ရွှေမြို့တော်သူ ၊ ရွှေမြို့တော်သားများ မဂ်လာပါ ရှင်..
သာယာအေးမြတဲ့ နေ့လေး ဖြစ်ပါစေ လို့ နှုတ်ခွန်းဆက်သပါတယ် ....
အင်တာဗျူး အစီအစဉ် လေးမှာ မှုံက ခုမှ စရ မှာမို့ အမှားပါရင် သည်းခံပေးပါလို့ တောင်းပန်ချင်ပါတယ် ။
ခုတခါ အလှည့်ကျတဲ့ သူကတော့ ကဗျာ နဲ အချစ် ၀တ္တုတွေ ရဲ့ ဖန်တီးရှင် ကိုတတိုင်းမွှေးပဲ ဖြစ်ပါတယ် ရှင်...
မဂ်လာပါ အကို ... ဗျူးမယ်နော် ...
မဂ်လာပါ ဗျာ ..
အကိုရဲ့ နာမည် လေး သိချင်ပါတယ် ရှင် ...
နာမည်အရင်းကတော့ ကိုကိုလွင်ပါ
ဟုတ်ကဲ့ ...လက်ရှိ နေရပ် လေးနဲ ဇာတိ မြေလေးရော သိလို့ ရမလား ရှင် ...
ဂေါ့ကျေးရွာ..သထုံမြို့မွန်ပြည်နယ်ပါဇာတိကလည်းအဲဒီမှာဘဲ ... ချက်မြှုတ်ကတော့ အဖေပဲ သိမယ် ..
တိန် ... ဒီလောက်ဆို ရပါပြီ ၊ ချက်မြှုတ်တဲ့ ကိစ္စ မသိချင်တော့ပါဘူး ...မန်ဘာတွေ သိချင်ရင်တော့ တမျိုးပေါ့ နော် ..ခိခိ
နောက်တခု အကို ပုံကို ကြည့်ပြီး သိချင်တာလေးက တော့ .. ဖြေမှာလား ...
ဒါကတော့ မေးခွန်းပေါ်မှာ မူတည်တာပေါ့နော်
ဟုတ်ပါပြီ ...ပါးပါးလေးပဲမေးမှာပါ ဗျာ ...ခိခိ
ပုံထဲမှာ တို့အကိုက ခန့်ချောကြီး ဆိုတော့ ...အင်း ...အသက်လေး သိချင်ပါတယ် ...ရှင် ..:P
သေမင်းကြားအောင် အသက်လာမေးနေတာလား.......လွန်ခဲ့တဲ့...
ခြောက်နှစ်ကထဲက 26 နှစ် ပြည့်ပြီးပါပြီ....ဟီး။
အော် ...၂၆+၆= ဆိုတော့ ၂၃ ပေါ့ အကိုက မှုံ ထက်ငယ်တာပဲ ....ခိခိ
ပြီးတော့ ... အလုပ် အကိုင်လေး နဲ အကို နှစ်သက်တဲ့ life style လေး ပြောပြပေးပါအုံးနော် ။
ကျနော့အလုပ်အကိုင်ကတော့ ``ONETWOTHREE ´´အရောင်းစင်တာ က ကွန်ပြူတာ စာရေးလေးပါ ။
လခစားပေါ့ နေချင်တဲ့စတိုင်ကတော့...အင်း....တစ်ယောက်ထဲနေ ...ငြိမ်ငြိမ်လေးထိုင် ..
