ဆိုင်ကယ်မောင်းလာရင်း….ခေါင်းထဲက …..ရိပ်ခနဲရိပ်ခနဲ ….မူးလာပါတယ်။ …..ခံနိုင်ရည် မရှိတော့ ဘူးလို့ …သိလိုက် ချိန်မှာ …ရှိသမျှ အာရုံ ကို …….စုစည်းပြီး …ဘရိပ်ကို နင်း၊…ခြေထောက် ..ထောက် မိလိုက်ပြီး..ချိန်မှာ …..လောကကြီး ကို ….ခတ္တ….မေ့ သွားပါတော့တယ်။
“မမ…မမ” …ခေါ်သံ သဲ့သဲ့ ..ကြောင့် ….ခန္တာ နဲ့ …အသိ ..ပြန် တွဲ မိသွားပြီး……..မျက် လုံးကို ..ဖွင့်ကြည့် မိ လိုက်ပါတယ်။ ..ညစ် ပါတ်ပေရေ နေတဲ့ …မျက်နာလေးနဲ့ …၁၂ နှစ် အရွယ် …ကောင်လေး တစ်ယောက်၊
ကိုယ့် ကို ကိုယ့် ..မဟန် နိုင်သေးတာ မို့ လို့…“မောင်လေး …အမကို …နံ့သာဖြူ ..စတိုးကို ..ပို. ပေးပါနော် ” စကားအဆုံးမှာ……လောကကြီး နဲ့ …အဆက် အသွယ် ပြတ်တောက် သွားပြန်ပါသည် ။
မှုံက …..ငယ်ငယ် ကတည်းက ….နှ လုံးရော ဂါ ရှိသူပါ။ ခဏခဏ မူး လဲ တတ်လို့ …တယောက် ထဲ ..ဘယ်မှ မသွာရပါဘူး။ ……ဒီတခါတော့ …..မေမေ့ ကို …ဘုန်းကြီးကျောင်း လိုက် ပို့ ပြီး အပြန်၊ ..လူရှင်းတဲ့ …နေရာ တစ်ခု မှာ …..မူး လဲ ခဲ့ပါတယ်။ ကျမ ကို …ကယ် ခဲ့တဲ့ သူကတော့ …..မြို့ရဲ့ ….လူပေလူတေ စာရင်းဝင်…လမ်းဘေးက ကောင်လေးတစ်ယောက်ပါ။ သူရဲ့ ….လူသားဆန်ဆန် ကူညီတတ် တဲ့ …စိတ်ဓါတ်လေးကြောင့်…မှုံ . ဘ၀လေး …ဘေးမသီရန်မခ ခဲ့ပါဘူး။ ကျေးဇူး ကမ္ဘာ ပါမောင်လေး ရယ်။
မောင်လေး ရဲ့ …ဖြူစင် တဲ့ စိတ်ဓါတ်လေးကို ….တသက်လုံး …အမှတ်ရနေမှာပါ။
မောင်လေးဟာ ……လမ်းဘေးမှာကြီးရသူမို့ …..ကြမ်းတမ်း တဲ့ ..စရိုက်တွေ ရှိပုံရပါတယ်။ မှုန် ကုတ်ကုတ် ..မျက်နှာလေးနဲ့ ……လောကကြီး ကို ..စိတ်နာနေတဲ့ ပုံမျိုးလေးပါ။ ထမင်းတစ်နပ် အတွက် …..ကြုံ ရာ အလုပ်ကို …..အကောင်းအဆိုး မခွဲ ခြား ပဲ..လုပ် နေရ တဲ့ ….လူသားလေး တစ်ယောက်ပါ။ ကံအကျိုးပေး …နည်း လွန်း တဲ့ …ကောင်လေးရယ် အမေတခုသားတခု ဘ၀ နဲ့ လောကဓံ ကို ..