မင်္ဂလာပါ အပေါင်းနဲ့  ပြည့်စုံကြပါစေလို့  ရွှေမြို့ တော်က ချစ် မောင်လေး ညီမလေးများ အကိုအမ များအားလုံးကို ခရေ ကနေ နှုတ်ခွန်းဆက်ပါတယ်နော်.
အေးမြလှတယ့် ဆောင်းရာသီမှာ မြူခိုးတွေ နဲ့ အတူ အလွမ်းတွေဝေနေကြတယ့် အဝေးရောက်သူငယ်ချင်း များ အဖွဲ့ လေးဟာလည်း မိသားစုကိုလွမ်း လို့ ပြန်တယ့် သူတွေလဲ ပြန်ကုန်ကြပါပြီ။ တချို့ ကတော့ ပြန်ဖို့ ကို စောင့်နေကြပါတယ်။
တချို့ ကတော့ မင်္ဂလာဆောင်လို့  ဘဝခရီးကို လျှောက်လှမ်းကုန်ကြပါပြီ။ အဝေးရောက် အဖွဲ့ က မင်္ဂလာ မောင်မယ် များကိုလဲ ခရေက ဆုမွန်ထပ်မံ တောင်းပေးခဲ့ ပါတယ်နော်..
ဒါပေမယ့် ရွှေမြို့ တော်က နေပြီး ပေါက်ဖွား ဖြစ်တည်လာခဲ့ တယ့် အဝေးရောက် သူငယ်ချင်း များ အဖွဲ့ လေးဟာ ဆက်လက်ပျော်ရွှင်စွာနဲ့ လျှောက်လှမ်းနေပါတယ်…
ခရေတို့  အဝေးရောက် အဖွဲ့ လေးရယ့်  တစ်လ တစ်ခါတွေ့ ဆုံပွဲလေးကတော့ ရောက်ရှိလို့ လာပြန်ပါပြိ…
ဒီဇင်ဘာလ အတွက် အဝေးရောက် သူငယ်ချင်းများ အဖွဲ့ ရဲ့ တွေ့ ဆုံပွဲကို မလေးရှားနိုင်ငံမှာ ပြုလုပ်မှာဖြစ်ပါတယ်…
အခြေအနေပေးရင် တကြိမ်ကြိမ်တော့ မြန်မာ ပြည်မှာတွေ့ ဆုံကြမယ်လို့  စီစဉ်ထားပါတယ့် ရှင့်..
ယခုအကြိမ် တွေ့ ဆုံပွဲ ကိုလဲ မလေးရှားရောက် မြန်မာ အဖွဲ့ ဝင် ဟောင်း တွေ နဲ့ အဖွဲ့ ဝင်သစ်တွေ အပြင် မြန်မာ ပြည်မှာ ရှိနေတယ့် အဝေးရောက် အဖွဲ့ ဝင်တွေကလဲ အွန်လိုင်းကနေ ဗီဒီယို ချက်က နေ တွေ့ ဆုံခွင့် ရအောင်စီစဉ်ထားပါတယ်….
ပြီးခဲ့တယ့် အခေါက်တုန်းကတော့ ရှိုးပွဲကြောင့် နေရာ အပြောင်းအလဲ ဖြစ်ခဲ့တယ့် အတွက် အဝေးရောက် သူငယ်ချင်းတွေ အချိန် နေရာတွေ လွဲချော်စေခဲ့ပါတယ်.. .. ဒီအခေါက်တော့ မလွဲချောလောက်ပါဘူး ထင်ပါတယ်…
ပြီးခဲ့တယ့် အခေါက် က အကြောင်းအမျိုးမျိုး မရောက်ရှိခဲ့တယ့် .. ကို ဇေကိုကို . ကိုကျော်လေး. . အချိန်နေရာ လွဲချောခဲ့တယ့် ကိုတိုက်ကြက်ဖ. အလုပ်ကြောင့် မအားလို့  မလာဖြစ်ခဲ့ကြတယ့် တွယ်ရာမဲ့  နဲ့ အတူ.. သူငယ်ချင်းတွေ အားလုံးကိုလဲ ထပ်မံဖိတ်ပါတယ်..
ရွှေမြို့ တော်ထဲက သူငယ်ချင်း တွေလဲ အဝေးရောက်အဖွဲ့  ကို ဝင်ချင်တယ် ဆိုရင် ဝမ်းမြောက်စွာ ဖိတ်ခေါ်ပါတယ်။။
ခရေတို့  ရဲ့  အဝေးရောက် သူငယ်ချင်းများ တွေ့ ဆုံပွဲ အစီ အစဉ်ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်..
နေ့ ရက် … ဒီဇင်ဘာလ ( ၉ ) ရက်နေ့  ၂၀၁၂ ခုနှစ်
( တနင်္ဂနွေနေ့ )
နေရာ…. မဟာနန်း စားသောက်ဆိုင်. ( ကေအယ်)
မလေးရှားနိုင်ငံ
အချိန်… နေ့ လည် ၁၂ နာရီ တိတိ…
နိုဝင်ဘာလ တွေ့ ဆုံပွဲ မှ ပုံများအား အမှတ်တရ ပြန်လည် တင်ပြပေးခဲ့ပါတယ်..
ခရေတို့ အဝေးရောက် သူငယ်ချင်း ဘလော့လေးကို လဲ လာလည်ဖို့  ဖိတ်ခေါ်ပါတယ်နော်..
http://www.awayfriend.blogspot.com/
ခရေ
( ကြိုးစားပါအုံးမည်)
ကိုယ်ပိုင်ရေးဘလော့...