ငိုင်ငိုင်လေးတွေး ပြီး ...လွတ်လွတ် လပ်လပ်နေရတာကို နှစ်သက်ပါတယ် ။
ကဗျာ ဆရာ လို့ မပြော ရဘူး ...ကာရံနဲ နော် ...(ဘယ်သူ့ အကြောင်းတွေးပါလိမ့် နော် ..မေးလို့တော့ပြောမှာမဟုတ်ဘူး )
ကျေးဇူးပါ အကို ။ ထပ် စပ်စု အုံးမယ်နော် ။ မှန်မှန်ကြောရမယ်နော် ...( စကားပလ္လင် ခံပြီး ပြီ )
အချစ်ဆိုတာ ကြီးကို ဘယ်လို မြင်လဲ အကို ..ပြီးတော့ လက်ရှိ ချစ်သူ ရှိ၊ မရှိ သိချင်ပါတယ် ။
အချစ်ဆိုတာကတော့သိသလိုဘဲပြောရရင်....ချစ်ရသူက..ချစ်နေသူကိုဘယ်လို ဘယ်လို ပုံစံမျိုးနဲ ဖြစ်ဖြစ်..
( ဝေးသည်ဖြစ်စေနီးသည်ဖြစ်စေ ပိုင်ဆိုင်ရသည်ဖြစ်စေ စွန့်လွှတ်ရသည်ဖြစ်စေ ..
မြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေ) ချစ်နေလို့ရတဲ့ အရာပဲ ဖြစ်ပါတယ် ။
အရွယ်မရွေး၊ ရုပ်ရည်မရွေး ၊ အလွှာမရွေး၊ ဒေသမရွေး ဘယ်လိုပဲ ဖြစ်နေပါစေ ချစ်ပိုင်ခွင့် ရှိပါတယ် ။
ဒါပေမဲ့ ဘာသာတော့ တူဖို့ လိုအပ်ပါတယ် ။ ။နောက်တခုကတော့အချစ်က ဘာနဲ့တူသလည်းဆိုတော့....
ချဉ်လွန်း...ငံလွန်း ...စပ်လွန်းတဲ့ ရှေက်သီးသုပ်နဲ့တူတယ် မြင်ရရင် စားချင်တယ် ။ စားလိုက်ရင် ..
ချဉ်စပ်ပြီးမျက်ရည်တောင်ဝဲတယ်..နောက်တော့ လည်းထပ်ပြီး ထပ်ပြီးစားချင်လာပြန်တယ်..
ဒါကြောင့်လည်းအသဲကွဲပြီးတဲ့သူ တွေထပ်ထပ်ပြီးအသဲကွဲနေတာထင်တယ်။ကျနော့မှာတော့ကျနော်ကသိပ်ချစ်
ရပြီးကျနော့ကိုမယုံတဲ့ချစ်သူတစ်ယောက်ရှိပါတယ်။
ကျေးဇူးပါ အကို ။ အနာကို ဆွမိသလို ဖြစ်ပြီ ထင်တယ် ။ အကို ချစ်သူလေး ပြန်ချစ်လာပါစေလို့ မှုံ ဆုတောင်းပေးပါတယ် ရှင်..
။ နောက် ..အကို ရဲ့ ၀ါသနာလေးကို သိချင်ပါတယ် ။
ကျနော်ကစာဖတ်တာ.စာရေးတာဝါသနာပါပါတယ် အားလပ်ချိန်တွေမှာတော့ သထုံသားပီပီ လက်ဝှေ့ထိုးပါတယ် ။
( ကလေးတွေနဲ့ )။စာကိုတော့ဟိုး......ငယ်ငယ်မူလတန်းထဲ ကစပြီးဖတ်ခဲ့ပါတယ် ။
ကျနော်စတင်ရေးခဲ့ပြီး ၊ လူတော်တော်များများဖတ်ခဲ့တဲ့ စာတမ်းတွေကတော့
အိမ်ရှေ့မှာကျနော်ရေးခဲ့တဲ့ -ကြွက်ရောင်းရန်ရှိသည်။ ခွေးကိုက်တတ်သည် နှင့်အကြွေးသီးခံပါ
ဆိုတဲ့စာတမ်းတွေပါတော်တော်ဖတ်သွားကြပါတယ်။
တိန် ...အဟုတ်မှတ်လို့ နားထောင်နေတာ ခိခိ ။ လက်ဝှေ့တတ်တယ်လား မိုက်တယ် ၊ မှုံကိုလဲသင်ပေးနော်။
.နေရပ်လိမ်စာမှာ မွန်ပြည်နယ်လို့ တွေ့ပါတယ် ။ အကို တိုင်းရင်းသားထဲက ပဲလား ရှင် ...