စိန်ခေါ်နေသူလေးလဲဖြစ်ပါတယ်။လူဆိုးလေးရဲ့……အမှတ် မထင် ပေါ်ထွက် လာ တဲ့ …စိတ်ဓါတ်ဖြူဖြူ လေးကို ….အရည်အသွေး တောက်ပြောင်လာအောင်…လက် ကမ်း..ကြိုဆို သင့်ပါတယ် ။ မြေနိမ့် ရာ လှံ စိုက် တတ်တဲ့ …….လူ. သဘာဝ အရ …..ပွင့် လန်းသင့် တဲ့ ..ပန်းကလေးတွေ..ပိုးကိုက် ခံရတာ..သဘော တရား တခုလို …..ဖြစ်နေတတ်ပါပြီ။
မှုံက …..ကျေးဇူး ဆပ် တဲ့ အနေ နဲ့ …မောင်လေး ကို …အိမ် မှာ ..အလုပ် ခန့် ဖို့ …မေမေ နဲ့ …ကိုကို ..ပြောတော့…..သဘော တူပေး ခဲ့ပါတယ်။ မှုံ ….၀မ်းသာ လိုက်တာ ။ မောင်လေး ရဲ့ …ဘ၀လေးကို …….လက် ကမ်းကြိုခွင့် ရခဲ့ပါပြီ။ ပျက် အစဉ် ….ပြင်ခဏပါမောင်လေးရယ်၊ မောင်လေး ရဲ့ ..အတွင်းစိတ်က ဖြူ ပြီးသားပါ။ မကြာခင်မှာ ပဲ …မောင်လေးဟာ ..လူတော် လူကောင်းလေး တစ်ယောက် ဖြစ်လာမှာ …အလွဲဧကန်ပါ။
ရက်တွေ ၊ လတွေ ကုန် ဆုံး သွား ခဲ့ပါပြီ။ မောင်လေး လဲ ……အလုပ် အတည် တကျလေး နဲ့ ရည်မွန် တဲ့ ….ကောင်လေး တစ်ယောက် ဖြစ် လာ ခဲ့ပါတယ်။ မှုန် နေတတ် တဲ့ …မျက်နှာလေး ထက်မှာ …..လင်းလက် တဲ့ ..အပြုံး ပွင့်လေးတွေ ….ဝေလာခဲ့ပါပြီ။ မှုံ ကတော့ …မောင်လေး အတွက် …ပီတိတွေ ဖြစ်လို့ပေါ့။ အလိမ္မာ ..စာမှာ ရှိ ဆိုရိုး အတိုင်း ….အတန်းပညာ မတတ်…တဲ့မောင်လေးအတွက် …..တန်ဖိုးရှိတဲ့ ..စာပေ တွေ …မှုံက ..အမြဲ လက်ဆောင်ပေးတတ်ပါတယ်။ လန်းဆန်းလာ တဲ့ ..ပန်းလေး ..အတွက် …..မှုံက …ဥယျာဉ် မှူးလေးပေါ့ရှင်။
ဥယျာဉ် မှူး ဆိုတာ ပန်းပွင့်လေးတွေ…..ပိုးမကိုက်အောင်၊ ပန်းပင်လေး ထာဝစဉ်ရှင်သန်အောင် …စောင့်ရှောက်ရမှာပါ။ မှုံ တာဝန်မကျေ ခဲ့ဘူး ထင်ပါတယ်။
မောင်လေး …အလုပ် မဆင်းတာ နှစ်ရက်ရှိပြီ။ သတင်းလဲ …မကြားရတာမို့ …..စိတ်ပူမိပါတယ်။
