ဘာရေးရမလဲ စဉ်းစားမိတော့... စဉ်းစားလို့မရဘူး...... အပြင်လောကအကြောင်း... ကိုယ့်
အကြောင်းစဉ်းစားကြည့်မိတော့.... ငယ်ငယ်လေးကတည်းက စွဲလန်းခဲ့ရတဲ့ စိတ်ကလေး......၊ စဉ်းစားရင်း
ကျေနပ်နေခဲ့မိတဲ့ စိတ်ကလေးအကြောင်းရေးမယ်ဗျာ။ ငယ်ငယ်လေးကတည်းက စာတွေဖတ်ပြီးရင်ကျေနပ်
တတ်တဲ့စိတ်ကလေး ဖြစ်နေတတ်ပါတယ်….။ နောက် ကျေးဇူးလဲတင်ပါတယ်၊ ရေးသားကြတဲ့ ပုဂ္ဂိုလ်တွေကို
လေ။ ပြီးတော့ ကိုယ်တိုင်လဲ ရေးချင်ခဲ့တယ်။ စွဲစွဲထင်ထင်ရှိလာတဲ့ အထူးသဖြင့် စဉ်းစားလာတဲ့ အကြောင်း
ကတော့ ……. ဘယ်ကနေစသလဲပေါ့… ဒါကတော့ ရှင်းပါတယ်…..ဖော်ပြချင်တဲ့အကြောင်း အရာအတွက်
စဉ်းစားတီထွင်ခဲ့ကြတာပေါ့ ။
နောက်တော့ ဘယ်လို စတင်သင်ကြားခဲ့ရသလဲ….... ဘယ်လောက်အထိ ရှင်သန်သလဲ
ကိုယ်စားပြုသလဲလို့ စဉ်းစားလိုက်တဲ့ အခါမှာတော့ လှပတဲ့ (၀)လုံးလေးကို တွေ့ရပါတယ်။ ဒါကြောင့် ဒီနေ့
ကျွန်တော် နားလည်တဲ့ ၀လုံးလေးရဲ့ အကြောင်းကိုပဲ နားထောင်ပေးကြပါလို့...။
ကိုဝလုံး ကိုဝလုံး အဆွေကိုဝလုံး……….
ကိုဝလုံးက ပြုံးချိုချို……. မျက်နှာ ပြုံးချိုချို
ပြုံးချိုချို ကိုဝလုံး ဒီကိုလာပါဦး……
ဟိုသင်ပုန်းလဲ သူ့ကို ခေါ်တယ်…..
ဒီသင်ပုန်းလဲ သူ့ကို ခေါ်တယ်……
ဒီ တေးကဗျာ လေးကိုတော့... မူကြိုကျောင်းလေးတွေမှာ ဆရာမတွေက သားငယ်၊
သမီးငယ်လေးတွေကိုလက်ဟန် ခြေဟန်ဖြင့် ယိမ်းနွဲ့ကာ ဆိုပြနေတာကို တွေ့ခဲ့ဖူးပါတယ်။ တကယ်တော့
ဒီတေးကဗျာလေးဟာ ရှင်သန်ရာ လောကကြီးထဲကိုစတင်ဝင်ရောက်လာတဲ့ ရင်သွေးလေးတွေကို လော
ကကြီးနှင့်မိတ်ဆက်ပေးသော ဘ၀အစပြု အက္ခရာ ၀လုံးလေးရဲ့ ဂုဏ်ပြုတေးကဗျာလေးဖြစ်ပါတယ်…။
ကျွန်တော်တို့ ဘ၀ကိုစတင်ခဲ့တဲ့ ဒီအက္ခရာလေးကိုအားလုံးလည်း မေ့လျော့ကောင်း
မေ့လျော့နေမှာပါ…… တကယ်တော့ ဒီ အက္ခရာလေးကနေ ကျွန်တော်တို့ ဘ၀ကို စခဲ့ကြတယ်လေ…... ။
ကိုဝလုံးလေးကို မညီမညာနဲ့ သေသေချာချာ ရေးခဲ့ပြီးမှ အဓိကအက္ခရာကြီးတွေဖြစ်တဲ့… (က/ခ/ဂ/ဃ/င)
စတာ တွေကို ဆက်လက်သင်ကြားရပါတယ်။ အက္ခရာတွေရဲ့ နက်ရှိုင်းမှုတွေကိုလဲရင်သွေးလေးတွေ နား
မလည်မှာ စိုးလို့…. ``က´´ ကလေးငယ်ချစ်စဖွယ်လို့ ဆိုပြီး ရင်းနှီးအောင်စတင်သင်ကြားခဲ့ကြရပါတယ်။
အဲဒီကမှတဆင့် နာမ်တွေ၊ နာမ၀ိသသနတွေ၊ ကြိယာတွေ..… အဲဒီကမှ တဆင့် သရတွေ၊ အလင်္ကာတွေ..
