ကျွန်တော် ငယ်ငယ်က ``အိုဟင်နရီ၏ ၀တ္ထုတို(၅)ပုဒ် ´´ဟူသောစာအုပ်လေးတစ်အုပ်ကို ဖတ်ဘူးသည်၊ မည်သူ
ရေးခဲ့မှန်းလည်း မမှတ်မိ၊ မည်သည့် ခေါင်းစဉ်များ ပါရှိသည်ကိုလည်း မသိတော့....၊ မှတ်မှတ်ရရတောပုန်းဓါးပြကြီးနှင့် ဆတ္တာသည်
အကြောင်းကိုတော့ဖြင့် မကြာခဏသတိရနေတတ်ခဲ့ပါသည်။
သက်ဆိုင်ရာမှ ဆုတော်ငွေအထုတ်ခံထားရသောတောပုန်းဓါးပြကြီးသည် ဆတ္တာသည်တစ်ဦးထံတွင် မုတ်ဆိပ်နှင့်
ပါးမြိုင်းမွေးများကိုရိတ်သင်ခဲ့သည်....၊ ဆတ္တသည်သည် ရိပ်သင်နေစဉ်အတွင်း သင်တုန်းဓါးဖြင့် လည်မြိုသို့ တစ်ချက် လှီးလိုက်ရသော်
ကောင်းမည်လား ဟု အကြိမ်ကြိမ် အခါခါ ချီတုံ ချီချဖြင့် အမျိုးမျိုးစဉ်းစားခဲ့သည်။ တောပုန်းဓါးပြကြီးသည် ဆတ္တာသည်နှင့်ဆန့်ကျင်စွာ
ပင် ရိတ်သင်နေစဉ်အတွင်း အေးအေးလူလူ မှေးစက်နေခဲ့သည်။
ဆတ္တာသည်၏ မလှမပ အတွေးနှင့်စိတ်ကူးများအရာမရောက်ပဲ အချိန်တန်သောအခါရိတ်သင်ခြင်းပြီးလေသည်။
တောပုန်းဓါးပြကြီးသည် အကြောက်အရွံ့ကင်းစွာပင် ဆတ္တာသည်အား ကျသင့်ငွေရှင်းပေးရင်း `` တကယ်တော့ အကြောင်းမဲ့လူတစ်
ယောက်ကို သတ်ဖို့ဆိုတာ မလွယ်ဘူးဗျ...´´ ဟု ပြုံး၍ ပြောကာ ထွက်ခွါသွားကြောင်း ဖတ်ခဲ့ရသည်။
ထိုဇာတ်လမ်းထဲမှ ဆုငွေသည်(၁၀၀)ဖြစ်ကောင်း ဖြစ်ပါမည်..၊ (၁၀၀၀၀)လည်း ဖြစ်ကောင်းဖြစ်ပါသည်။ မည်မျှ
ဆိုသည်ကို မမှတ်မိသော်လည်း ဇာတ်လမ်းဖော်ပြချက်အရ လိုချင်တပ်မက်စရာ ဖြစ်လေသည်။ ဆတ္တာသည်အနေဖြင့် ဆောင်ရွက်ရန်
လွယ်ကူသော အခြေအနေလည်း ဖြစ်ပါသည်...။ လူငယ်ပီပီ ``ဆတ္တာသည်ကလည်းကွာ.... တစ်ချက်တည်းလှီးလိုက်ရင် ရနေလျှက်
သားနဲ့ခေါင်းရိတ်တဲ့ သင်တုန်းဓါးဆိုတာ အက်မတန်ထက်တဲ့ဟာကို´´ဟု မချိတင်ကဲ တွေးဖြစ်ခဲ့သည်။ ထိုအတွေးများအတွက်လည်း
သံသယကင်းစွာ ကိုယ်တိုင်ပင် ထောက်ခံခဲ့ပါသည်။ တောပုန်းဓါးပြကြီးသည် လူအများကို ဒုက္ခပေးနေသူဖြစ်လေသည်။ အခြေအနေ