မုန်းတိုင်းထန်တဲ့နေ့တနေ့ …….မှာတော့ “ မှုံ …..ငါ့ အံဆွဲ ထဲက …ပိုက် ဆံ ငါးသိန်း ပျောက်နေတယ် နင်ယူသုံးမိလားတဲ့ ” ကိုကိုကမေးတော့ “ မသုံးမိဘူး ကိုကို နေရာအထားမှားတာလား သေချာရှာကြည့်ပါအုံး”ဟု ပြန်ဖြေ လိုက်ပါတယ် ။ ကိုကိုက ……“ ပိုက် ဆံ လိုနေတာ သုံးလေးရက်ရှိပြီ …စာရင်းသေချာမစစ်ရသေးလို မမေးတာ ၊ သေချာတယ် ပျောက်နေတာ ” တဲ့…..ကိုကို မျက်နှာ ပေါ်က …အ၇ိပ်တွေကို ……မှုံ ဖတ်ကြည့်ရင်း …တခုခု လို့ နားလည်နေသလိုပါပဲ။ ဘုရားဘုရား မဟုတ်ပါစေ နဲ့ လိုသာ ….စိတ်ထဲက …ဆုတောင်းနေမိပါတော့ သည်။ သွေး ခုန်နှုန်းတွေမြန်လာပြီး …….ရင်ထဲမော ဟိုက်လာပါတယ်။ မဖြစ်နိုင်ဘူး၊ ငါ့ မောင်လေးက လိမ္မာနေပြီ။ ဟုသာ…စိတ်ကို ဇွတ်ဖြေနေမိပါသည်။
နောင်တနေ့ မှာတော့…….မောင်လေးကို ရဲတွေ ဖမ်းခေါ်လာပါတယ်။ ကျမ ..မယုံနိုင်အောင်ကြည့်နေတုန်းမှာ ပဲ …….မောင်လေးက “ မမ ..ကျနော်ကို ကယ်ပါအုံး၊…ကျနော် ..ထောင်ကျမှာ ကြောက်တယ်၊ အဲ့ဒီ ပိုက်ဆံတွေ ကျနော် ပြန်ဆပ် ပါ့ မယ် …နော် …မမ …ပြောပေးပါနော် ….ကျနော် ထောင်ထဲ မသွားချင်ဘူး ” မောင်လေး ရဲ့ …ငိုကြွေး မြည်တမ်း သံကြီးက ………ကျမနား ထဲ …ပူလောင်လွန်း လှပါတယ်။ ကျမ ဘာ လုပ်ပေးရရင်ကောင်းမ လဲ …မောင်လေး ရေ …အမ ….ကူ ညီနိုင်ပါ့မလား။ မောင်လေးရဲ့ သွေးပျက် ဖွယ် မြင် ကွင်းကို ကြည့်နေရင်း ..အမြင်အာရုံတွေေ၀၀ါးလာပြီး၊ ဘာမှ မရှိသော နေရာ တစ်ခုကို ရောက်ရှိသွားပါတော့ တယ်။
ကျမ မှာ …ဆုပ် လဲဆူး ၊ စား လဲရူး ဆိုသလိုပါပဲ၊ ကျူးလွန် သူတို့ ထုံးစံ အတိုင်း…ပြစ်ဒါဏ် ကျခံရမည်မို့ …..ဘာတတ်နိုင် အုံးမှာလဲ မောင်လေးရယ်။ ကျမ ရင် ထဲက …ယုံကြည်ထားတာ တစ်ခု ကတော့ ကျမအသက်၇ှိနေသေးသ၍ …မောင်လေး လူကောင်းတစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ဟုသာ ….။
မောင်လေး ….ထောင်ဒါဏ်နှစ်နှစ်..ကျ ခံခဲ့ရပါတယ်။
နောင် တစ်နှစ် အကြာမှာ…..
