က္ကသာ မစ္ဆေ နှစ်ထွေ ဟိန
ထိုဓမ္မတို့  ကျရောက်ကိန်းခို
ယင်းပုဂ္ဂိုလ်ကား ထိုထိုကာလ ဘ၀စ၌ှ
မရကောင်းကျိုး
မတိုးဂုဏ်တိမ်
အရှိန်မကင်း ( အရှိန်ဝါကင်း )
ဆင်းရဲ တွင်းသို့ တက်ဆင်းတတ်ပေ
ထိုအပြစ်တွေကြောင့် အရှည်မျှော်ထောက် ဆင်းရဲ ကြောက်...
( အောက်ကို ဆက်ရေးဖို့ စာလုံးပေါင်း အဆင်မပြေလို့ စိတ်မရှိကြပါနဲ့ လို့  စာဖတ်သူအား တောင်းပန်အပ်ပါတယ် ...)
(ဒီကဗျာလေးက ရွှေဟင်္သာတောရ စတုတ္ထဆရာတော် ရေးစပ်ထားတာပါ)
ဒီနေ့ စာဖတ်သူ မိတ်ဆွေများနဲ့  ဆွေးနွေးမျှဝေချင်တာက ကျနော်တို့  ပုထုဇဉ်လူသားတွေ အများစုဟာ ကိုယ့်အောက်နိမ့်ကျတဲ့
သူတွေအပေါ်မှာ ပေးကမ်း စွန့် ကျဲ လှူဒါန်းဖို့ .. သနားဖို့ ဝန်မလေး သလောက်.. ကိုယ့်ထက်သာတဲ့ သူတွေ အပေါ်မှာတော့ မုဒိသာ ပွါးနိုင်ဖို့  အတော်လေးကိုပဲ ခဲရင်းကြပါတယ်... သူတစ်ပါး အပေါ် မနာလို ၀န်တိုစိတ်ဖြစ်မိရင် အကုသိုလ်ဖြစ်ပြီး ငရဲ သို ကျတတ်ပါတယ် .. အဲ့လို မဟုတ်ပဲ အော် ... ဒါဟာ သူ့ ရဲ့ အရင်ဘ၀တွေက ပြုခဲ့ဖူးတဲ့ ကုသိုလ်ကံ ရဲ့ အကျိုးတွေပဲလို့  ၀မ်းသာတဲ့ မုဒိသာလေး ပွါးနိုင်မယ် ဆိုရင်တော့ ကုသိုလ်များပါတယ်................ ဒီမနာလို ၀န်တိုခြင်း မကောင်းတဲ့ စိတ်ဟာ ရဟန်းတော်တွေ မှာလည်းဖြစ်တတ် သလို လူသားတွေမှာလည်း ဖြစ်လေ့ ဖြစ်ထ ရှိတယ် ဆိုတာ စာရှုသူလက်ခံပါသလား... ဒါလေးကို သာဒကလေးတွေနဲ့  ပြောပြပေးချင်ပါတယ်..
မြတ်စွား ဘုရားပွင့်တော်မူစဉ်တုန်းက. ကျောင်းထိုင် ရဟန်းတော်တစ်ပါး ရှိခဲ့ဖူးတယ်.. တစ်နေ့ မှာ
ရဟန်းသာ တစ်ပါးကြွလာစဉ် ကျောင်းဒကာ က အရှင်ဘုရား ဘယ်က ကြွလာပါသလဲ.. ဘယ်ကို သွားမှာလဲ ပေါ့... လေ မေးလျှောက်ပြီး တော့ အချိန်လည်း မရှိတော့လို့ ဒီကျောင်းမှာပဲ တည်းခိုပါ ဘုရားလို့ လျှောက်တယ်..
နောက်ကျောင်းဒကာက ဧည့်သည် ရဟန်းအတွက် သင်္ကန်းတွေလှူ.. ဆံချ.. ရေချိုး စသဖြင့်ပေါ့လေ နေရာထိုင်ခင်းလေးတွေ လိုအပ်သာ မှန်သမျှ စီစဉ်ပေးနေတာတွေကို ကျောင်းထိုင် ရဟန်းကတွေ့ တော့... ဒီဒကာ ငါရှိရဲ့ သားနဲ့  တခြားရဟန်းကို ကြည်ညိုနေတယ်.. ဆိုပြီး မနာလိုစိတ်တွေ ဖြစ်နေတယ်... ဒီလိုနဲ့ ည ရောက်တော့ ဒကာက ကျောင်းထိုင် ဆရာတော်ကို မနက်ကျရင် ဧည့်သည် အာကန်တု ရဟန်း နဲ့  အတူ တပြည့်တော် အိမ်ကို ဆွမ်းစား ကြွပါ ဘုရား လျှောက်ပြီး ပြန်သွားလေတယ်..
