Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ချစ်သူလာလမ်း...မျှော်မှန်းလို့ပျော်

$
0
0

    ကိုကိုရေ

ညရိပ်ကြောင့် ရေကန်ထဲတွင် လရိပ်ထင်နေသလို

ကိုကိုအချစ်ကြောင့်မေမျက်နှာပေါ်ကိုကိုမျက်နှာအစဉ်စိုးမိုးနေတယ်ကိုကိုရယ်

ပြည့်ပြည့်ဝန်းဝန်း လရိပ်လေးကတောင်မေ့ကို  မနာလိုဖြစ်နေတယ်လေ

သူအရိပ်ကမေ့မျက်နှာမှာမပေါ်ပဲကိုကိုမျက်နှာစိုးမိုးနေလို့တဲ့လေ

ကိုကိုရေမေ့ ရင်ထဲမှာလဲ လလေး တစ်စင်းသာနေတယ်

အဲဒါကိုကိုဆိုတဲ့လရိပ်လေးပေါ့ကွယ်.......

                   လရိပ်လေးကနောက်ခံတိမ်လေးကကာဗာလုပ်ထားလုပ်လှနေသလို

ကိုကို့ကြောင့်အချစ်တွေလည်းလှနေတယ်

ကိုကိုရယ် လွမ်းသလိုလို၊ နောက် တစ်ခုခုကို မျှော်လင့်နေသလိုလို......

                        ကိုကိုရေညပေါင်းများစွာထဲမှာ ဒီညကြည့်တဲ့လကလှနေသလိုပဲ 

12-12-2012 ထူးခြားတဲ့နှစ်တဲ့ကိုကို

မေဆုတောင်းမိတယ်ကိုကိုနဲ့ထာဝရမခွဲရဖို့ပေါ့

ဒီညလရောင်လေးကလှနေသလို၊ဆောင်းညကလည်းအေးမြ၊မေ့မျက်နှာပေါ်က၊

ချစ်သူမျက်နှာလဲ ကြည်လင်တယ်၊  အသိတရားတွေကို ကင်းလွတ်စေတတ်တယ်၊

မေ့ချစ်ရသူကိုကို ရှင်းသန့်နေတာ၊ မျက်နှာလေးက ဟန်ဆောင်ခြင်းလဲမရှိ၊

မာန်မာနလဲမရှိ၊ တွေဝေမိုက်မဲခြင်းလဲမရှိ ကိုကိုကြောင့် ခွန်အားတွေ ပိုင်ဆိုင်ရတယ်၊

ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင်ရတယ်၊ နောက် အနာဂတ်တစ်ခုကိုလဲပိုင်ဆိုင်ရသလိုဘဲ၊

ပြုံးပြနေရင် အားလုံးကို ကျော်ဖြတ်နိုင် မယ်လို့ ထင်ရတဲ့အထိ ခွန်အားတွေကို ပေးစွမ်းနိုင်တယ်လေ...

ချစ်ခြင်းတရားကြောင့်ထင်ပါရဲ့နော်။

                         ချစ်သူရဲ့ ဓါတ်ပုံ ကို၊ ခဏခဏကြည့်တယ်၊ ကြည့်လိုက်တိုင်းလဲ

ကိုကိုတည်ကြည်တဲ့မျက်နှာမရိုးသွားဘူး

မေလေးစိတ်ကောက်ရင်ခဏခဏချော့တတ်တဲ့ကိုကို

အလုပ်မအားတဲ့ကြားကမေလေးကိုချော့ရတာတမျိုး

ခိုင်မာတဲ့မေတ္တာ

တည်မြဲတဲ့သစ္စာ

ဘ၀ခရီးလမ်း

အတူလျှောက်လှမ်းဖို့

ကိုကိုရေ

လရိပ်လေးလို

တခဏတာတော့မသာနဲ့နော်

မေ့မျက်နှာ

မေ့နှလုံးသားထဲ

အစဉ်သာပေးလှည့်ပါကွယ်

ကိုကိုရေသဇင်ပန်းတွေပွင့်နေပြီနော်

ကိုကိုလာပန်ဆင်ပေးမယ့်သဇင်ပန်းလေးကိုမျှော်လင့်နေတယ်

ကိုကိုပြန်လာမယ့်နေ့ရက်တွေကိုလက်ချိုးရေတွက်ရင်း..............

ချစ်သူတိုင်း

ချစ်သူလာလမ်းမျှော်မှန်းလို့ပျော်နိုင်ကြပါစေ

အားလုံးကိုချစ်ခင်လေးစားလျှက်

ရှင်းသန့်မေ

 

                         


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>