Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အာရုံစိုက်လေ့လာသင့်သော..လက်ပန်းတောင်းတောင်အရေးအခင်း

$
0
0

မုံရွာမြို့ပေါ်မှာ မေတ္တာသုတ် ရွတ်ဆိုလှည့်လည်တဲ့ သံဃာအပါး ၂၀၀ ဟာ ဒေသခံ အလှူရှင်တွေက ဆက်ကပ်တဲ့ ဆွမ်းကို ဘုန်းပေး ပြီးတဲ့နောက် မုံရွာမြို့ တဖက်ကမ်းက လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး သပိတ် စခန်းတွေဆီကို သွားရောက် ပူးပေါင်း ခဲ့ကြပါတယ်။

မနေ့ညပိုင်းက လှေတွေကို အစိုးရဘက်က တားမြစ်ပေမယ့် ပြန်လည် ခွင့်ပြုတာကြောင့် စက်လှေတွေနဲ့ တဖက်ကမ်းကိုကူးပြီး ပူးပေါင်း လိုက်နိုင်တာဖြစ်တယ်လို့ ဆန္ဒပြ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်နုက ပြောပါတယ်။

သပိတ်စခန်းလေးခုမှာ လူအင်အား ၁၀၀၀ ကျော်၊ သံဃာအင်အား ၂၀၀ ကျော်ရှိနေရာက အခုသံဃာတွေ ထပ်ပေါင်းတာဖြစ်ပါတယ်။

ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က မကြာသေးခင်ရက်ပိုင်းတုန်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းရာ သဘောတူညီချက်ရခဲ့ပါတယ်။

 ဒီသဘောတူညီချက် ရပြီးတဲ့နောက် မနေ့က ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေ အရေးပေါ် သတင်းစာရှင်းလင်းပွဲခေါ်ယူပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးနေစဉ်ကာလမှာ စီမံကိန်းလုပ်ငန်းတွေကို ရပ်နားထားဖို့ လိုတယ်လို့ သဘောထားထုတ်ဖော် ပြောဆိုထားပါတယ်။

by အေးနိုင် (ဒီဗွီဘီ)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>