Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“တစ်ခါကသူမနှင့်…ရန်ကုန်”

$
0
0

“တစ်ခါကသူမနှင့်…ရန်ကုန်”

လွန်ခဲ့သောသုံးနှစ်တာကာလတုန်းကပေါ့…သူမ မယောင်မလည်နှင့်ပင် ရန်ကုန်မြို့ကြီးကို ရောက်လာခဲ့မိသည်၊ မယောင် မလည်ဟုဆိုသော်ငြားလည်း လုံးဝမသိကာမျှတော့မဟုတ်၊ သိသင့်သည်များကိုတော့ သူမသိနေခဲ့သည်။ ရန်ကုန်မြို့ဆိုသည် ကို ကြားဖူးခဲ့သည်မှာ အကြိမ်ကြိမ်အခါခါပင်…အဖော်များနှင့် သွားရောက်လည်ပတ်ဖူးဟန်ရှိသော်လည်း…တစ်ယောက်တည်း ဆိုပြန်ရင်တော့ ကြက်သီးများပင် ထမိခဲ့သည်၊ ထိုနေ့က သူမခရီးစထွက်ခဲ့သည်…ညအချိန်က အတော်လေးမှောင်နေပြီဆိုတော့ ဘာမျှပင်မမြင်ရ၊ သဲသဲကွဲကွဲလည်းရှိဟန်မထင်၊ ကားပေါ်မှ ခရီးသည်များက အိပ်စပြုနေပြီ၊ ကားကြီးတစ်စီးလုံးမှာတော့ ကားမောင်းသူ၊ ကားနောက်လိုက်သူတို့၏ ကားအချက်ပြစကားသံများမှလွဲ၍ ဘာမျှပင်မကြားရချေ။ အေးအေးချမ်းချမ်းဆောင်းဦး ကာလဆိုပေမယ့် ရန်ကုန်မြို့အ၀င် ထောက်ကြံ့အရောက်မှာတော့ တစ်ကိုယ်လုံး နွေးကနဲနေအောင်ဖြစ်သွားရသည်။

သူမတို့ကားဆိုက်သည့်အချိန်က မနက်(၂)နာရီခွဲ၊ ကားပေါ်မှအဆင်း ကြိတ်ကြိတ်တိုးနေသော ဈေးသည်၊ ဈေးဝယ်များက ရောင်းဝယ်ဖောက်ကားလို့နေကြသည်၊ သူမ ဖျတ်ကနဲကြည့်မိသည့်အချိန် မြို့ထဲသို့သွားမည့်ဘတ်(စ်)ကားတစ်စီးရောက်ရှိလာ တော့သည်၊ ထိုကားပေါ်မှ အော်သံတစ်ခုကြားလိုက်ရသည်၊ သူမတို့မြို့နှင့်မတူသော ခေါ်သံတစ်ခုရယ်ပါ…

“သမိုင်း….စော်ဘွားကြီး….မင်္ဂလာဒုံ”ဆိုပါလား..ထိုသို့အော်သံကြားပြီးနောက် သူမသွားချင်သည့်နေရာ မင်္ဂလာဒုံသို့လိုက်ပါရန် ထိုကားပေါ်သို့ အပြေးတက်ခဲ့လိုက်သည်၊ ကားပေါ်တွင်လည်း ခရီးသည်တွေက အနည်းအကျဉ်းမျှသာ၊ ဟိုဟိုဒီဒီလှည့်ကြည့်မိရာ နှုတ်ဆက်မည့်သူမရှိ၊ စကားပြောမည့်သူပင်မတွေ့ရပေ၊ သူမ စဉ်းစားမိလိုက်ပါသည်…“အော်…ကိုယ့်မြို့နဲ့များတော့ ကွာပါ့”ဟုဆို ပြီး နှုတ်ဆိတ်စွာဖြင့်ပင် ဆက်၍စီးလာခဲ့သည်….။