အရလည်း ပိတ်စဖြင့်လည်တိုင်မှစ၍ ချည်နှောင်ဖုံးအုပ်ထားခြင်းခံထားရလေသည်။ လက်လှမ်းမမီနိုင်သောနေရာတွင်လည်းသေနတ်
ပါသော ခါးပတ်ကို ချိတ်ထားလေသည်၊ ထို့အပြင် ဆံပင်ညှပ်သော ခုံတွင် အေးအေးလူလူ မှေးစက်နေလေသည်။
ထိုဇာတ်လမ်းလေးကို မှတ်မှတ်ရရ ရှိနေတတ်ခဲ့ရာမှ အရွယ်ရောက်လာသော တစ်နည်းအားဖြင့် စဉ်းစားတတ်
လာသော အရွယ်တွင်ဖြစ်ချင်သည့် စိတ်ထားနှင့် ဖြစ်သင့်သော အခြေအနေများကို ချိန်ဆ တတ်ခဲ့ပါသည်။ ယခင်က မချိတင်ကဲ ဖြစ်ခဲ့
သော ဆတ္တာသည်ကို အနည်းငယ် နားလည်စပြုမိလာခဲ့သည်...။ ဆတ္တာသည်သည် သမ္မာအာဇီဝကျသောသိမ်မွေ့သည့် လုပ်ငန်းဖြင့်
အသက်မွေးနေသူဖြစ်လေသည်။ ဆိုင်သို့ လာရောက်သူများအား ဆံပင်ညှပ်ခြင်း မုတ်ဆိတ်နှင့်နှုတ်ခမ်းမွှေးများ ပါးမြိုင်းမွှေးများကို
ရိတ်သင်နေစဉ်အတွင်း ဘာသာရေးကိုသော်လည်းကောင်း...၊ စီးပွါးရေးကိုသော်လည်းကောင်း၊ လူမှုရေးကိစ္စအ၀၀ကိုသော်လည်း
ကောင်း၊ အခြား နိုင်ငံရေးနှင့် ဗဟုသုရဖွယ်ရာများကို သော်လည်းကောင်း နှစ်ဦးသားပြောကြားနေကြပါမည်... ထိုသို့ပြောကြားနေခဲ့
သော အကြောင်းအရာများသည်လည်း သိမ်မွေ့နူးညံ့ခြင်း သဘောများကိုသာ ဆောင်ပါလိမ့်မည်..၊ ထို့အတူဆတ္တာသည်၏စိတ်နှလုံး
သည်လည်း နူးညံ့ညင်သာခြင်း သဘောကို ဆောင်ပါလိမ့်မည်..၊ ထို့အတူ ရုပ်အဆင်းသည်လည်း အစွန်းထွက်ခြင်းကင်းကာ သာမန်
မျှသော သဘောသာ ရှိနေပါလိမ့်မည်။
ဤသို့ ဆိုလျှင် ရက်စက်ကြမ်းကြုတ်သော တောပုန်းဓါးပြကြီးအား မည်သို့မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ...။
ယှဉ်ပြိုင်လိုစိတ်လည်း ရှိမည်မဟုတ်ပါ...၊ မိမိမကျွမ်းကျင်သောသတ်ဖြတ်ခြင်းအလုပ်ကိုလည်း ဆုကြေးငွေကိုလိုချင်သော လောဘ
စိတ်အရ အကြိမ်ကြိမ်ကြံစည်နေသော်လည်းမသိစိတ်မှ ဟန့်တားနေခဲ့ပါမည်။ ထို့ကြောင့် ဆတ္တာသည်၏အတွေးများအထမမြောက်
ခဲ့ခြင်းအပေါ် သဘာဝကျသည်ဟု နားလည်ပေးတတ်ခဲ့ပါသည်။