ကျနော်ကတိုင်းရင်းသားစစ်စစ်ပါ ။ အဖေကမြန်မာ အမေကစကောကရင်ပါ ။
ကရင်လူမျိုးတို့ရဲ့ဓလေ့စရိုက်ကိုချစ်ခင်မြတ်နိုးသူတစ်ယောက်ပါ။
ဟုတ်ကဲ့ ။ အကို အကြိုက်ဆုံး အစားအစာ နဲ အကြိုက်ဆုံးအရောင်လေး သိချင်ပါတယ် ရှင် ..
အကြိုက်ဆုံးအစားအစာကတော့ အာလူးကြော် (ညနေတိုင်းတခုခုသောက်ရင်း စားဖြစ်တယ်)
တာလပေါ့ (ရိုးရာဟင်း) နဲ့ငပိရည်ပါ ။အရောင်ကတော့ အဖြူ ပြီးတော့ အရောင်တောက်တောက် လေးတွေကြိုက်တယ်။
အကိုက စာရေးတာ ၀ါသနာ ပါပုံပဲနော် ။ ကဗျာတွေရော ၊ ၀တ္တုတိုတွေပါ တွေ့ရတယ် ။ ဘယ်ဟာ ကို
ပိုပြီးအားသန်လဲ ..။ ပြီးတော့ ဘယ်လို ခံစားချက်တွေနဲ ရေးလဲ သိချင်ပါတယ် ရှင်
( ကိုယ်ပိုင်ခံစားချက်ပဲရေးတာလား ။ မြင်လိုက်ရတာ တစ်ခုကို အခြေ ခံပြီးရေးတာလား )
စာရေးရတာဝါသနာပါပေမဲ့ရေးတာကတော့ ပုံစံမကျသေးပါဘူး။ ၀တ္ထုရှည်တွေ
ကိုရေးချင်ပေမည့်ဆိုက်တွေရဲ့စာမျက်နှာအနေအထားအရရေးလို့အဆင်မပြေ
သေးပါဘူး။အပိုင်းခွဲပြီးရေးရင်လည်းဖတ်အားနည်းသွားတာမို့ဝတ္ထုတိုတွေဘဲ
ရေးဖြစ်တာပါ။သီးခြားလိုင်းရယ်လို့မရှိပေမဲ့အချစ်နဲ့ဘ၀သရုပ်ဖေါ်တွေရေးဖြစ်ပါ
တယ်။တကယ်ရေးချင်တာကဟာသပါ။ရေးပြီးပြန်ဖတ်ရင်မရီရလို့မတင်ဖြစ်တာ
တော်တော်များပါတယ်။ကဗျာကတော့အချစ်ကဗျာတွေအရေးများပါတယ်။
ကိုယ့်ခံစားချက်ကောအငှားခံစားချက်တွေပါ ပါပါတယ်။
ဟုတ်ကဲ့ ။ စာရေး ဆရာတွေထဲက သင်ဆရာ ၊မြင်ဆရာပေါ့နော် ။ အရမ်းကြိုက်တဲ့ စာရေးဆရာတွေ ပြော ပြပေးပါအုံး နော် ။
သင်ဆရာမြင်ဆရာတွေကတော်တော်များပါတယ်။စာအုပ်တွေလည်းတော်တော်
ဖတ်ဖြစ်ပါတယ်။နာမည်ကြီးစာရေးဆရာတွေကောမဂ္ဂဇင်းစာရေးဆရာတွေပါအ
ကုန်လုံးဆရာတွေပါဘဲ။ဘာသာပြန်စာအုပ်တွေပါဖတ်ဖြစ်တယ်ဆိုတော့ကမ္ဘာကျော်
စာရေးဆရာကြီးတွေပါ ထည့်ပြောလို့ရပါတယ်.(အထင်ကြီးအောင်ပြောလိုက်တာ