မင်္ဂလာဒုံကိုရောက်လာခဲ့ပြီ…များပြားရှုတ်ပွေလှသော လူများ၊ အငှားယာဉ်များနှင့် ဘတ်(စ်)ကားများကလည်း အစီအရီ၊ သူမ  ခရီးဆက်ရမည်က မဟာဗန္ဓုလပန်းခြံအ၀ိုင်းထိ…သူမတို့မြို့တွင်တော့ ယာဉ်လိုင်းများက တသီးတသန့်နှင့်သာ လူဦးရေကလည်း ထိုလောက်မများပြား၊ မျက်စိလည်စရာလည်းမရှိ၊ ခါးပိုက်နှိုက်၊ အလုအယက်များပေါများသည်ဟု ဆိုထားပြန်တာကြောင့်လည်း  မိမိတွင်ပါလာသည့်ဟန်းဘတ်အိတ်ကို ဂရုစိုက်ရပြန်သေးသည်၊ အတော်အတန်ကြာတော့…

“၈မိုင်…ဘူတာ…မြေနီကုန်း…”ဟုဆိုပြီး အော်သံတစ်ခုကြားလာရပါပြီ..ရန်ကုန်မြို့မှ ကားတွေက သူမတို့မြို့ကလိုမဟုတ်တာ တော့သေချာနေပြီ…တရကြမ်းမောင်း…တရကြမ်းရပ်ပါပဲ…ကားပေါ်သို့ တက်မည်အပြုတွင်..များလှသောလူတွေကြောင့် နောက်ဆုံးမှပင်ကျန်နေခဲ့ရပါသည်..သူမစိတ်ထဲ အတွေးတစ်ခုဝင်လာတော့သည်…

“သြော်..ကိုယ့်မြို့မှာဆို ဒီလို လုတက်စရာမလိုပါဘူး”လို့လေ..ဒီလိုနဲ့ ကားပေါ်သို့အရောက် ထိုင်စရာထိုင်ခုံရှာရပါတယ်…ထိုင်ခုံ ဆိုလို့ လွတ်သည့်ခုံ မည်၍မည်မျှပင်မရှိပါ..လူအုပ်ကြားထဲ အတင်းတိုးဝင်မိပြီး ကားက “ကျွီ”ကနဲဆိုပြီး ဘရိတ်အုတ်လိုက်တော့ သူမခန္ဓာကိုယ် ယိမ်းကနဲဆို လဲကျမတတ်ဖြစ်လာတော့..အခြားဘေးမှ ခရီးသည်တစ်ဦးက …

“အစ်မလေးကလည်း..အပေါ်မှာ လက်ကိုင်ကွင်းလေးရှိတယ်လေ….အဲ့ဒီကိုကိုင်ထားလိုက်”ဟုဆိုပြီး သူမလည်း ရှက်စနိုးဖြင့် အပေါ်ကိုမော့ကြည့်လိုက်မိရာ…စတီးလက်တန်းလေးပေါ်မှာ ပလတ်စတစ်ကွင်းအ၀ိုင်းလေးတွေက တွဲလောင်းကျလျက်ဖြစ်နေပါ တယ်…သူမကိုင်မည်ဟု လက်ကိုမြှောက်ကြည့်လိုက်ရာ သူမအရပ်နှင့် အတော်ပင်လှမ်းနေ၍ သေချာစွာပင် ဆုပ်ကိုင်ထား ခဲ့ရတော့ပါသည်…။ ဒီလိုဖြင့်…သွားမည့်ခရီး ရောက်မည်လော..ရောက်မည်လောဟုလည်း နားကစွင့်ရပါသေးသည်.. ဘေးမှပါလာခဲ့သော အထုတ်ကြီးကလည်း မည်သူမျှပင် ကူညီရမည်မသိ… ဘာသိဘာသာနှင့်ပင်နေတတ်ခဲ့ကြသည်… ခရီးတ၀က်အကြာမှာတော့ သူမ စိတ်ကလေးအတော်ဆိုးလာသည်…

