အချစ်ဆို တာ ဘယ်ကစလဲတယ့် အချစ်က အင်တာနက်က စာတာပါ… ကျွန်မ နဲ့ မောင်နဲ့ ချစ်သူ တွေ ဖြစ်ခဲ့တာ အင်တာနက်ကြောင့်ပါ..
မှန်ပါတယ် .. နိုင်ငံခြား မှာ ရောက်နေတယ့် ကျွန်မ နဲ့  မြန်မာ ပြည်က အင်တာနက် နဲ့  ပါတ်သက်တယ့် အလုပ်မှာ လုပ်နေတယ့်  မောင်တို့  လိုင်းပေါ်ကနေ ချစ်သူ ဖြစ်ခဲ့တာပါ။။
နာမည်က ခရေ လားဟင်…
ဟုတ်ပါတယ် စာရေးတယ့် နာမည်လေးပါ.. နာမည်ရင်းကတော့ မဟုတ်ပါဘူး .. ဒါပေမယ့် ကြိုက်တယ်လေ ဒီနာမည်ပဲခေါ်နော်.
ဟုတ်ကဲ့ပါ..
အဒီိလို ချက်ခန်းကနေ စလို့  ခင်မင် ခဲ့တယ့် ကျွန်မ နဲ့ မောင် တို့  ညတိုင်းတွေ့  တွေ့ တိုင်း စကားပြော ကျွန်မ ရေးသမျှ စာတွေ ကဗျာတွေ ကွန့် မန့် ပေး .. အကြံပေးနဲ့  တဖြည်းဖြည်း သံယောဇဉ်တို့ လို့  သူငယ်ချင်း ဖြစ်..
စောင့်နေတာ မလာတော့ဘူးထင်လို့ …
ခရေ က အလုပ်က အချိန်မမှန်လို့ ပါ .. ကို တင်မောင်ထွေး ရယ့် ..
ကို က ခရေကို မတွေ့ ရရင် စကားပြောစရာ တခုခု လိုနေရင် စိတ်က ဘယ်လို ဖြစ်နေမှန်းမသိဘူးလေ..
ခရေ လဲ ခင်ပါတယ် .. ကိုတင်မောင့်ကို ခရေက ပိုဆိုးတာပေါ့ . မိဝေး ဖဝေးမှာနေရပြီး လူမျိုးခြားတွေကြားမှာလေ. ခုလို အဖော်လုပ် ပြီး ဂရုစိုက်တာ ကျေးဇူးတောင် တင်သေးတယ်..
အင်းနော်..
ညတိုင်းတွေ့ ခဲ့တယ့် ကျွန်မ နဲ့ မောင် တို့  ခင်မင်တယ့် သူငယ်ချင်း သက်တမ်း လေးလကျော်တော့ မောင်ကပဲ ဖွင့်ပြောခဲ့ပါတယ်.. မောင် မပြောခင် ကတည်း က ကျွန်မ ရင်ထဲကနေ မောင်ကို လေးစား ချစ်ခင်မိခဲ့တယ့် အတွက် မောင်က ချစ်စကားဆိုတော့ ကျွန်မ တပတ်တိတိ စဉ်းစား အဖြေပေးခဲ့ပါတယ်။။။
မောင် လို့ … စိတ်ထဲကနေ တိတ်တိတ်လေး ခေါ်နေမိတယ့်  ကျွန်မ မောင်ကလဲ သူ့ ကိုယ်သူ မောင် လို့ ပြောတော့ ကျွန်မ ပျော်တာပေါ့ ..
မ လို့ ခေါ်ခဲ့ မောင်ကလည်း တကယ်တော့ အသက်က တနှစ်သာသာ လောက်ကွာတာပါ။ ဒါပေမယ့် မောင် က မ လို့  ကျွန်မ ကို ဘာလို့ ခေါ်တာလဲမေးတော့ ကျွန်မ က လူကြီးဆန်လို့ တယ့်လေ..
မောင် …
မ ….
ခိခိ တကယ်တော့နော်.. ခရေက အလောက်လဲမကြီးပဲနဲ့  နောက်ပြီး ခရေက ကလေးဆန်တယ်လေ.. နော်.
ဟုတ်ပါဘူး.. မ က လူကြီးဆန်တယ်.. စကားပြောရင် အေးဆေးပြောတတ်တယ်.. လူတိုင်းကို အားပေးတတ်တယ်.. နားလည်အောင် ပြောတတ်တယ်လေ.. အဒါကြောင့်ပါ..
