အိန္ဒိယနိုင်ငံမှ (၁၂) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဖခင်ဖြစ်သူအတွက် လို အပ်သော မျက်စိနှင့် အစ်ကို ဖြစ်သူအတွက် ကျောက်ကပ် အစားထိုးကုသမှုပြုလုပ်နိုင်ရန် မိမိ ကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့သည်။ မျက်စိနှင့် ကျောက်ကပ်ကို ထုတ်ယူရန်အတွက် မိမိကိုယ်ကို သတ်သေခဲ့သော်လည်း နောက်ဆုံးတွင် အချည်း နှီး အလဟသ ဖြစ်ခဲ့ရသည်။
မန်ပီအမည်ရှိ အဆိုပါမိန်းကလေးသည် ဖခင်နှင့် အစ်ကိုဖြစ်သူ စိတ်သောက မရောက် စေရန်အတွက် မိမိကိုယ်ကို သတ်သေပြီး ကိုယ် အင်္ဂါအစိတ်အပိုင်းကို အစားထိုးကုသရန် ကြံစည် ခဲ့သည်။ ယင်းသို့ ကြံစည်ခဲ့သည့်အလျောက် Thiodan ခေါ် အင်းဆက်ပိုးသတ်သည့် ဓါတုဆေး များ သောက်ခဲ့သည်။ ပိုးသတ်ဆေးသောက်ပြီး နောက် ဖခင်ဖြစ်သူအား အိမ်မက်မက်သည့် အကြောင်းကို ပြောပြလိုက်သည်။ အိမ်မက်ထဲ တွင် သူမကို တစ်စုံတစ်ယောက်က အဆိပ်ခတ်ခဲ့ ကြောင်း ထည့်သွင်းပြောဆိုလိုက်သည်။ ဖခင် ဖြစ်သူသည် ချက်ချင်းပင် သမီးဖြစ်သူအား ဆရာ ၀န်ထံသို့ ခေါ်ဆောင်သွားပြီး ကုသမှုခံယူခဲ့သော် လည်း သေဆုံးသွားခဲ့သည်။
သူမသည် မသေဆုံးမီ သူမ၏ အကြံ အစည်ကို ဖော်ပြသည့် စာတိုတစ်စောင်ကို ရေးသားခဲ့သော်လည်း အဆိုပါ စာကို သူမ၏ အလောင်းအား မီးသဂြိုလ်ပြီးမှ တွေ့ရှိခဲ့ရာ အဆို ပါ အဖြစ်အပျက်ကို ကြားသိရသည့် မိခင်အနေ ဖြင့် တုန်လှုပ်ချောက်ခြားခဲ့ရသည်။
မန်ပီသည် မသေခင်အချိန်တွင် ညီမ ဖြစ်သူအား ပြုလုပ်မည့် အကြံအစည်ကို ပြော ကြားပြီး ယင်းအကြံအစည်အတိုင်း လုပ်ကိုင်ရန် လည်း ထည့်သွင်းပြောကြားသွားသည်။ ညီမ ဖြစ်သူမှာ ရယ်မောပြီး စာသင်ကျောင်းသို့ ထွက် သွားခဲ့ရာ မကြာမီ အချိန်အတွင်းမှာပင် မန်ပီ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပြန်လည်မျှဝေခံစားတင်ပြသည်.....................ရုပ်စိုးမလေး