ဖတ်တာကသိုင်းဝတ္ထု ) ကဗျာမှာဆိုရင်တော့ဆရာဇော်ဂျီ။မောင်ပန်းမွှေး။မောင်ချောနွယ်။
တာယာမင်းဝေတို့ကိုလေ့လာဘူးပါတယ်။သိပ်တော့မသိပါဘူး။
အခြေခံအဆင့်ကကွာလို့နဲ့တူပါတယ်။ကျနော်ဒုံးဝေးတာလည်းဖြစ်မယ်။
အကို့ ကဗျာတွေရော ..၀တ္တုတိုတွေ ရော ကောင်းပါတယ် ဒုံးမဝေးပါဘူး ။
အကို ရဲ့ ဘ၀ ခံယူချက်လေးနဲ ။ အားလပ်ချိန်တွေကို ဘယ်လို အသုံး ပြု လဲ ဆိုတာလေး ပြော ပြပေးပါအုံးနော်
ကျနော့ဘ၀ရဲ့ခံယူချက်ကတော့( ဘာကိုမှမပိုင်ဆိုင်ရရင်ဘာမှပူပင်စရာ
မရှိတော့ဘူး )တဲ့ အလုပ်တွေဒလစပ်လုပ်မှ လူတန်းစေ့နေရတဲ့ဘ၀မှာ
အားလပ်ချိန်ဆိုတာစကားလုံးတခုအဖြစ်သာသိတာပါ။
အကို့ ခံယူချက်လေး ကောင်းပါတယ် ။ တကယ်တော့ ဘ၀ မှာ ကိုယ်ပိုင်တာ ဘာမှ မရှိပါဘူး။
ပိုင်တယ်လို မှတ်ယူထားမိရင် အမှားကြီးပေါ့ ။
နောက်..အကိုရဲ့ ဘာသာရေး အမြင်လေးနဲ ဘာသာရေး ခံယူချက်လေး သိချင်ပါတယ် ။
ဘာသာရေးနဲ့ပါတ်သက်လို့ကတော့သိပ်ကြီးကြီးကျယ်ကျယ် မပြောတတ်
ပေမဲ့သံသရာကလွတ်မြောက်ချင်ရင်ကိုယ်ကိုယ်တိုင်လုပ်မှရမယ်ဆိုတဲ့
့ဗုဒ္ဓရဲ့သြ၀ါဒကိုယုံကြည် လက်ခံပြီးဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာယုံကြည်ပါမည်လို့ ဂတိပြုထားပါတယ်။
ဟုတ်ကဲ့ ။ ကိုယ်ရေးကိုယ်တာက အတော်လေးတော့ စုံသလောက် ဖြစ်ပါပြီ ။ ဆိုဒ်နဲ ပါတ်သက်လို့ နည်းနည်း
မေးချင်ပါသေးတယ် ။ ရွှေမြို့တော်ကို ဘယ်လို ရောက်လာတာလဲ ဆိုတာလေး သိချင်ပါတယ် ရှင် ..
ကျနော်ဒီဆိုက်ထဲကိုဖေဖေါ်ဝါရီလလောက်က ထိုင်းကသူငယ်ချင်းတစ်ယောက်
ပြပေးလို့ဝင်လိုက်တာလေ။စာတွေရေးချင်တာကော မြန်မာတွေနဲ့တွေ့ဆုံချင်
တာကော ပါပါတယ်။ပျော်လည်းပျော်ခဲ့ပါတယ်။
ဟုတ် ။ ရွှေမြို့တော်က စာရေးဘက် ၊ စာရေးဖော် ထဲက အကို ကြိုက်တဲ့ လူ တွေ ရှိရင်ပြောပြပေးပါအုံး ရှင် ...