စတဲ့ တိကျတဲ့ သဒ္ဒါတွေကို ဆင့်ကဲ ဆင့်ကဲ တဖြည်းဖြည်းချင်း နက်နက်ရှိုင်းရှိုင်း သင်ကြားကြရပါတယ်။
လောက သဘာ၀၀န်းကျင်ထဲကို စတင်ခြေဆန့်ခဲ့တဲ့ ဒီ ၀လုံးလေးကတော့ဘယ်အချိန်
ကတည်းက ပေါ်ပေါက်ခဲ့မှန်းလဲမသိခဲ့ပါဘူး... ကျန်တဲ့ အက္ခရာတွေကတော့ နှစ်ပေါင်းထောင်ချီပြီး အစပြု
ပေါ်ပေါက်ခဲ့ပါတယ်… တဖြည်းဖြည်းချင်း တိုးတက်ပြောင်းလဲလာပြီး နောက်ဆုံးမှာ အခု အသုံးပြုနေတဲ့..
အက္ခရာတွေ ဖြစ်လာတာကိုတော့ လေ့လာတွေ့ရှိနိုင်ပါတယ်…။ ၀လုံးလေးရဲ့ သမိုင်းကိုတော့ ခုချိန်ထိ တိ
ကျတဲ့အထောက်အထား မတွေ့ခဲ့ရသေးပါဘူး...။ သေချာတာတစ်ခုကတော့ အက္ခရာအားလုံးထက်များစွာ
စောပြီး ပေါ်ပေါက်လာခဲ့တယ်ဆိုတာပါပဲ…။ တကယ်ကလဲ ကျွန်တော်တို့ရဲ့ သမိုင်းမှာ ဒီ ၀လုံးလေးတွေက
ဘ၀နဲ့အတူ ပေါ်ပေါက်ခဲ့တာပါ…။
တကယ်တော့... ကျွန်တော်တို့ ဒီ ၀လုံးလေးတွေနဲ့ မစိမ်းပါဘူး။ ကိုဝလုံး သီချင်းလေး
မဆိုနိုင်သေးတဲ့ အရွယ်မှာလည်း ဖိုးရွှေလမင်းကြီးရေ…`` မေ့သားလေးကို ထမင်းဆီဆန်း ရွှေလင်ပန်းနဲ့
ပေးပါ…..´´ ဆိုတဲ့ မေမေ့ သားချော့တေးတွေကို ကြားခဲ့ရတာပါပဲ....။
အဲဒီအချိန်မှာလည်းကောင်းကင်ပေါ်က လမင်းကြီးကိုလက်ဝါးဖြန့်ရင်း ရွှေလင်ပန်းကြီးနဲ့
ဆီဆမ်းထားတဲ့ ထမင်းတွေကို ရလိမ့်နိုးနဲ့ မိခင်ကြီးနဲ့အတူတူပျော်ရွှင်ခဲ့ကြတာပါပဲ…။ တကယ်တော့ လမင်း
ကြီးကလည်း ၀လုံးကြီးပဲလေ… အေးမြတဲ့ ၀လုံးကြီးပေါ့….။ လင်ပန်းကြီးကလည်း ၀လုံးကြီးပါပဲ.။ နောက်ပြီး
သားကိုချစ်တဲ့ မေတ္တာတရားတွေ ပြည့်နေတဲ့ မေမေ့မျက်နှာကလည်း ၀လုံကြီးပဲပေါ့.....။
``မေမေ့ ဖိုးလမင်းကြီးရေ…..´´
`` သားလေးမျက်နှာက ၀ိုင်းစက်နေတာပဲကွာ… လမင်းကြီးကျနေတာပဲ…´´
`` သားလေးမျက်နှာလ၀န်းကြီး အေးမြ လိုက်တာ……. ´´ စသည်ဖြင့် မိခင်/ ဖခင်တို့
