စာရေးသူ ရဲ့ ဒုက္ခ
ကျွန်တော် ပိုစ် တွေမှာ ဖတ်ရှုနေတဲ့ စာဖတ် ပရိသတ်တွေ ကို ကျွန်တော် ရဲ့ အားနည်းချက်လေး
တစ်ခု ပြောပြပရစေ။
ကျွန်တော်အရင်က P2 Game ပဲဆော့တယ် ကွန်ပျူတာ ဆိုတာကို ကောင်းကောင်းတောင်
မမြင်ဖူးဘူး။
နောက်တော့ အမြဲတမ်း မြင်တွေနေရတဲ့ မြင်ကွင်းလေးတစ်ခုကြောင့်
ကျွန်တော် မခံသိမခံသာဖြစ်လို့ ကွန်ပျူတာ ကိုမတောက်တခေါက် သုံးတက်ခဲ့တယ်။
စသုံးတက်ခဲ့တုန်း က အမြဲတမ်း ဂျိတော့ မှာ နေတိုင်းလိုလို ရူးသွပ်ခဲ့တဲ့ ကျွန်တော်
ဖလက်ဆောင်း ဆိုဒ် လေး ကိုရောက်ခဲ့တယ်။
အဲ့မှာ ကဗျာ စရေးခဲ့တယ် သူများရေးတာတွေတွေ့လို့ ရေးခဲ့တယ်
ကွန်မန်း တစ်ခါတစ်လေ တစ်ယောက်ရှိတယ် အဲ့တုန်း က ကွန်မန်းဆိုတာလည်း နားမလည်ခဲ့ဘူး
နောက် မင်းကုသ ( ကိုရုပ်ဆိုး ) က ဖော်အဲ့ဗားဖရန့် အကောင့်လုပ်ပေးခဲ့တယ်။
နောက်နေ့ ကဗျာ တစ်ပုဒ် တင်ခဲ့တယ် ကွန်းမန်းပေးသူ ၇ ယောက်ရှိတယ် ပျော်လိုက်တာဗျာ
ကိုယ် ရေးတဲက ကဗျာ တစ်ပုဒ် အသိအမှတ်ပြုတော့ပေါ့။
နောက်လည်းရေးခဲတယ် ကျနော် ကြုံဆုံခဲ့တာတွေ ရွာ က အဖြစ်အပြက်တွေလည်း ရေးခဲ့တယ်
နေ့ ည အားတဲ့ အချိန် ရေးခဲ့တာ အခုချိန်ထိပေါ့ ခုနောက်ပိုင်းတော့ ပြသနာလေးဖြစ်လာတယ်။
လဘရည်ဖျော်ရင်း တွေးလိုက် ရေးလိုက်နဲ့ နောက် တူတော်မောင် က ထဆဲတယ်
မင်း စိတ်မပါရင် ၀င်မဖျော် နဲ့တဲ့ ကျနော် လဘရည်ဖျော်ရင်း တွေးတိုင်း ခနခန ဖျော်မှားတယ်။
တစ်ခါလည်း မဟုတ်တော့ အပြောခံရတယ် အားတဲ့ အချိန် ရေးပြန်တော့လည်း နှစ်လုံးရူးတွေက
ဆူညံနေတာ ရေးမရတော့ဘူး။
ခု ညတွေမှာရေးရတော့တယ် ည ကြတော့လည်း ခွေးတွေက တအူအူ နဲ့
သူငယ်ချင်း တွေက ပြောတယ် မင်းစာရေးဆရာ လုပ်မလို့လားတဲ့ မဟုတ်ပါဘူး
ငါ စိတ် ထွက်ပေါက်အနေနဲ့ ရေးနေတာပါကွာ
ယောက်ျားလေးတော်တော်များများ က ညစ်လို့ဖြစ်ဖြစ် ပျော်လို့ ဖြစ်ဖြစ် အရက်သောက်ကြတယ်
ကျွန်တော် လည်း ပါတယ် နောက် ရင်ထဲမှာ မွန်းကျပ်လာတိုင်း စာရေးတယ် ။
လိုင်းပေါ်က သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် တကယ်တော့ မင်း ပိုစ် တွေဟာ