မောင်လေးရှိက စာတစ်စောင်ရောက် လာပါတယ်။
မမ
မောင်လေးကြောင့် မမ မျက်နှာ ငယ်ရပြီနော်။ မောင်လေးကို ခွင့် လွတ်ပါလို မတောင်းဆိုရဲပါဘူး။ မောင်လေး မှား ခဲ့တာအတွက် ..တနေ့ ပြန်ပေးဆပ်မှာပါ။ သူများတွေ အထင်သေးတာကို …ကျနော် ခံနိုင်တယ် ။ မမအထင်သေးတာကို …ကျနော် မခံနိုင်ပါဘူး။ မမ ပို့ပေး တဲ့ စာ အုပ်တွေ ကြောင့်..အသိဥာဏ်တွေ ..အများကြီး တိုးတက် ခဲ့ပါတယ်။ မမပြောဘူးတယ်နော် မိဘကျေးဇူး ဆိုတာ အလွန်ကြီးမား တဲ့ အကြောင်း ကျနော် …စွဲနေအောင်မှတ်ထားပါတယ်။ တနေ့တော့ ကျနော်အမေ နေမကောင်းဖြစ်တယ်။ ဆေးထိုး လဲ မသက်သာဘူး။ အမေ့ ရဲ့ ..လူလှိမ့်နေတဲ့ …ဝေဒနာကို …ကျနော် မကြည့်ရက်ဘူးမမရယ်။ ဆေးအကောင်းစား ထိုးပေးရင်နေသာတယ်။ ဈေးကြီးတဲ့ဆေးတွေ နေ့ တိုင်း ထိုးရတယ်။ အမေ သက်သာ နေတာတွေ့ရင် …..ကျနော် ပျော် တယ်။ မမအကို ပိုက် ဆံ ငါးသိန်းနဲ့ ……အမေ ဝေဒနာကို …..လဲလှယ်ယူခဲ့တယ်။ မမ ..ကျနော် မှားလားမှန်လား ..ပြောပြပေးပါလား။ ခု …ထောင်ကျရတာ ကျနော် မကြောက်တော့ပါဘူး။ တန်ရာတန်ကြေး ပြန်ပေးဆပ်ရတာကိုး။ အမေ လဲဆုံးသွားပါပြီ။ သူ့ သက်တောင့် သက်သာ ….သွားရတာမို့ ….ကျနော်ပေးဆပ်ရတာ တန်တယ် လို့ ထင်မိပါတယ်။ မမ နားလည်နိုင်ပါစေ။ ပညာ ဥာဏ် နည်းပါး ၊ ကုသိုလ်ကံ နည်းပါး ခဲ့တဲ့ …..ကျနော် ဘ၀ အတွက် အကောင်းဆုံး တခု ကျနော် ဆုံးဖြတ်ထားပါတယ်။
မမ လဲ …..သဘော တူမယ် လို့ ထင်ပါတယ်။ ကျနော်ပြန်အလာကို ..စောင့်နေပါ။ မမရဲ့ ….ပန်းပွင့်လေး …ထာဝရ ….လန်းဆန်းတော့မှာပါ ။
နောင်ဘ၀ မောင်နှမ အရင်းဖြစ်ရပါစေ …ဆုတောင်းလျှက်..
မောင်လေး။
နောင် …တစ်နှစ်အကြာမှာတော့ ……
မောင်လေး တစ်ယောက် …..ပြန်လာ ခဲ့ပါတယ်။ ကံအကျိုးပေး နည်း ခဲ့ရ တဲ့ ဘ၀ ..အတွက်…..
တသက်တာ …ရဟန်းပြု ဖို့ …ဆုံးဖြတ် ခဲ့ပါတယ် ။
ရဟန်း ..ပြု ပွဲ ကြီ ကို …မှုံက ဦးဆောင် လှူတန်းခဲ့ပါတယ်။ ရဟန်း အမ့ မျက်နှာ မှာ …ပီတိမျက်ရည်တွေ ဝေ့ နေသလို……..ရဟန်းလောင်းလေး မျက်နှာမှာတော့ တည်ငြိမ် အေးချမ်းမူတွေပြည့်လို့နေပါတယ်။
ကျမရဲ့ …..ရည်မှန်းချက်တွေ ပြည့်ဝ ခဲ့ပါပြီ။ ကျမ စိုက်ပျိုး ခဲ့တဲ့ ပန်းပွင့်လေးဟာ …အဖိုးတန် ပန်းလေး တစ်ပွင့်ပါ……..
လူလောက မှာ …အမှား ကင်းသူ ရယ်လို့ မရှိတာမို့…“ ပျက်အစဉ်ပြင်ခဏ” ဆောင် ပုဒ်လေးကို ..လက် ကိုင်ထားနိုင်ကြပါစေ…..
ဆန္ဒမွန်ဖြင့်....
မှုံနံ.သာဖြူ......