ပြောကြဆိုကြ ကြည်နူးကြခြင်းများကို မမှတ်မိသော်လည်း သိနေခဲ့ကြပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးများ၊ မြန်မာနိုင်ငံသားများဟာ ၀လုံးလေး အစပြုရာကနေ …
(က/ခ)များ ဗျည်း၊ သရများ မှတဆင့် စာများ ရေးတတ်၊ ဖတ်တတ်လာခဲ့ကြပါတယ်၊ အဲဒီကမှတဆင့် ရေးဖွဲ့
လာကြပါတယ်၊ …။ ရေးဖွဲ့ခြင်းမှ တဆင့် ဂန္ဓ၀င်စာပေပညာရှင်များ ဖြစ်လာကြပါတယ်။ စာပေဖြင့် လူပုဂ္ဂိုလ်
တစ်ဦးချင်းအားလည်းကောင်း....၊ ပတ်ဝန်းကျင်အားလည်းကောင်း..၊ တိုင်းပြည်နှင့်ဘာသာ သာသနာအား
လည်းကောင်း၊ လူမှုအသိုက် အ၀န်းအားလည်းကောင်း၊ အသိပညာ၊ အတတ်ပညာများအားလည်းကောင်း၊
ကောင်းမွန်စွာတိုးတက်ပြန့်ပွါးစေရန် အကျိုးပြု ထိန်းသိမ်းကာကွယ်ခဲ့ကြပါတယ်၊ မည်သည့်လုပ်ငန်းကိစ္စကို
မဆို စာပေဖြင့် ထိန်းချုပ်ထားရပါတယ်…။
စာပေသည် လူ့လောက၊ လောကသည်လည်း စာပေ၏ အသိုက်အမြုံ အတွင်းမှာသာ
တည်ရှိနေတယ်လို့ ခံစားရပါတယ်။
ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့ကြသော မြန်မာစာဆိုတော်များ အားလုံးသည်လည်း
ဘ၀ကို ၀လုံးလေးများဖြင့် အစ ပြုခဲ့ရပါတယ်...။ ရေးမှတ် သင်ကြားရခြင်း ရုပ်ဝတ္ထုပစ္စည်းများ ပြောင်းလဲ
သွားကြသော်လည်း အက္ခရာတွေ၊ ရသတွေ၊ အလင်္ကာတွေ၊ အနက် အဓိပ္ပါယ်တွေ ကတော့ ပြောင်းလဲ
မသွားပါဘူး၊ ဟိုးယခင်က... ကညစ်နဲ့ ရေးသားရာကနေ ကျောက်တံ ကျောက်သင်ပုန်း၊ ခဲတံ စသည်ဖြင့်
အဆင့်ဆင့်သာ ပြောင်းလဲလာပါတယ်။ အက္ခရာများ၏ အနှစ်သာရများ ဘာမှ ပြောင်းလဲ မသွားခဲ့ပါ…။
ဝလုံးလေးများဟာ ၀ိုင်းစက်ပါတယ်.…။ ၀ိုင်းစက်နေသဖြင့်လည်း ၀လုံးလေးများ ဖြစ်နေ
ကြပါတယ်...။ ၀လုံးလေးများ အရွယ်အစား ကြီးမားလာလျှင် စက်ဝိုင်းလေးများ ဖြစ်သွားကြပါသည်၊
ငယ်စဉ်အရွယ်က ၀လုံးလေးများကို ရေးဖွဲ့စဉ် မညီမညာရွဲ့ရွဲ့ စောင်းစောင်းလေးများဖြင့်
လှပနေကြောင်း မိဘများက ချစ်မြတ်နိုးစွာ ဂုဏ်ပြုခဲ့ကြပါတယ်… ။ သားလေးရေးတဲ့ ၀လုံးလေးက လှလိုက်
