မြန်မာမိန်းကလေးများ မြန်မာဆန်ဆန် ရိုးရိုး ယဉ်ယဉ်ကလေး ဝတ်ဆင်သောအားဖြင့် အလိုလို ဂုဏ်အင်္ဂါ(၁၃)ပါး ဝင်ရောက်လို့ လာပါတယ်။ ဂုဏ်အင်္ဂါ (၁၃)ပါးကတော့..... (၁)မြင်သူတကာတို့၏ စိတ်ကို ကြည်နူးမှု ရရှိစေခြင်း၊(၂)ဣနြေ္ဒကြီးသူအဖြစ် လူ လေးစားဖွယ်ဖြစ်ခြင်း၊(၃)အထင်သေး အမြင်သေး လူ ကြည့်ခံခြင်းမှ ကင်းစေခြင်း၊ (၄)မည်သည့်နေရာမဆို ရဲရဲဝံ့ဝံ့ ဝင်ထွက် သွားလာနိုင်ခြင်း၊(၅)သိမ်ငယ်စိုးရွံ့ မှုများမှ ကင်းစေခြင်း၊(၆)ညစ်ညမ်းသော စကားလုံး များဖြင့် နောက်ပြောင်ခံရမှုများမှ ကင်းစေခြင်း။ (၇)စိတ်လက်ပေါ့ပါးစွာ နေထိုင်ခွင့်ရရှိခြင်း၊ (၈)ပြစ်မှားလိုသော ယုတ်ညံ့သည့်စိတ်များ ဖြစ်ပွားမှု နည်းပါးခြင်း၊(၉)လူကြီး လူကောင်းနှင့် ပညာရှိတို့၏ ချီးမွမ်းခံထိုက်သူ ဖြစ်ရခြင်း၊(၁၀)သိမ်မွေ့ သည့် ဝတ်ဆင်မှုက မိမိ၏ ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေနိုင် ခြင်း၊(၁၁)ရိုးသားမြင့်မြတ်သော အမျိုးကောင်း သား အမျိုးမြတ်တို့ကို ရယူပိုင်ဆိုင်နိုင်ခြင်း၊ (၁၂)လူကုန်ကူးသူတို့၏ အန္တရာယ်များနှင့် အခြား အန္တရာယ်များမှ ကင်းဝေးစေနိုင်ခြင်း၊ (၁၃)အမျိုးဂုဏ်စောင့်သိစွာဖြင့် ရိုရာယဉ်ကျေးမှု အမွေကို ဆက်လက် ထိန်းသိမ်းရာရောက်ခြင်း တို့ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာမိန်းကလေးများ မြန်မာ ဆန်ဆန်လေးဖြင့် ရိုးရိုးယဉ်ယဉ် အလှဆင် နိုင်ကြပါစေဗျာ.........
↧