“အော်..ရန်ကုန်…ရန်ကုန်…ဒါလားဟဲ့”ဟုဆိုပြီး စိတ်ထဲမှ ကြိမ်းဝါးနေမိတော့သည်…၊ မြို့ထဲကိုရောက်လာသည်နှင့်ပင်..လူဦး ရေက မြို့အစနှင့်ပင်မတူတော့ပါ..၀တ်စားဆင်ယင်မှုများကလည်း အတော်ပင်ကွာခြားနေလှသည်…စကတ်အတို..အကျပ်… အချို့တွေက ပေါင်အလယ်မီနီစကတ်များနှင့်…အချို့ကလည်း ဂျင်းပင်ဘောင်းဘီအရှည်များ၊ ၀တ်စားဆင်ယင်မှုတွေတင် မကပါ.. မျက်နှာအပြင်အဆင်များကလည်း သူမတို့မြို့နှင့်မတူ…ဘတ်(စ်)ကားလူအုပ်ကြားကနေ သူမှ လှမ်းကြည့်မိလိုက်သည်… သရီးစတပ်ဆံပင်အဖြောင့်အတိုလေးနဲ့…ကောင်မလေးရဲ့ အချိုးအစားလေးကလည်း ပြေပြစ်နေတာပဲ၊ ၀တ်ထားသည့်ဒီဇိုင်းလေး ကလည်း ခပ်မိုက်မိုက်..မီနီစကတ်ဂျင်းအတိုလေးကို…အလယ်က အက်ကြောင်းလေးခွဲထားသေးသည်…သူမ သဘောတွေ ကျနေမိသည်…စိတ်ထဲမှလည်း တီးတိုးရေရွတ်နေလိုက်မိသည်…

“လှလိုက်တာ…ငါနဲ့များ ဘာမှမဆိုင်ပါလား”ဟု သူမစီးလာသောကားက ထိုကောင်မလေး၏ရှေ့သို့ ကျော်တက်လာခဲ့ပြီ..စပ်စုချင် နေသောစိတ်တို့က တားမရခဲ့ပြီ…စတီးလက်ယန်းတန်းကို ကိုင်တွယ်ထားရသည့်လက်ကလည်း နာလှပြီ…သူမသမင်လည်ပြန် လှည့်အကြည့်မှာတော့..ကောင်မလေး၏၀တ်စားဟန်တို့က…ရူပကာနှင့်ပင်လိုက်ဖက်မှုမရှိ…သူမတစ်ချက်ကလေးပြုံးလိုက်မိသည်.. ပြီးနောက်…

“အော်…ခေတ်နဲ့အညီ…ခေတ်နဲ့အမှီဆိုတာ…ဒါကိုပြောတယ်ထင်ပါရဲ့လေ…”ဟုဆိုပြီး ကားနောက်လိုက်သူ၏ မှတ်တိုင် အတက် အဆင်းအော်သံကို နားစွင့်နေမိလိုက်တော့သည်၊ ဆယ့်ငါးမိနစ်လောက်အကြာမှာတော့..

“မြို့ထဲသမားတွေ…ရောက်ပြီနော်”ဟု ကားသမား၏အော်သံသဲ့သဲ့တို့က သူမ၏နားသို့ တိုက်ရိုက်ကြားလိုက်ရချိန်..ကားပေါ်မှ ဆင်းမည်အပြုတွင်တော့…

“လာ..လာ..လာညီမလေး…၊ ဒီကအစ်ကိုတို့က…မြန်မြန်ဆင်းလေ…ကြည့်မနေနဲ့…ကြည့်မနေနဲ့…ခုမှတွေ့ဘူးတာမဟုတ်ဘူး…” ထိုကားသမား၏ အပြုအမူ..အပြောအဆိုကို ကြားလိုက်ရသည်နှင့် သူမ ကြက်သီးမွေးညင်းထသွားခဲ့သည်…ထို့နောက် ကားဆရာ ရပ်ပေးသည့်လမ်းမရှေ့တည့်တည့်ကို လျှောက်သွားမိသည်၊ သွားချင်သည့်နေရာမဟုတ်မှန်း စိတ်ကသိလိုက်ရသည်၊ ထို့နောက် ရှေ့လမ်းချိုးလေးက အသက်လေးဆယ်အရွယ်လူကြီးကို မေးကြည့်လိုက်သည်..