တာ.. ဘောလုံးလေးကျနေတာပဲသမီးလေးရေးတဲ့ ၀လုံးလေးက စပယ်ပန်းလေးနဲ့တူတယ်…။ သမီးလေးက
တော်လိုက်တာစသည့် အားပေးစကားများ၊အကောင်းမြင်ခြင်း၊ ချစ်မြတ်နိုးခြင်း၊ဂုဏ်ယူခြင်း၊၀မ်းမြောက်ခြင်း
စသော မေတ္တာတရားများကိုလည်း.. ၀လုံး လေးများနှင့်အတူ ကျွန်တော်တို့ ရရှိခဲ့ကြပါတယ်..။ ဘ၀အစကို
အားမာန်များဖြင့် ဖြတ်သန်းခွင့် ရရှိခဲ့ကြပါတယ်။
ဆရာ/ဆရာမများသည်လည်းဝလုံးရေးသောရင်သွေးငယ်လေးများကိုလက်သေးသေး
လေးများပေါ် အုပ်ကိုင်၍ ရေးဆွဲခြင်း နည်းစနစ်ကို သေချာစွာ သင်ကြားပေးခဲ့ကြပါတယ်။ မြန်မာစကားမှာ
ရှိတဲ့ လက်ထပ်သင်ကြားပေးသည် ဟူသော စကားရပ်သည် ဤသို့ သင်ကြားခြင်းမှ အစပြူသည်ဟုဆိုချင်
ပါတယ်။
ဒါတွေကတော့ ၀လုံးလေးထံမှ စတင်ရရှိသောအကျိုးကျေးဇူးများ ဖြစ်ပါတယ်၊ ၀လုံးလေး
များဟာကြည်လင်အေးမြခြင်း သဘောကို ဖော်ဆောင်ကြောင်း ကျွန်တော်တို့… ခံစားမိခဲ့ကြပါတယ်။ ၀လုံး
လေးနှင့်အတူ... ရင်သွေးလေး၏ ပြည့်ဝန်းကြည်လင် အပြစ်ကင်းစင်သောမျက်နှာနှင့် လမင်း၏ အေးမြငြိမ်း
ချမ်းခြင်းများကို တွဲလျှက် ခံစားနိုင်ပါတယ်..။ နောက်တစ်ခုကတော့ညီညာခြင်း၊ ရှင်းလင်းငြိမ်သက်ခြင်းတွေ
ပါပဲ။ အစွန်းမထွက်ခြင်းနှင့် တစ်ဘက်စောင်းနင်းဖြစ်ခြင်းများ ကင်းစင်ပါတယ်။ ၀လုံးလေးက ၀ိုင်းစက်နေလို့
ဖြစ်ပါတယ်….။
လူတစ်ဦးချင်းစီတွင် မြတ်နိုးရသူ မိဘများရှိကြပါတယ်။ ဘာတစ်ခုမျှ မသိခင်ကပင် အား
ကိုးအားထားရာ… မိဘနှစ်ပါးရှိကြောင်း သိကြပါတယ်…။ မိဘများကို နေနှင့်လ ဟု တင်စားကြပါတယ်…..။
နေနှင့်လကို ရေးဆွဲသည့်အခါမှာလည်း ၀လုံးလေးများဖြင့် အခြေတည် ရေးဆွဲရပါတယ်။ နေနှင့်လကဲ့သို့ပင်
ဝလုံးလေးများကို မြင်တွေ့ရပါက အေးမြခြင်း၊ ကြည်လင်ခြင်းစွမ်းအားများ ကိုခံစားရပါတယ်။ ၀လုံးလေးများ
ထံ၌ မမြင်နိုင်သော စွမ်းအင်များ ရှိပါတယ်…..။
အများအားဖြင့် ကံကြမ္မာတစ်ပတ်လည်တယ်…။ သံသရာစက်ဝိုင်းကြီးကတော့နိမ့်တစ်ခါ
