Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပထမဆုံးအချစ်ကို နောက်ဆုံးခိုးကြည့်ခြင်း

$
0
0

ပထမဆုံးအချစ်ကို နောက်ဆုံးခိုးကြည့်ခြင်း

ပြာမချွေရသေးသည့်ဆေးလိပ်ကိုကြည့်ရင်း နှုတ်ခမ်းအတွင်းရှိသော အခိုးအငွေ့ကို အသဲနှလုံးပုံစံပြုကာ ခပ်ဖြည်းဖြည်း

မှုတ်ထုတ်လိုက်သည်။ ကောင်းကင်ပေါ်လွင့်တက်နေသော အခိုးအငွေ့သည် ခပ်ကြမ်းကြမ်းတိုက်ဖြတ်လာသော လေပြေသွေးကြောင့် အသဲနှလုံးပုံစံ တစ်စစီပျက်ကာ မာန်ဖီနေသော ကျားသစ်တစ်ကောင်ကဲ့သို့ မိမိ၏ မျက်လုံးထဲတွင်

ထင်ယောင်ထင်မှား မြင်ယောင်မိပြန်သည်။ မိမိသည် တစ်ခါမှ ဆေးလိပ်မသောက်ဖူးပေမယ့် ယခုနာရီပိုင်း အချိန်လေး မှာပင် ကျွမ်းကျင်သော သူတစ်ယောက်ကဲ့သို့ အမျိုးမျိုးသောက်တတ်နေခဲ့ပြီ ။ ဆေးလိပ်သောက်တတ်အောင်၊ စိတ်ညစ်အောင်ပြုလုပ်ခဲ့သော သူမကိုပဲ ကျေးဇူးတင်ရမည်လား ။ ဒါမှ မဟုတ် နုနယ်သည့်ခံစားချက်ကို မထိန်းချုပ်နိုင်

သည့် မိမိကိုယ်မိမိပဲ အပြစ်တင်ရမည်လား ။ ယခုချိန်ထိ ဝေခွဲ၍ မရသေး။

ဝေဒဗ္ဗကျမ်း ၊ က္ကုဇုကျမ်း စသော ကျမ်းအမျိုးမျိုးတို့တွင် နာမည်က လူကို စီးသည်ဆိုသော စကားကို မိမိကြားဖူးသည်။

လက်တွေ့ဘ၀နှင့် ဆန့်ကျင်ဘတ်နာမည်ကိုမှည့်သောကြောင့် ဘာမှ ဖြစ်မလာသည်လည်း ကြားဖူးသည်။ နာမည်က

နိုင်နေသောကြောင့် နာမည်သွားသည့်အတိုင်း ကိုယ်က တရွတ်တိုက် လိုက်ရသည်လည်း ကြားဖူးသည်။ ယခုလည်း

မည်သို့ ပြောရမည်နည်း ။

သုံးရာသီရှိသည့်အထဲတွင် မိမိသည် နွေရာသီကို ကြောက်ခဲ့သည်။ ပူပြင်းခြောက်သွေ့၍ ချွေးတရွဲရွဲကျသော နွေရာသီ

ကိုကြောက်သည်မဟုတ်။ အလွမ်းကို သယ်ဆောင်လာတတ်သော နွေ ။ တငွေ့ငွေ့ခံစားရတတ်သောနွေ  ။ မျက်ရည်မကျပဲ ဆွေးရသော နွေကို အရမ်းကြောက်ခဲ့သည်။ အရမ်းမုန်းခဲ့သည်။ အရမ်းကို ထိတ်လန့်ခဲ့သည်။ နွေရာသီတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တို့သည် မိမိဘ၀ကိုပင် သေစေနိုင်ခဲ့သည်။ ယခုလည်း ဘာထူးမည်နည်း ။ ယောက်ျားတန်မဲ့ မျက်ရည်တရွှဲရွဲကျပြီး ကလေးငယ်များ ဖိုးလမင်းထံ ထမင်းဆီစမ်း ရွှေလင်ပန်း တောင်းသကဲ့သို့ အသဲခွဲသင်တန်းတွင် ဂုဏ်ထူး ခူးဆွတ်ဖူးသော မိန်းမတစ်ယောက်ထံ “ ချစ်ပါဗျာ ၊ ဘာညာ ”

