Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘဝအမြင်(ပြိုင်ပွဲဝင်)

$
0
0

ဘဝအမြင်..

မသိရင်တော့ဘဝက ရိုးရိုးလေးပါ မိခင်ဝမ်းတွင်းကထွပ်လာပြီဆိုကတည်းက

ကလေးတိုင်းမိခင်နို့ချိုသောက်ဝမ်းတွင်းဆာလောင်မှုကိုဖြည့်စည်းကာအသက်ဆက်လာတယ်..

နောက်အရွယ်ရလာတော့ ဖခင်ရဲ့ရှာဖွေကြွေးမွေးမှုများနှင့် ဘဝကိုအရှေ့ဆက်တယ်..

အသက်အရွယ်ကြီးလာတော့ ကိုကိုယ်တိုင် ဝမ်းစာအရေးတွက်ရှာဖွေစားသောက်ရပြန်တယ်..

ဒီကြားထဲ ရယ်ရတာတွေရှိမယ် ငိုရတာတွေရှိမယ် ပျော်စရာတွေရှိမယ် စိတ်ညစ်စရာတွေရှိမယ်...

နောက်တော့ ဒီလိုစာဝတ်နေရေးအတွတ် ရှာဖွေနေရင်းသေကျရတယ်..

ကဲဒီမှာတင်ဘဝတစ်ခု ပြီးဆုံးသွားပြန်တယ်...

ကဲဒီအတိုင်းပဲ လူတိုင်းဘဝဆိုတာ ဒီလိုပဲ လား..

ဒီလိုပဲအဆုံးသက်ကျရတာလား..ဟုတ်ပါတယ်..ဘဝဆိုတာသေဆုံးချင်းနဲ့

လူတိုင်းအဆုံးသက်ကျရတာပါပဲ..ဒါပေမယ့် လူတစ်ယောက်မသေခင်သူတို့ဘဝတွေကို

အမျိုးမျိုးပုံဖော် ရေးသားခဲ့ကျတယ်..

စာအုပ်တစ်အုပ် ထူသည်ဖြစ်စေ ပါးသည်ဖြစ်စေ စာအုပ်အထူအပါး

ကိုကြည့်ပြီး တန်ဖိုးဖြတ်လို့ မရဘူး..

အဓိက စာအုပ်အတွင်းထဲက စာသားတွေရဲ့ လေးနက်တဲ့အတွေး လေးနက်တဲ့အရေး

ပညာပါတဲ့ စာသားတွေကို ကြည့်ပြီးတော့ စာအုပ်တစ်အုပ်တန်ဖိုးကိုဆုံးဖြတ်ကျရတယ်..

လူတစ်ယောက် အရမ်းချမ်းသာတယ် ဒါပေမယ့် သူလုပ်ကိုင်နေတာက တန်ဖိုးမဲ့

လုပ်ရက် တွေပိုက်ဆံချမ်းသာသော်လည်းအတွေးအခေါ်ယုက်ညံ့တဲ့အတွေးတွေနဲ့

ဘဝကိုရှေ့ဆက်နေတယ်..

သူ့ဘဝပြီးဆုံးသွားတော့ ကျန်ခဲ့တဲ့ သူ့ဘဝဇာတ်ကြောင်းစာအုပ်လေးက

ထမင်းဟင်းချက်ဖို့ မီးရှို့ခံရတဲ့ စာရွက်အလားပင် ခဏတာမီးလောင်ကာနောက်ဆုံး

ဆက်လက်သုံးလို့မရတဲ့ ပြာပုံသဖွယ်ကျန်ခဲ့ရတာပါပဲ...

လူတစ်ယောက်ဆင်းရဲတယ် ဒါပေမယ့် သူလုပ်ကိုင်နေတဲ့ အလုပ်

သူ့ရဲ့အတွေးအခေါ် စမ်းသစ်မှုတည်ထွင်မှုတွေ နောက်ဆုံး သူတည်ထွင်မှုတွေများစွာရတယ်

သူ့အသက်ဆုံးရှုံးသွားတယ်...