မြင့်တစ်လှည့်ရှိစမြဲပါပဲ...။ သံသရာလည်နေတယ်။ ကြုံဦးမှာပါ… စသည်ဖြင့် ၀လုံးလေးနှင့် စက်ဝိုင်းကြီးနှင့်
လောကလည်ပတ်ပုံကိုလည်း နှိုင်းယှဉ် ချိတ်ဆက်သုံးစွဲနေကြတာတွေကိုလဲ တွေ့မြင်နေရဦးမှာပါပဲ….။
ကမ္ဘာကြီးသည်လည်း တကယ်တော့ ၀လုံးလေးတစ်လုံးပါပဲ လုံးဝန်းနေတယ်လေ ဒါပေမဲ့
ကမ္ဘာကြီး လုံးဝန်းနေတာကိုတော့ သာမာန်အားဖြင့် ဘယ်သူမှ မမြင်နိုင်ပါဘူး…။ လူတွေရဲ့ သံသရာလည်
ပတ်မှုကိုလဲ သာမန်မျက်စိဖြင့် မမြင်နိုင်ခဲ့ကြပါဘူး၊ ပညာမျက်စိဖြင့်သာ မြင်နိုင်ခဲ့တာပါ…။ မကောင်းသော
သံသရာလည်ပတ်မှုကို သတိတရားဖြင့်သာ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်…။ ဒါဟာလည်း တကယ်တော့..
ဝလုံးလေးရဲ့ အခြေခံသဘောပါပဲ…..။ ရေးဖွဲ့သူရဲ့ ရေးဆွဲမှု ပုံစံအတိုင်းဝလုံးလေးဖြစ်တည်ခဲ့တာပါ။ လောက
သဘာဝအရ ၀လုံးလေးဝိုင်းအောင်၊ လှအောင်ရေးဆွဲမှသာ လှပသော ၀လုံးလေးများ ဖြစ်လာနိုင်သလို လှပ
သောဘ၀ကို ကိုယ်တိုင်တည်ဆောက်သူများ၏ ဘ၀သာ လှပခန့်ငြားတတ်ပါတယ်။
ဝလုံးလေးများမှ စတင်ခဲ့သော စာပေများသည်.... မြန်မာတို့၏သမိုင်းများလည်း ဖြစ်ခဲ့
ပါတယ်….။ တည်တံ့ခိုင်မာသောယဉ်ကျေးမှုများလဲ ဖြစ်ခဲ့ပါတယ်။
လူသားတိုင်းအတွက်အကျိုးဖြစ်ထွန်းစေသော ဆောင်ရန်၊ ရှောင်ရန်များ၊ မှီငြမ်းစရာများ၊
သိသင့် သိထိုက်သည်များ၊ ယဉ်ကျေးမှုများ၊ သန့်ရှင်းစင်ကြယ်မှုများ၊ ရွံ့ရှာ မုန်းတီးဖွယ်ရာများ၊ အသုံးချ ဗဟု
သုတများ၊ အသုံးချပညာရပ်များ၊ ခေတ်အဆက်သမိုင်းများ၊ ဥပဒေများအားလုံးကို စာပေဖြင့်မှတ်တမ်းတင်
ထားရှိပါတယ်……။
စာပေသင်ကြားခြင်းမှသည် ပညာရှင်များ ဖြစ်လာကြပါတယ်…။ စာပေပညာဖြင့် တေး
ဂီတများကိုလည်းဖန်တီးနိုင်ကြတယ်၊၊ လှပသောအရောင်အသွေးများ၊ ခံစားချက်များ၊ ပုံရိပ်များ၊ စိတ်ကူးစိတ်
သန်းများကို ကြားရ၊ မြင်ရ၊ သိရှိခံစားရပါတယ်.…။