ယနေ့အချိန်တွင် ကျွန်တော်သည် လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိခဲ့ပါပြီ၊ ငယ်ငယ်က ဖတ်ခဲ့ဘူးသော ``အို
ဟင်နရီ၏ ၀တ္ထုတို(၅)ပုဒ်´´အား သတိရနေခဲ့ပါသည်...၊ ထိုအထဲမှ အထက်တွင် တင်ပြခဲ့သော တောပုန်းဓါးပြကြီးနှင့် ဆတ္တာသည်
ကြီးကိုလည်း အမှတ်ရနေတတ်ခဲ့ပါသည်....၊ ထို့အတူ ငယ်စဉ်ကအတွေးများ၊ အရွယ်ရောက်သော နားလည်ခြင်းများအပြင် ယခု
အချိန်တွင် တောပုန်းဓါးပြကြီး၏ အရည်အသွေးကိုလည်း နားလည်တတ်ခဲ့ပါပြီ...၊ ခွဲခြမ်းစိတ်ဖြာတတ်ခဲ့ပါပြီ...။ ထို့အတူ စာဖတ်သူ
များအတွက် ရေးဖွဲ့မထားပဲ... ချန်ထားရစ်ခဲ့သော အိုဟင်နရီ၏ အတွေးအခေါ် အယူအဆကိုလည်း မိမိကိုယ်တိုင်ဘာသာပြန်တတ်ခဲ့
ပါပြီ....။
တောပုန်းဓါးပြကြီးသည် ဆိုးသွမ်းရက်စက်သူဖြစ်ပါသည်.။ မည်သည့်အတွက်ကြောင့် ရက်စက်ခဲ့ပါသနည်း၊
လိုချင်ရာကို လွယ်ကူစွာရယူနိုင်ရန်အတွက်ဖြစ်ပါသည်။ တောပုန်းဓါးပြကြီး၏ ရက်စက်မှုအား တဆင့်စကားမှသည် အများ သိခဲ့ပါ
လိမ့်မည်။ တာဝန်ရှိသူများလည်း သိခဲ့ပါလိမ့်မည်၊
တောပုန်းဓါးပြကြီးသည် လုယက်တိုက်ခိုက်ရန်အတွက် ၄င်း၏ ရည်မှန်းချက်နေရာကို ကြိုတင်၍အသေးစိတ်
လေ့လာထားပါလိမ့်မည်....၊ ပြန်လည် ရင်ဆိုင်နိုင် သည့် အင်အားကိုလည်း ကြိုတင် စုံစမ်းထားရပါလိ့မ်မည်...၊ ထို့အပြင် ၄င်းသည်
ကြံ့ခိုင်သန်စွမ်းသော ကိုယ်နေဟန်ထားရှိရပါမည်...၊ လုပ်ရဲကိုင်ရဲသော သတ္တိလည်း ရှိရပါမည်၊ ရက်စက်နိုင်သော အယူအဆလည်း
ရှိရပါမည်...၊ လျှင်မြန်ပါးနပ်မှုလည်း ရှိရပါမည်..၊ အပင်ပန်းလည်းခံနိုင်ရပါမည်...၊ အချိန်အခါကို စောင့်ကြည့် လုပ်ကိုင်နိုင်သော ဇွဲ၊
လုံ့လနှင့်လည်း ပြည့်စုံရပါမည်...၊ ထို့အပြင် သတိကြီးစွာထားတတ်ရန်လည်း လိုအပ်ပါသည်။ ထိုထိုသော အချက်များ ပြည့်စုံသဖြင့်
၎င်း၏လုပ်ငန်းအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ထို့ထက် ထူးဆန်းသည်မှာ ဆုတော်ငွေအထုတ်ခံထားရသော အချိန်.၊ လူအများသိရှိနိုင်သောအခြေအနေ