ရှိတာမှအများကြီးဘဲဘလော့တွေထဲမှာဆို သူရသ၀ါ ကိုကွန်ဆူးမား ကိုပေါက်
ကိုစံလင်း ကိုမောင်မြင့် အလင်းရောင်လေး တို့ကမြင်ဆရာတွေပါသူငယ်ချင်း
တွေထဲက ရဲရင့်ရထာ ချစ်ဦးမောင်နှင့်အမရာ တို့လည်းကောင်းတယ်။ကဗျာက
တော့ခေတ်သစ်မင်းနန္ဒာ စာဂဘ၀င် တက္ကယိုလ်မြတ်မင်း ရင်ခုန်ရသူ လွမ်းသစ္စာ
မြှားနတ်မောင် သရဲဖြူ..ကောင်းထက် အင်းအများကြီးဘဲ လူသစ်လေးတွေရေး
တာတွေဖတ်ပြီးကဗျာတောင်တော်တန်ရုံမတင်ရဲတော့ဘူး။ ပြောရရင်မြို့တော်
ကကဗျာရှင်ကောင်းတို့ရဲ့စုဝေးရာတစ်ခုလိုဘဲ။ကျနော်ကတော့ဖတ်ရတာတော်တော်ပျော်ပါတယ်။
ဟုတ်ပါ့ အကိုရေ ..လူသစ်တွေ အရမ်းတော်တယ် ။ မှုံ တို့လူဟောင်းကြီးတွေ ငေးယူရတယ် နော် ။
။ နောက်ဆုံး အနေနဲ ။ ရွှေမြို့တော် ဆိုဒ် အပေါ် အမြင်လေးနဲ အကြံပေးချင်တာ ရှိ ရင် ပွင့်ပွင့်လင်းလင်း ပြော ပြပေးစေ ချင်ပါတယ် ။
မြို့တော်ဆိုက်လေးကအောင်မြင်နေတော့သိပ်ပြောစရာမရှိပါဘူး။အခုလိုဘဲအက်မင်
တွေကလည်းညီညွတ်ပြီးမန်ဘာတွေကလည်း စည်းကမ်းဆက်ရှိနေမယ်ဆိုရင်ပိုပြီး
အောင်မြင်လာမှာပါ။ဒါပေမည်.စာဖတ်အားကတစ်ရာခိုင်နှုန်းတောင်မရှိသေးတာကို
တော့သတိထားပြုပြင်သွားဖို့လိုတယ်လို့ပြောချင်ပါတယ်။
ဟုတ်ကဲ့ ..ဝေဖန်ပေးလို့ ကျေးဇူးပါ ရှင် ..
စာဖတ်အား နည်းနည်း လာတာ သတိ ပြုမိပါတယ် ။ မန်ဘာတွေ အားလုံး ကို စာဖတ်အားလေးတက်စေ ချင်ကြောင်းဒီကနေ တောင်းဆို ချင်ပါတယ် ရှင်။
ဒီအစီအစဉ်လေး ပြီးမြှောက်အောင် ကူညီပေးသော ကို တတိုင်းမွှေးကို အထူးကျေးဇူးတင်ပါတယ် ။
အင်တာဗျူးအစီအစဉ်လေးကို ဒီတင်ပဲ ရပ်နားခွင့် ပြုပါရှင်..
စောင့်မျှော်အားပေးကြသော ရွေမြီု့တော်၊ ရွှေမြို့တော်သား အားလုံး ကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်။
နောင်အပါတ်အတွက် ဘယ်သူများဖြစ်အုံးမလဲ လို့ စောင့်မျှော်အားပေးရန်လဲ တောင်းဆိုချင် ပါတယ်။
ကိုယ် သိချင်သော မန်ဘာများရဲ့ နာမည် ကိုလဲ ရေးသားတောင်ဆိုနိုင်ပါတယ် ။
ခင်မင်လေးစားလျှက် ..
ဆန္ဒမွန်ဖြင့် ...