“ဦးလေး..တရားရုံးချုပ်ကို ဘယ်ကနေသွားရမလဲ”

“တူမကြီး…ဒီဘက်လေးကိုသွားလိုက်နော်…”

ထိုလူကြီးပြောသည့် ဒီဘက်လေးဆိုသည်ကို သူမနားမလည်…ဒါနှင့်ပင် သူမလျှောက်လာသည့်လမ်းနှင့် မနီးမဝေးမှ လမ်းဆုံတစ်ခုကို လျှောက်လာမိသည်..သူမကို လူတွေက၀ိုင်းကြည့်နေသည်၊ မျက်နှာထားတည်တည်နှင့်ပင် လျှောက်လာခဲ့သည်၊ ခြေလှမ်းငါးလှမ်းသာသာမျှလောက်မှာတော့ သူမသွားချင်သည့်နေရာမဟုတ်ပြန်..တစ်ခုခုတော့ သတိထားမိခဲ့ပြန်သည်၊ ပန်းခြံအ၀ိုင်းကြီးနားတွင် လှည့်ပတ်နေမိသည်..သူမအဖို့ အတော်ပင်ခရီးကြမ်းလှသည်ထင်သည်၊ ထိုအချိန်တွင်ပင် အတွေးတစ်ခု တို့ကစိုးမိုးထားပြန်သည်…၊ကိုယ့်အားကိုယ်ကိုးခြင်းဆိုတာ..ထိုအရာကိုခေါ်နိုင်သည်ထင်ပါရဲ့၊ မြေခြား..ရေခြားမဟုတ်ပေမယ့် မြို့လေးတစ်ခုခြားနားခြင်း၊ နေရာဒေသကွဲလွဲခြင်းတွေမှာ…လူမျိုးချင်း..အသွေးအရောင်…စိတ်နှလုံးတွေ..ဓလေ့တွေကလည်း ကွာခြားလိုက်ပါဘိဟု ညည်းတွားရင်းဖြင့်ပင်..အ၀ိုင်းပတ်ကို ပတ်လာရင်း..သူမသွားလိုသည့်နေရာသို့ ရောက်ရှိလာခဲ့တော့သည်။

သူမကိစ္စတွေပြီးဆုံးသည့်အခါ..မြို့ပြ၏မွန်းကျပ်မှုတွေက သူမတို့မြို့လေးနှင့် အမှန်ပင်ကွာခြားခြင်းဖြစ်နေသည်..ဖော်ရွေမှုမရှိ သော မျက်နှာစိမ်းများ၊ ယာဉ်တစ်စီးပေါ်ရောက်သည်နှင့်ပင်…သူမသိ..ကိုယ်မသိဖြင့် ဖေးကူညီခြင်းမရှိ၊ ကိုယ့်စတိုင်နှင့်ကိုယ်… ကိုယ့်ရေမြေနှင့်ကိုယ်တွေသာဖြစ်နေကြသည်။ လူတို့၏ကိုယ်မှ ထွက်ပေါ်လာသော ကိုယ်သင်းရနံ့တွေကလည်း ခံနိုင်ရည်ပင်မရှိ တော့ပြီ…၊ မြို့ပြ၏မွန်းကျပ်မှုတွေက သူမအား မိမိမြေကို ပြန်စေချင်လောက်အောင်ပင် ဆွဲဆောင်မှုအားကောင်းလှသည်၊ အတွေးတစ်ခုတွေးရင်းဖြင့် သူမ ပြုံးလိုက်မိသည်ကတော့…တစ်ချိန်က ရန်ကုန်ဟာ…ယခုလည်းပဲ ဒီလိုဖြစ်နေမလား… အရာရာ ပြောင်းလဲနေခဲ့ပြီလား..စိတ်ထဲတွင်စဉ်းစားမိရင်း သူမ၏မြို့လေးကို ပြန်ရတော့မည်ဟု..အပျော်တွေတပွေ့တပိုက်ဖြင့် ထုတ်ပိုးပြီး….ရန်ကုန်မြို့ကြီးကနေ ပြန်လည်ထွက်ခွာလာခဲ့မိ ပါတော့သည်……။

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>