ဆိုပြီး တောင်းခံနေရသည်က မိမိ၏ အခေါင်းကို မိမိကိုယ်တိုင် ပြုလုပ်သည်နှင့် တူလှပေသည်။

အချစ်သည် လူတစ်ယောက်၏ ဘ၀ကိုနုပျိုစေသည်။ အချစ်သည် လူတစ်ယောက်၏ဘ၀ကို အိုမင်းစေသည်။ အချစ်သည် လူတစ်ယောက်၏ ဘ၀ကို ရှင်သန်စေသည်။ အချစ်သည် လူတစ်ယောက်၏ ဘ၀ကို သေဆုံးစေသည်။

အချစ်နှင့် ပတ်သက်သည့် ရာဇ၀င်။ ပုံပြင်အမျိုးမျိုးရှိသည် ။ ဇနပဒကလျာဏီ နှင့် နန္ဒမင်းသားတို့၏ အချစ်သည် မျှော်လင့်ရင်းနဲ့ ဝေးခဲ့သည်။သိဒ္ဒွတ္ထမင်းသားကို ချစ်ခဲ့သော ယသော်ဓရာသည် တမ်းတရင်းနဲ့ ဝေးခဲ့သည်။ စူဠပဒုမ၏ အချစ်သည် နာကျည်းခြင်းနှင့် အဆုံးသတ်ခဲ့သည်။ ရွှေအိမ်စည်နှင့် ပဋိက္ခရား တို့၏ အချစ်သည် ကွဲပြားခြင်းဖြင့် ချုပ်ငြိမ်းခဲ့သည်။ ဓာတုကလျာနှင့် နတ်သျှင်နောင်တို့၏ အချစ်သည် ဝေးကွာခြင်းဖြင့် အဆုံးသတ်ခဲ့

သည် ။ ရှင်မွေးလွန်းနှင့် မင်းနန္ဒာတို့၏ အချစ်သည် ကွဲကွာခြင်းဖြင့် ဝေးခဲ့သည်။ ကျွန်ုပ်တို့ ရပ်ကွက်ထဲက မမလေး ဟွမ်ဖွေးသည် စွန့်လွတ်ခြင်းဖြင့် ချစ်ခဲ့သည် ။ ဆဒ္ဒန်ဆင်မင်း၏ အချစ်သည် ခွင့်လွတ်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

မိမိ၏အချစ်သည် ဘယ်လိုအမျိုးအစားပေနည်း ။ သေချာသည့်တစ်ခုမှာ ဆဒ္ဒန်ဆင်မင်းကဲ့သို့ ခွင့်လွတ်ခြင်းဖြင့် ချစ်နိုင်မည်မဟုတ်။ မမလေးဟွမ်ဖွေးကဲ့သို့ စွန့်လွတ်ခြင်းဖြင့် ချစ်နိုင်မည်မဟုတ်။ ဇနပဒကလျာဏီကဲ့သို့ မျှော်လင့်ရင်း ဝေးခဲ့သည်မှာတော့ ယုံမှားစရာမရှိ ။ မှန်သည်။ ကျွန်တော်သူ့ကို ချစ်ခဲ့ဖူးသည် ။ အရမ်းကိုချစ်ခဲ့ဖူးသည်။ ဘာလို့ချစ်တာလဲဆိုသည့်မေးခွန်းကို ပြန်မဖြေနိုင်လောက်အောင် သူမကိုချစ်ခဲ့သည်။