ကျွန်မ မြန်မာပြည် အလည်ပြန်တော့ မောင်နဲ့ ကျွန်မ တို့ တွေ့ ဖြစ်ကြတယ်လေ.. ကျွန်မ အိမ်ကို လဲ မောင်နဲ့  မိတ်ဆက်ပေးခဲ့တယ်.
'' မောင် ''
'' မ ကို ချစ်လား ဟင်..''
'' အင်း ချစ်တာပေါ့ မ ရဲ့ .. မ က မောင့် ရဲ့  အချစ်လေ.. မောင်က မိန်းကလေးတိုင်း ချစ်ခဲ့တာမဟုတ်ဘူးလေ.. ''
'' အင်းနော်.. အချစ်က ထူးဆန်းတယ်.. စာတွေ ရေးနေတယ့် မကလေ.. သူများတွေကို အချစ်ရေနဲ့ ပါတ်သက်ရင် ပြောနေကြ လေ.. ခုတော့ မ ကိုယ်တိုင် ချစ်သူ တွေ့ တော့ ပျော်တယ်. သိလား..''
'' အင်းပေါ့ ..''
အမေ နဲ့  အဒေါ်ကတော့ ကျွန်မ သဘောပါတယ့်လေ. မောင် ကိုလဲ စိတ်ထားကောင်းပြီး ကျွန်မ အပေါ် ချစ်မယ့် ပုံ ပေါ်ပါတယ်တယ့် …
ကျွန်မ မောင် အိမ် ကို လဲ ရောက်ခဲ့တယ် ။ မောင် မိဘတွေ ကလဲ ကြည်ကြည် ဖြူဖြူပဲ နွေးထွေးစွာ ဆက်ဆံခဲ့ကြတော့ ကျွန်မ တို့ အတိုင်းမသိပျော်ရွှင်ခဲ့တာပေါ့ .. ကျွန်မ မြန်မာ ပြည်မှာ နေတုန်း အချိန်တွေကတော့ မောင် နဲ့  အတူတူ ကုန်ဆုံး စေခဲ့ပါတယ်…
ကျွန်မတို့  ဘုရားတူတူ သွားခဲ့တယ်.. အင်းယားရေပြင် ကိုကြည့် အတူ ပျော်ခဲ့တယ်.. မုန့် ဆိုင်တူတူထိုင် အင်တာနက်သုံးရင်း ပျော်ခဲ့တယ်..
ချက်ခန်းက သူငယ်ချင်းတွေကတော့ မျှဝေပျော်ပေးကြတာပေါ့. ညတိုင်း မောင် ဝင်နေကြ ချက်ခန်းလေးရယ်.. ကျွန်မ ရေးနေကြ စာလေးတွေရယ်.. အကုန်လုံးကို လဲ မပြတ် ဆက်လုပ်နေခဲ့တယ်လေ..
ကျွန်မက ခွင့်က တစ်လပဲရတာကို အတော့လဲ ပြန်ခဲ့ရတာပေါ့......
ကျွန်မ လဲ မောင် ကို ခွဲ ပြီး ပြန်ခဲ့ရတော့ မျက်ရည်တွေ နဲ့ ပါ.. မောင်လဲ မျက်နှာမကောင်းပါဘူး .. ပြန်လဲမသွားစေချင်ဘူးလေ.. ကျွန်မ ကတိပေးပြီး ပြန်ခဲ့ပါတယ်။
ကျွန်မ အလုပ်ထဲမှာ လုပ်နေတိုင်း မောင် နဲ့ အတူ မြန်မာ ပြည်မှာပျော်ခဲ့တာတွေ စကားတွေပြော လျှောက်လည်ခဲ့တာတွေ က မေ့မရခဲ့ဘူး.. အချိန်ရတိုင်း ဖုန်းခေါ် မောင်ခေါ်တယ့် ဖုန်းမျှော်နဲ့  အချိန်တွေ မြန်မြန် ကုန်စေချင်ခဲ့ပါတယ်..
ခရေ
(ကြိုစားပါအုံးမည် )
ဒုတိယပိုင်း စောင့်မျှော်ပါရန်..................
။။။ ကိုယ်ပိုင်ရေး ဘလော့ပိုစ် ။။