ဒီလူတစ်ယောက်ဟာတန်ဖိုးမဖြတ်နိုင်တဲ့ သူ့ဘဝစာအုပ်တစ်အုပ်ကို

သူကိုတိုင်ရေးသားခဲ့တာပဲ ခဏတာပဲအသက်ရှင်ရင်ရှင်ရပါစေ..

ဒီခဏတာအတွင်းမှာ သူ့လုပ်ရက်က ဆန်းပြားတည်ထွင်နိုင်မှုတွေလုပ်နိုင်ခဲ့တယ်

ဒါမှမဟုတ် လူသားအကျိုးပြု လုပ်ရက်တစ်ခု လုပ်နိုင်ခဲ့တယ်..

ဒီလိုလုပ်ရက်တွေဟာ ပုထုဇဉ် လူသားတစ်ယောက်အနေနဲ့

ကြည့်ရင်စာရွက်အရေအတွတ်ပါးပေမယ့်

စာရွက်ပေါ်မှာရေးသားတဲ့သူ့ဘဝက တန်ဖိုးရှိနေတယ်..

ကျနော်တို့  ကိုးကွယ်ဆည်းကပ် ယုံကြည်ကိုးကွယ်ပါသော မြတ်စွာဘုရားရှင်

ကိုယ်တော်မြတ်၏ သာသနာအရပြောရမယ်ဆိုရင်တော့

လူသားတစ်ယောက်အသက် တစ်ရာကျော် အသက်ရှည်ရှည်နေရသော်လည်း

ဘုရားအသိတရားအသိတစ်လုံးမှမရှိပဲ နေရရင် ထိုလူသားတစ်ယောက်ရဲ့  ဘဝဟာ

ဗလာစာရွက်အလွတ် တစ်ခုလိုပါပဲ..

အသက် တိုတိုနေခဲ့ရပေမယ့် ဘုရားအသိတရားအသိခဏတာသိခွင့်ရ

ပြီးနေခဲ့ရတယ်ဆိုရင်ပဲ ထိုလူသားတစ်ယောက်ရဲ့ ဘဝဟာ

စာအုပ်ပါးပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲ..

သူငယ်ချင်းကော သင့်ဘဝစာရွက်ပေါ်မှာ

တန်ဖိုးရှိတဲ့စာလုံးတွေ  ရေးကာ ဗလာစာရွက်အဖြူလေးတွေကို

အရောင်တင်ပါ..

တန်ဖိုးမဲ့စာလုံးတွေကိုသင့်ဘဝ ဗလာစာရွက်အဖြါ်လေးတွေအပေါ်မှာ

အညစ်ညမ်းခံကာမရေးသားမိပါစေနဲ့....သင့်ဘဝဟာနောက်ဆုံးသေဆုံးသွားရပေမယ့်

တန်ဖိုးရှိတဲ့စာအုပ်လေးတစ်အုပ်လို..သိမ်းဆည်းခံစေချင်လား...

ထမင်းဟင်းချက်ဖို့...မီးရှို့ခံရပြီးပြာပုံအဖြစ်ကိုရောက်သွားချင်လား..

ကိုယ်ကိုတိုင်  စဉ်းစားဆုံးဖြတ်ကာ..ကိုယ့်ဘဝကိုတန်ဖိုးရှိသောစာအုပ်တစ်အုပ်ဖြစ်အောင်ရေးသားကျပါတော့..။

(ချစ်ဦးမောင်)**##ခံစားရေးသားသည်..။

တစ်နာရီအတွင်းတွေးတဲ့ကျနော့်အတွေး..သူငယ်ချင်း

ဘဝအတွတ် ..တစ်ခဏနလောက်..တွေးတော့

ဆင်ချင်မိမယ်ဆိုရင်ပဲကျေနပ်ပါပြီ..

ည 10:10ကတွေးတော့ကာ...11:10မှာ ဆောင်းပါးပြီးဆုံးသည်..။

ကျေးဇူးတင်ပါသည်..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>