့နေရသည်။ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်

ရေးကိစ္စလည်းနှေးကွေးနေပေသည်။

            ယခုအခါ မြန်မာနိုင်ငံသည် အေးမြသောနှင်းခဲလေးနှင့်တူသည်။ နေခြည်

လာရင်အချိန်မရွေးပြယ်သွားနိုင်သည်။ ခဲမှန်ဘူးသောစာသူငယ်အလားစိုးရိမ်နေရ

သည်။ ပြည်သူများက အသိသတိနှင့် လိုက်လျောညီထွေဆက်ဆံလိုက်နာပြုမူ

ကျင့်ဆောင်ကြရန်လိုအပ်သည်ဟုထင်ပါသည်။

             စာရေးသူ ဖတ်ဘူးသောပုံပြင်တစ်ခုကိုပြောပြချင်ပါသည်။ ကမ္ဘာဦးအစက

ပေါ့ ။ တာမလ်လို့ခေါ်တဲ့ အာရေဗျ မြို့ကြီးတစ်မြို့မှာ မြေပြင်က မို့မောက်တက်

ပြီးတုန်ခါလာသတဲ့ အဲဒီကနေ ကြီးမှားလှတဲ့ကုလားအုပ်ကြီးတစ်ကောင်ထွက်ပေါ်

လာခဲ့ပါတယ်။ လူတွေက အံ့သြလိုမဆုံးသေးဘူး ကုလားအုပ်ကြီးက ကုလားအုပ်

လေးတစ်ကောင်မွေးလိုက်ပြန်ပါတယ်။ နောက်ရက်တွေမှာကုလားအုပ်ကြီးဟာအစာ

ဆာလောင်မွတ်သိပ်နေသူများကိုနို့တွေကိုပေးသတဲ့။ ဒါပေမဲ့ ကုလားအုပ်ကြီး

အတွက်လိုအပ်တဲ့ရေကိုပေးရလို့ ရေကိုချွေတာသုံးရသတဲ့။ မြို့သူမြို့သားတွေ

စားဝတ်နေရေးအတွက် ကုလားအုပ်ကြီးကြောင့်အဆင်ပြေနေသတဲ့ ။

          ဒါကိုဆိတ်ခြံပိုင်ရှင် တွေကဒီကုလားအုပ်ကြီးကိုမလိုလားကြပါဘူး။

လားအုပ်ကြီးကြောင့်သူတို့ရဲဆိတ်နို့တွေကိုမရောင်းရတော့ဘူး။ ဥယျဉ်ခြံပိုင်ရှင်

တွေကလဲ သူတို့မြက်ခင်းတွေအတွက်ရေအလုံအလောက်မရတော့ ကုလား

အုပ်ကြီးကိုမလိုလားကြဘူး ။ ဒါကြောင့် ဆိတ်ခြံပိုင်ရှင်နဲ့ ဥယျာဉ်သမားတွေပူး

ပေါင်းပြီး ကုလားအုပ်ကြီးကိုမောင်းထုတ်ပစ်ကြတယ်။

             ထိုနေ့ကစပြီး တာမလ်မြို့မှာ  အလူအနည်းစုကသာနို့သောက်

နိုင်ကြ ၊ ပန်းမန်တွေကိုသုံးစွဲနိုင်ကြတယ်။ လူအများစုကတော့ အစာရေစာ ရှားပါးလို့ဆာလောင်မွတ်သိပ်မှုကို ခံစားနေကြရတော့သတဲ့။

               နှင်းခဲလိုလေးဖြစ်နေတဲ့ကျွန်တော်တို့နိုင်ငံ ကုလားအုပ်ကြီးကို

မောင်းထုတ်ခံရသလိုမျိုး နောက်တစ်ခါ ထပ်ပြီး မောင်းထုတ်မခံပါရစေနဲ့တော့လို့…

နောက်ကြောင် ပြန်နောက်တစ်ကြိမ် ထပ်ပြီးလှည့်မသွားစေရန်သတိပြုရန်

ဖြစ်ပါသည်။ နေခြည်လာရင် နှင်းခဲလေးပြယ်သွားမှာ စိုးမိပါသည်။

 

(ဒီဆောင်းပါလေးကို သတိမူ ဖတ်ရှုအားပေးသူအပေါင်းအား  စာရေးသူမှ

တလေးတစားအလေးထားလျှက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။)

 

(ကိုယ်တိုင်ရေး)

မြင့်စိုး

26-11-2012


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>