24 နာရီ ရဲ့ ကြျြာမင့် ချိန်မှာ
ခပ်ညံ့ညံ့ လူတစ်ယောက် ရပ်တည်ဖို့ အတွတ်
လိုအပ်ချက်က ဘာလည်း
သေခြင်းဆိုတဲ့ ငနဲ အကြောင်း
မတောက်တခေါက်တော့ နားလည်ထားတယ်
အသေ လှပဖို့ ပဲလိုတယ်.....
မှောင်မည်းသော ညတွေမှာ
လက်တစ်စုံကို လိုချင်မိတာ နွေးထွေးမှုကို လိုချင်လို့ပါ
ဒီလိုပဲ ညတိုင်းပဲ
အစိုးမရတဲ့ အတ္တမှာ ယောက်ယတ်ခတ်နေတဲ့ ငါ
ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း
အကွာ အဝေးက တိုတိုလေးဆိုတာ သိလိုက်ရတယ်
မျှော်သူမရှိတဲ့ လမ်းကျဉ်းလေးရဲ့ အိမ်ပြန်ချိန်
ခတ်ထန်ထန် လှိုင်းတံပိုးအောက် ငါထိုးကျလည်း ငါ့သမိုင်းပါပဲ
မတ်မတ်ရပ် နိုင်ဖို့
တစ်ထွာသာရှိတဲ့ သမုဒ္ဒရာ ကို ဖြည့်တင်းဖို့
အနက်ဆုံးတွင်းကို နိုက်နေရင်း ဖိနပ်လည်း ပါး နေလည်းစား
နောက်ဆုံးတော့လည်း
ကိုယ့် အတွတ် ရှိပြီးသား
ကိုယ်ပိုင်တဲ့ ကိုယ်ပိုင်တွင်းလေး ထဲ အိပ်စက် လှဲလျောင်းဖို့ အတွတ်
ဒုက္ခဆိုတဲ့ ဒီအပုပ်ကောင် ကြီးကို ထမ်းပိုးထားရဦးမှာ ပဲလေ..........