ညမှာ လည်း ကျောင်းထိုင်ဆရာတော်ဟာ ... အင်း ဒီရဟန်း ငါ့ကျောင်းမှာ ကြာကြာနေရင်တော့ ငါ့ ဒကာက သူ့ ကို ပို ကြည်ညိုပြီး ငါ့ကို အကြည်ညို ပျက်တော့မှာပဲ ဆိုတဲ့ စိတ်တွေနဲ့  ဧည့်သည်ရဟန်းအပေါ် မကောင်းကြံစည်နေခဲ့တယ်..
မနက်မှာတော့ ဧည့်သည်ရဟန်းတော်ကို မနိုးပဲ တစ်ပါးတည်း ကြွသွားခဲ့တယ်... ဒကာအိမ်ရောက်တော့ ဧည့်သည် ရဟန်ကော မပါဘူးလား ဘုရားပေါ့... ဒီတော့ အင်း... ဒီရဟန်းက အိပ်ပုပ်ကြီးတယ်ဘာညာပေါ့လေ ဒါနဲ့  ဒကာကလည်း ကျောင်းထိုင်ဆရာတော်ကို
အကောင်းစား ဆွမ်း သစ်သီး စားဖွယ်များကို ဆက်ကပ်ပြီး ဧည့်သည် ရဟန်း အတွက်ပါ တပိတ်ထဲ အပြည့်ထည့်ပြီး လှူဒါန်းလိုက်ပါတယ်...
လမ်းရောက်တော့ ကျောင်းထိုင် ဆရာတော်က စဉ်းစားတယ်... ငါ့ဒကာလှူလိုက်တဲ့ ဒီစားကောင်း သောက်ကောင်းတွေ သာ ဟို ဧည့်သည်ရဟန်း ဖုန်းပေးရရင် ဒီရဟန်း အကောင်းကြိုက်ပြီး ငါ့ကျောင်းက ပြန်တော့မှာ မဟုတ်တော့ဘူး ဆိုပြီး... ဒကာလှူလိုက်တဲ့ ဆွမ်းခဲဘွယ်တွေကို လမ်းဘေးမှာပဲ သွန်ပစ်ထားခဲ့တယ်...
ဒါကို သိတဲ့ ဧည့်သည် ရဟန်းသာက .... အော် ဖြစ်မှ ဖြစ်ရလေ... ဒီဆရာတော် ငါ့ကို ရဟန်းသာမှန်းလည်း မသိ... ဒီမှာဆက်နေရင် သူ ဒိထက် အပြစ်ကြီးတော့မယ် ဆိုပြီး ဈာန်အဘိဥာဏ်နဲ့  ပြန်ကြွသွားတော့မှ ကျောင်းထိုင်ဆရာတော်ဟာ သူမှားမှန်းသိတယ်... ဒါပေမဲ့ ပြင်လို့ မရတော့ဘူးလေ.. ဒီလိုနဲ့  ......ရဟန်းသာကို ငါပြစ်မှားမိပြီ ဆိုတဲ့ စိတ်ဆင်းရဲ ခြင်း ဒေါမနသတွေနဲ့ .. ပြန်လွန်တော်မူသွားခဲ့တယ်...
အဲ့ဒီ မနာလို ၀န်တိုတဲ့ အကုသိုလ်ကံတွေကြောင့် အပါယ် ငရဲ ကျရောက်ခဲ့ပြီး... ငရဲ မှ ပြန်လွတ်တော် ကြမ်းတမ်းတဲ့ ဘီးဘူး ဖြစ်တယ် ဘီလူး ဘ၀မှာလည်း သူပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် တစ်ခါမှ ဗိုက်ဝအောင် မစားခဲ့ရဘူး ...သေမဲ့နေ့ တစ်ရက်မှာ ပဲ ကလေးမွေးလို့ စွန့် ပစ်ထားတဲ့ အညစ်ကြေးတွေကို ပဲ တစ်ခါဝ အောင် စားရတယ်တဲ့... ဒီလိုနဲ့  ဖြစ်လေရာ ဘ၀တိုင်းမှာ ငတ်ပြတ်ပြီးပဲ သေခဲ့ရတယ်... ဘယ်တော့မှ ၀မ်းဝ အောင် မစားရဘူး...
နောက် လူဖြစ်လာတဲ့ ဘ၀မှာလည်း သူမွေးကတဲက မိဘ စီးပွါး ပျက်တယ်.. သူရှိတဲ့ ရွာ မှာ လည်း စီးပွါးပျက်ပြီး လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေတော့... ဒါငါတို့ ရွာမှာ အကုသိုလ်အားကြီးတဲ့ သူ ရှိနေတယ် ဆိုပြီး မဲခွဲကြတော့ သူ မရှိတဲ့ ရပ်ကွက် စီးပွါး ဖြစ်ပြီး သူ ရှိနေတဲ့ ရပ်ကွက် စီးပွါး မဖြစ်ဖူး... ဒီလိုနဲ့  ဆက်ဆက်ခွဲလိုက်ကြတာ .. သူ တို့ မိသားစု တစ်ခုသာ ကျန်တော့တယ်..