စာပေဖြင့် သတ္တိများ၊ ကြောက်ရွံ့ခြင်းများ၊ ရွှင်လန်းတက်ကြွခြင်းများ၊စိတ်ပျက်အားငယ်
ခြင်းများကိုလည်း ဖြစ်ပေါ်စေပါတယ်။
စာပေသည် အကြိမ်ကြိမ် နားထောင်နိုင်သော စကားသံများဖြစ်ပါတယ်၊ အကြိမ်ကြိမ်
တောက်ပစေသော အလင်းရောင်များလည်းဖြစ်ပါတယ်…။ အကြိမ်ကြိမ်မြင်တွေ့ ခံစားရနိုင်သော ပန်းချီကား
ချပ်ကြီးနှင့်လည်း တူပါတယ်။
စာပေဟာ ထာဝရ ရှင်သန်ပါတယ်။ လူသားမျိုးနွယ်များ တည်ရှိနေသမျှ ရှင်သန်နေ
မှာဖြစ်ပါတယ်။
ဖတ်ဖန်သော်ကား ဖတ်ဖန်များက
သားမယားပင် သိမြင်ကင်းကွာ မလိမ်မာလည်း
စာပေစကား နေ့တိုင်းကြားက
ထူးခြားလိမ်မာ ရှိသည်သာတည့်-
ဟူသောဆုံးမစာတွင်လည်းစာပေမြတ်နိုးသူ၊စာပေနှင့်နီးစပ်သူဖခင်(သို့)ခင်ပွန်းသည်
တစ်ဦးရှိယုံမျှဖြင့် မိသားစုဝင်များ ထူးခြားလိမ်မာလာနိုင်ကြောင်း ဖော်ပြဆုံးမထားပါတယ်။ စာပေ၏တန်ဘိုး
ကို ဖော်ပြထားခြင်း ဖြစ်ပါသည်။
စာပေသည်... ယဉ်ကျေးမှုကို ထိန်းသိမ်းထားသော ရဲတိုက်ကြီးနှင့်လည်း တူပါတယ်၊
စာပေသည် အမျိုးသားရေး စိတ်ဓါတ်ဟူသော.... မွှေးရနံ့ကို ဆောင်ကျဉ်းသော လေပြေလေညှင်းနှင့်လည်း
တူပါတယ်။ စာပေသည် အေးချမ်းခြင်းကို ဝေမျှပေးသော..... ဆောင်းနှင်းပွင့်လေးများနှင့်လည်း တူပါတယ်။
စာပေသည် ဘ၀အတွက် ကြောက်ရွံ့ခြင်းများ ကင်းဝေးစေသော.... လုံခြုံနွေးထွေးစေသော နေရောင်ခြည်
နုနုလေးနှင့်လည်းတူပါတယ်။ စာပေသည် ဘ၀၏ ရှေ့ဆောင်လမ်းပြလည်းဖြစ်ပါတယ်။ စာပေသည်ခေတ်
ကို ပြောင်းလဲစေသော ဖန်ဆင်းရှင်နှင့်လည်း တူပါတယ်။ စာပေဖြင့်လူသားတစ်ရပ်လုံး၏အကျိုးကို ဖြစ်ထွန်း
စေနိုင်ပါတယ်။ စာပေဖြင့် အလှဆုံးပန်းများကိုလည်း ပွင့်လန်းစေနိုင်ပါတယ်။တစ်နည်းအားဖြင့် စာပေသည်
လူသားတို့၏ ကိုးကွယ်ရာလည်း ဖြစ်ပါတယ်။ လူသားများသည် စာပေကို အမှီသဟဲပြုရပါမယ်…… စာပေ၏
လမ်းပြမှုအောက်တွင်သာ လျှောက်လှမ်းရပါမယ်…။ စာပေဖြင့် လိုချင်သောအရာများကိုဖန်တီးရယူရပါမယ်
