အင်းးးးးးးးးးးးးးးး
ဒီနေ့..တန်ဆောင်မုန်း လပြည့်ညပါလား...
ခံစားတတ်ကြသူတွေအတွက်တော့ ပြည့်ပြည့်၀၀ သာနေတဲ့ လမင်းကြီးကို
ငေးမောရင်း ဘ၀ရဲ့ မပြည့်ဝနိုင်မှုတွေကို ခဏတာ မေ့ပျောက်ပြီး ကြည်ကြည်နူးနူး ခံစားနိုင်တဲ့ ညတစ်ညပေါ့လေ..။
အင်းးးးးးးးး...ဒီနေ့မှာတော့ ခံစားတတ်သူပဲဖြစ်ဖြစ် ၊ မခံစားတတ်သူပဲဖြစ်ဖြစ် ၊ ဘယ်လိုပုဂ္ဂိုလ်သတ္တ၀ါပဲဖြစ်ဖြစ် ၊ လောကီပုထုဇဉ်တွေအတွက်တော့ ပုံမှန်နေ့တွေထက် သာမယ့်နေ့
(အက်တစ် ဖြစ်မယ့်နေ့)ပေါ့လေ..။
ဘာလို့လဲဆိုတော့..
- လမင်းကြီးကလည်း သူအင်အားကောင်းတဲ့အချိန်မှာ ကမ္ဘာမြေကြီးနဲ့ ဆွဲငင်အားချင်းပြိုင်ကြမှာဆိုတော့..
- ဒီကြားထဲ..တန်ဆောင်တိုင်ပွဲတော်ဆိုပြီး မြို့တိုင်းနယ်တိုင်းနီးပါး ရိုးရာပွဲတော်လေးတွေ ၊ ပွဲတော်ကြီးတွေ ပြုလုပ်ကြဆိုတော့..
- နောက်ပြီး..ခေတ်ပေါ်တေးဂီတသံလေးတွေကလည်း ကြားရသူကို ခုန်ပေါက်စေချင်လောက်အောင်
မြူးကြွလန်းဆန်းနေတော့..
အားကောင်းနေတဲ့လမင်းကြီးနဲ့ ကမ္ဘာမြေကြီးတို့ ဆွဲငင်အားချင်းပြိုင်ကြတဲ့ပွဲမှာ အနိုင်နဲ့အရှုံးကို မခန့်မှန်းနိုင်ပေမယ့်..သူတို့ကြားထဲမှာ က,နေကြရတဲ့ မင်းသား ၊ မင်းသမီးတွေကတော့...
အင်းးးးးးးးးးးးးးးးးးးးးး
အားလုံး အန္တရာယ်ကင်းစွာနဲ့ ကခုန်နိုင်ကြပါစေဗျာ...။
မင်းသား(No.9)