သူမိဘတွေက သူ့ ကိုခေါ်ပြီး လိုက်တောင်းရင် အစားစာတွေ မရဘူး.. နောက်ဆုံးမှာတော့ သူ့ မိဘတွေကပါ သူ့ ကို ပစ်သွားကြတယ်..
နောက်ဆုံး ရဟန်းဘ၀ ပြန်ရတော့ သူပါနေရင် ဆွမ်းလောင်းမဲ့သူ မရှိဘူး... ပြန်လွန်တော်မူခါနီး တစ်နပ်ပဲ စတုမဒူ ၀ ၀ ဘုန်းပေးရပါတယ် တဲ့... ဒါတွေကို ပြန်ကြည့်တော့.. သူတစ်ပါး အပေါ် တခဏတာ ဖြစ်မိတဲ့ မနာလို ၀န်တိုမှု အကုသိုလ်ဟာ .. ဘ၀ပေါင်းများစွာ ဆင်းရဲးဒုက္ခကို ခံစားရတယ်...
ဒါကြောင့် ဆရာတော် တစ်ပါးက အကုသိုလ်ရတာခြင်း အတူတူ....သူတစ်ပါး အပေါ် မနာလို ၀န်တို မှုတွေ မွေး မဲ့ အစား
ကြက်တွေ ဘဲတွေ မွေးတာက .. ကြက်ဥ.. ဘဲဥ... အသားတွေ စားရပါသေးတယ်... မနာလို ၀န်တို စိတ်ထားတာက ဘားမှ မစားရပဲ နဲ့ 
ငရဲ ကျတာလို့  မိန့် ဆိုခဲ့ဖူးပါတယ်...
ဒီလိုပါပဲ ကျနော်တို့  လူသားတွေမှာလည်း ... အလုပ်လုပ်တာခြင်းအတူတူ တစ်ယောက်ယောက်ကများ
ကိုယ့်ထက် လစာ .. ရာထူး .. ဂုဏ်တွေ မြင့်သွားမယ်ဆိုရင် စာရှုသူ အနေနဲ့  ...ဒီကောင်က ဘာကြောင့်...စသဖြင့်...... အဲ့ဒီတစ်ယောက်အပေါ် မနာလို ၀န်တိုစိတ် ဖြစ်မဖြစ်...
ကိုယ့်မိသားစုနဲ့  အဆင့်တန်းတူ ပြိုင်ဘက် မိသားစုက ချက်ချင်းပဲ ထီပေါက်ပြီး ချမ်းသာသွားမယ် ဆိုရင် အဲ့ဒီမိသားစု အပေါ် ဘယ်လို ခံစားမှုတွေ ဖြစ်လာမလဲ....
ကိုယ် စိတ်ဝင်စားနေတဲ့ ကောင်မလေး တစ်ယောက်က တခြား ကောင်လေး တစ်ယောက်အပေါ် အခွင့်ရေးတွေ ပေးနေမယ်.. ရေလာမြောင်းပေး တွေ လုပ်နေမယ် ဆိုရင် စာရှုသူ အနေနဲ့ ... ဘယ်လိုများ ခံစားရမှာပါလိမ့်...
ကိုယ်သဘောကျနေတဲ့ ကောင်လေးက တခြားကောင်မလေးကို အလေးပေး ဂရုစိုက်နေမယ်...အစစ အရာရာ ကူညီမှုတွေ ပေးနေမယ် ... အဲ့ဒီကောင်မလေးရဲ့ ကောင်းကြောင်းတွေပဲ ကိုယ့်ရှေ့ မှာ လာပြောနေမယ် ဆိုရင်... စာရှုသူ အနေနဲ့  ဘယ်လိုများ ခံစားရပါလိမ့်....
ကဲ ... စာရှုသူရေ.... ကျနော်တို့ တတွေလည်း ပဲ .... အကြောင်းတရားကြောင့် အကျိုးဖြစ်လာတာပါလား လို့  ဥာဏ်လေးနဲ့ ကြည့်ပြီး သတိတရားလေး လက်ကိုင်ထားကာ ကြက်တွေ ဘဲတွေ ပဲ မွေးကြတာပေါ့ နော.......
( စာရှုသူ အပေါင်း မနာလို ၀န်တိုခြင်း အကုသိုလ်မှ ကင်းဝေးနိုင်ကြပါစေ... အမှားများ ပါခဲ့ရင်လည်း သည်းခံခွင့်လွတ်ပြီး အမှန်သို သွန်သင်ပြသ ဆိုဆုံးမပေးကြပါလို့  မေတ္တာရပ်ခံပါတယ် ဗျာ.. )
ဒီအကြောင်းအရာ နဲ့  ပတ်သက်လို အကျယ် သိလိုပါက မေတ္တာရှင် ဆရာတော် အရှင်ဇ၀န ရဲ့  ... အတွင်းရန်သူ ... ဆိုတဲ့ စာအုပ်ကို ဖတ်ရှု လေ့လာပါလို့  ပြောပါစေ...