သို့သော်----သူမသည် မိမိကို တစ်ကြိမ်အနမ်းပေးပြီးမှ မိမိ၏ နှလုံးသားဗဟိုတွင် အသေခံဗုံးတစ်လုံး ပစ်ခွဲခဲ့သည်။ ကျွန်တော်၏ ဘ၀သည် ဆင်းရဲမွဲတေလွန်းသည်။ ဘာဆိုဘာမှ မရှိ ။ အတတ်ပညာမရှိ။ အတန်းပညာမရှိ ။ စည်းစိမ်လည်းမရှိ ။ ဂုဏ်သိန်လည်း မရှိ ။ ရှားရှားပါးပါး အချစ်တစ်ခု ရှိခဲ့သည် ။ သည်အချစ်ကလည်း ရက်ပိုင်းပင်မခံ ။ ဆေးလိပ်အခိုးငွေ့ကဲ့သို့ တစ်စစီ လွင့်ပျယ်ခဲ့သည် ။ တစ်စစီ ပျောက်ကွယ်ခဲ့သည်။

မိမိသည် နွေကို ကြောက်သည်နှင့် အတူ နွေ၏ လှည့်ကွက်ကိုလည်း ထိတ်လန့်သည်။ နွေရာသီတွင် ချစ်ခဲ့သော အချစ်သည် နွေရာသီပင်မခံ  ။ နွေရာသီ၏ တုံပြန်ချက်က ပြင်းထန်လွန်းပေမယ့် ဘာဖြစ်လို့များ မိန်နွေ--ဟု နွေကို သဘောကျသည့်အလား မှည့်ထားခဲ့သည်မှန်း မသိ ။ မိန်နွေ--ဆိုသည့် နာမည်သည် ဆရာတက္ကသိုလ်ဘုန်းနိုင် ၏ ၀တ္ထုတစ်ပုဒ်ထဲက ဇာတ်ကောင်တစ်ကောင်ဖြစ်သည် ။ ဇာတ်ကောင်၏ ခံစားနေရသည့် ဘ၀ကို အားကျသလို ၊ နာမည်ကိုလည်း နှစ်သက်သောကြောင့် မိမိယူသုံးခဲ့သည်။ ယခုမိမိသည် နာမည်၏ ဆွဲခေါ်ရာအတိုင်း တရွတ်တိုက် လိုက်နေရသည်။ နွေကို မုန်းသည် ။ နွေကို ကြောက်သည် ။ နွေကို ထိတ်လန့်သည်။ နွေတွင် ရွက်ဝါတို့ ကြွေကျသည်။ ယခုလည်း မိမိ၏ အချစ်တို့သည် မြေပေါ်သို့ ဆင်းသက်ကုန်ချေပြီ ။ ယခုစာရေးနေချိန်ပင် နောက်ဖက်နားဆီမှ ရှိုက်သံတိုးတိုးနှင့် သီချင်းသံခပ်သဲ့သဲ့ ကြားနေရသည်။ သူလည်း နွေတွင် ချစ်ခဲ့သည့် နာကျင်ခြင်းကို အလူးအလိမ့် ဖြေဖျောက်နေဟန်တူသည်။   ။

 “ နွေမိန်တပေါင်း xxx နွေမိန်တပေါင်း xxx ရွက်ဟောင်းကြွေ ကျ မြေခခဲ့ပြီ ကွယ် xx  ””

““ နွေမိန်တပေါင်း xxx နွေမိန်တပေါင်း xxx ရွက်ဟောင်းကြွေကျ မြေခခဲ့ပြီကွယ် xxx ””

 

““ နည်းနည်းချစ်လျှင် နည်းနည်းရှုံးသည် ။ များများချစ်လျှင် များများရှုံးသည် ။ ချစ်မိသူသည် အရှုံးပဲ ပိုင်ဆိုင်ရ၏ ””

မမလေး အိအိ၏ ဒဿန

 

လေးစားစွာဖြင့် ---------မိန်နွေ

သင်္ကြန်အကျနေ့--12/4/2012

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>