အပျော်ဖတ်တွေတဲ့ စာ ဖတ်သူတွေ အတွက် ပညာ ရစေမဲ့စကားပါဘူးတဲ့ အဲ့ဒါ မှန်ပါတယ်
ဒါပေမဲ့
ကျွန်တော် ရေးတဲ့ ပိုစ် တွေက စာဖတ်သူ အတွက် အပျော်ဆိုပေမဲ့ ကျွန်တော် အတွက်တော့
တန်းဖိုးအရမ်းရှိပါတယ်။
အမှားများအတွက် တောင်းပန်ချင်း
ကျွန်တော် ရေးတဲ့ ပိုစ် တွေတော်တော်များများမှာ စကားလုံး သတ်ပုံတွေ မှားခဲ့တယ်
ပိုစ် တိုင်းလိုလိုပါပဲ အကို အမ တို့က စကားလုံးတွေ နည်းနည်း သတိထားရေးပါတဲ့
ဆိုဒ် တိုင်း ကျွန်တော် ကွန်မန်းတိုင်းမှာ တွေခဲ့ရတယ်။
ကျွန်တော် စရေးကာစတုန်းဆို ဒီထက်တော်တော်ဆိုးခဲ့တယ်
စာဖတ်သူ တစ်ယောက် ရဲ့ ပိုးစိုးပက်စက် ဝေဖန်ချင်း ကိုလည်း ခံခဲ့ရတယ်
စာဖတ် အမ တစ်ယောက် က ကျွန်တော် အစား ပြန်ကောခဲ့တယ် ကျွန်တော် တော့ ဘာမှ မပြောခဲ့ပါဘူုး။
အဲ့စနဲ့မှ ကျွန်တော် သေချရေးခဲ့တယ် ဒါပေမဲ့ဗျာ ကျောင်းပညာ သုံးတန်း ပဲ သင်ခဲ့ရတဲ့
အတွက် ရေးပေမဲ့ နည်းနည်တော့ အမှားပါခဲ့တယ်
ကျွန်တော် သိရက်နဲ့ တမင်တကာရေးခဲ့တာ မဟုတ်ပါဘူး ဖတ်ရတာ အဆင်မပြေမိခဲ့တဲ့ အတွက်
ကျွန်တော် ပိုစ် တွေ ဖတ်ရှုပေးတဲ့ အကို အမ တို့ ကို တောင်ပန်ပါတယ်ဗျာ။
သုံးတန်း အောင်လို့ လေးတန်း တက်ရမဲ့ အချိန်မှာ မန္တလေး အပြီး ပြောင်းလာတဲ့ အတွက်
ဝမ်းရေးအတွက် ရုန်းကန်နေရခဲ့ အတွက် ပညာ ရေးတစ်ပိုင်း တစ်စ နဲ့ ထွက်ခဲ့ရပါတယ်။
စာ ရေးတက်ရုံ ဖတ်တက်ရုံလောက်ပဲ သင်ကြားခဲ့ရတဲ့ အတွက်
ကျွန်တော် ပိုစ် တွေ မှာ အမှားတွေပါရင် ပြင်ဆင်ဖတ်ရှုပေးကြပါဗျာ
နောက် ဆို အွန်လိုင်း သုံးဖို့ မလွယ်တော့ပါဘူး စာဖတ်သူ နဲ့ လိုင်းပေါ် သူငယ်ချင်း တွေကို
ထာဝရ နူတ်ဆက်ရတော့မှာပါ။
နူတ်ဆက်မသွားခင်လေးမှာ ဆက်တင်မဲ့ ပိုစ် တွေ ကို အားပေးကြပါဥိးလို့ တောင်းဆိုပရစေဗျ။
စာအုပ် ဖတ်တယ် ဆိုတာ
လူတစ်ယောက် ရဲ့ စိတ် ၀ိညာဉ် ကို
လက် ထဲမှာ ကိုင်ထားရတာပါပဲတဲ့
ဒိတော့
သတိထား ပါ။
ကျ မကွဲနိုင်ပေမယ့်
လွင့်ပျံ ထွက်ပြေးသွားနိုင်တယ်
မေတ္တာ နဲ့ ပျော်ရွှင်ချမ်းမြေ့စရာ
အချိန်လေးထဲ့မှ
အတူတူရှိလိုက်ကြရအောင့့်။
( ဘ၀ မိက်ဆက် )
တာယာဂျလေဘီ