တွင် တစ်ချက်တည်းဖြင့် ဇီဝိန်ခြွေနိုင်သော ဆတ္တာသည်ထံတွင် အေးအေးလူလူပင် မုတ်ဆိတ်နှင့် ပါးမြိုင်းမွှေးများကို ရိပ်သင်သွားခဲ့
သည့်အပြင် လူတစ်ဦးတစ်ယောက်အား အကြောင်းမဲ့ သတ်ရန် မလွယ်ကူကြောင်း နှုတ်ဆက်စကားကို ပြောကြားသွားခဲ့ပါသည်။
တောပုန်းဓါးပြကြီးသည် ၄င်းနှင့် ရင်ဆိုင်ကြုံတွေ့ရသူများ၏ စိတ်သဘောထား အခြေအနေ အမှန်ကို
တတ်ကျွမ်းနားလည်သူ တစ်ဦး ဖြစ်ကြောင်း သိရှိခဲ့ရပါသည်...။ ဆတ္တသည်သည် တောပုန်းဓါးပြကြီးကိုအပေါ်ယံသာနားလည်ခဲ့ပြီး
တောပုန်းဓါးပြကြီးသည် ဆတ္တာသည်အား အတွင်းကျကျသဘာဝကျစွာ နားလည်ထားခဲ့သူဖြစ်လေသည်....၊
ထို့အပြင် တောပုန်းဓါးပြကြီး၏ မုတ်ဆိတ်နှင့် ပါးမြိုင်းမွှေးများအားရိတ်သင်နေစဉ်အတွင်းစိတ်အတွင်းမှ
ဖြစ်ပေါ်နေသောအတွေးဖြင့်ရိတ်သင်နေစဉ်အတွင်း စိတ်လှုပ်ရှားမှုကြောင့် အစီအစဉ်မကျသော ဆောင်ရွက်မှုများကိုလည်းသတိ
ထားမိခဲ့ပါလိမ့်မည်...၊ ထို့အတူ မှေးစက်ချင်ယောင်ဆောင်၍ ဆတ္တာသည်၏ လုပ်ဆောင်ချက်ကိုလည်း ကောင်းစွာ သတိထားနေ
ပေလိမ့်မည်...။ ဆတ္တာသည်မှ အန္တရာယ်ပေးရန်အတွက် တစ်စုံတစ်ခု လုပ်ဆောင်လာခဲ့သော် မည်သို့ ပြန်လည် ခုခံရန်ကိုလည်း
အသင့်ပြင်ဆင်ထားပေလိမ့်မည်...။
စဉ်းစားရင်း တွေးတောရင်းဖြင့် အတွေးလေးများ လှပစွာ ပျံသန်းကျေနပ်ခဲ့ဘူးပါသည်...၊ အထက်ပါ
အိုဟင်နရီသည် အချိန်ကာလအားဖြင့် သိသင့်သိထိုက်သော အတွေးအခေါ်များကို ၄င်း၏ ၀တ္ထုတိုလေးများအတွင်း များစွာ သိုမှီး
ထည့်သွင်းသွားခဲ့ပါလိ့မ်မည်။ ဘ၀ခရီးလမ်းကို လျှောက်လှမ်းရာတွင် အထောက်အကူဖြစ်စေနိုင်သော အတွေးအခေါ်လေးများကို
လှပသော သာဓကလေးများဖြင့်ချန်ရစ်ထားခဲ့ပါသည်။
တောပုန်းကြီးနှင့် ဆတ္တာသည်ကြီးတို့ထံမှ တဆင့်.... ချန်ရစ်ထားခဲ့သော အတွေးလေးများသည်
ကျွန်တော့်ထံတွင် အချိန်များစွာ ရှင်သန်ကျန်ရစ်နေမည်ဖြစ်ကြောင်းတင်ပြရင်း....
လှပသော အတွေးလေးများ ရရှိနိုင်ကြပါစေဗျာ.... (ကွန်ဆူးမား)