ခေတ်အဆက်ဆက် စာဆိုတော်ကြီးများသည်လည်း စာပေဖြင့် တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို ဆောင်ရွက်
ခဲ့ကြပါတယ်။ စာပေဖြင့် လောကအကျိုး၊ လူသားများ၏ အကျိုး၊ သတ္တ၀ါအများ၏ အကျိုးကို ဆောင်ရွက်ခဲ့ကြ
ပါတယ်။
ဤသို့သော အကျိုးကျေးဇူးများလှသည့်စာပေပညာရပ်များ၏အခြေခံသည်အဓိပ္ပါယ်
ပြည့်ဝနေသော….အလှ တရားတို့ဖြင့် ပြည့်စုံသော၊ ထူးဆန်းခိုင်မာသော ပြောင်းလဲခြင်းကင်းသော.. အစွန်း
မထွက် တစ်ဘက် စောင်းနင်းမဖြစ်သော…ညီညွတ် မျှတသော……… ကတိတရားကင်းစင်သော ၀လုံးလေး
များမှ တဆင့် ထိုးထွက်ဖြစ်ပေါ်သွားခြင်းများသာဖြစ်ပါတယ်။
လောက၏ အစ၊ တစ်ဦးတစ်ယောက်ခြင်း၏ သမိုင်း၏ အစ ဖြစ်သော... ၀လုံးလေး
များကို လူသားတို့၏ တာဝန်အနေဖြင့် ….. တတ်စွမ်းသမျှ လှအောင်ဖန်တီးနိုင်ဖို့ လိုပါတယ်….။
လူတိုင်း လူတိုင်း... ကိုယ်စီ စိတ်ထားလေးတွေလှအောင် ဖန်တီးပြုပြင်ရင်း ၀လုံးလေး
လှအောင်ကြိုးစားကြပါ……။
တကယ်တော့ တရားသဘောဖြင့် ကြည့်ပါကလည်း လူ့ဘ၀ဆိုသည်မှာ....သဲသောင်
ပေါ်တွင် ရေးခြစ်ထားခဲ့တဲ့ ၀လုံးလေးလို ရေတွေတိုက် စားရင်း… လေတိုက်ခတ်ပြီး သဲမှုန်တွေ အုပ်ဖုံးရင်း
အချိန်ကာလတစ်ခုမှာ ပျောက်ကွယ်ပျက်စီး သွားတတ်တာကို သတိရစေဖို့နဲ့ မပျောက်ကွယ်မှီအချိန်လေး
များတွင် ဒီသဲသောင်လေးတွေပေါ်ကိုရောက်ရှိလာသောသူများ တွေ့မြင်ခံစားနိုင်အောင် ၀ိုင်းစက်နေသော
ဝလုံးလေးများကို မြင်ရယုံမျှဖြင့် ကျေနပ်အောင် သဘောကျနှစ်သက်အောင် စွမ်းဆောင်နိုင်ခြင်းများကို
တတ်စွမ်း သလောက် ဖန်တီးကြပါလို့ တိုက်တွန်းရင်း ရှေး ခေတ်အဆက်ဆက်မှ ယနေ့ထက်တိုင် ပေါ်ထွန်း
နေကြသော စာဆိုရှင်များအား ဦးညွတ် ဂုဏ်ပြုလျှက်….
အလှဆုံးဝလုံးလေးတွေကိုလည်း ရေးဖွဲ့နိုင်ကြပါစေကြောင်း….. ဆုမွန်ကောင်းများ
တောင်းအပ်ပါတယ်။ပျော်ရွှင် ချမ်းမြေ့ကြပါစေဗျာ……… (ကွန်ဆူးမား)