သို့.....
ချစ်သူ 14.12.2012
မျက်လုံးမှိတ်ပြီးစဉ်းစားမိတယ် ကိုယ်မှားခဲ့သလားပေါ့..... တစ်ယောက်ကမှားမှ တစ်ယောက်မှန်မယ်ဆိုရင် ကိုယ်မှားတယ်
လို့ပဲသဘောထားလိုက်ပါတယ်......
ဒါပေမယ့်ချစ်သူ မင်းလုပ်ဆောင်ခဲ့တဲ့အရာတွေအပေါ် နောင်ခါလာ နောင်ခါဈေး သဘောတွေနဲ့ အလုပ်တစ်ခု
အကြံတစ်ခု ကိုမလုပ်ဆောင်ပါနဲ့လား.... ဆင်ခြင်နေပါလို့ပြောမထွက်ခဲ့ဘူး... လူဆိုတာကိုယ့်ကိုကိုယ်သာအချစ်ဆုံးပါ....
တစ်ယောက်မကောင်းတာနဲ့
တစ်လောကလုံးကယောက်ျားတွေ မကောင်းမပြောပါနဲ့.... မင်းအနားမှာအရိပ်မကွာရှိနေတဲ့ကိုယ်က ယောက်ျားတစ်ယောက်ပါ...
ကိုယ်ကမင်းကို အလျော့ပေးတာနဲ့ အားလုံးက အလျော့ပေးမယ်မထင်ပါနဲ့ချစ်သူရယ်....စကားဆိုတာ နှုတ်ကပြောတာသာလွယ်တာ
အဲ့ဒီ့ကိုယ်ပြောတဲ့စကားအပေါ် တာဝန်မယူတတ်တဲ့သူတွေအတော်များတယ် ဘယ်လောက်များပါစေချစ်သူ မင်းမပါစေနဲ့...
နားလည်ရဲ့လားချစ်သူ..... မင်းအတွက်နဲ့ ကိုယ်အဆူခံရပေါင်းများခဲ့ပြီ... ရန်ပွဲတွေလဲနွဲခဲ့ဖူးပြီ
ကိုအသာတကြည်နောက်ဆုတ်ပေးခဲ့ပြီးပြီပဲ ကောင်းမယ်ထင်ရင်လုပ်တဲ့ မင်းကောင်းစားဖို့ ကိုယ်အနစ်နာခံပေးလိုက်ပါတယ်....
မင်းမသိတဲ့အချစ်ဆိုတာကို မင်းသိအောင်ထုတ်ဖော်ခွင့်မရခဲ့ပေမယ့် ကိုယ်ကျေနပ်ပါတယ်....
ဝန်ခံပါတယ် ကိုယ်မပျော်နိုင်ပေမယ့် ချစ်သူအတွက် ကိုယ်ကျေနပ်ပါတယ်....
ဘ၀ဆိုတာ မဆုံးနိုင်တဲ့အိမ်မက်ရှည်ကြီးတစ်ပုဒ်ပါ.... အနာဂတ်ကိုကြိုမြင်တဲ့သူဆိုတာ ဘုရားမှလွဲပြီး ဘယ်သူမှမသိနိုင်ပါဘူးချစ်သူ...
ဒါပေမယ့် ရောက်ရှိနေတဲ့ပစ္စုပန်ကနေ အနာဂတ်ကို မျော်ကြည့်လို့တော့ရတယ်... လုပ်သင့်လား မလုပ်သင့်လား တွေးတတ်ရင်
နောင်တဆိုတာမရဘူးချစ်သူ..... တစ်ခါတစ်ရံမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရတော့ နာကျင်ရတာတွေတော့ရှိပါတယ်...
ခံနိုင်ရည်ရှိအောင်ကြိုးစားပါချစ်သူ.... မဟုတ်မခံတတ်တဲ့စိတ်ကိုတော့ လေးစားပါတယ်ချစ်သူ.... မှန်လွန်းရင် မှားသွားတတ်တယ်ဆိုတာ
သတိရပေးပါ.... တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာဆိုတာကို အမှတ်ရပေးပါ... သူမရှိရင် မဖြစ်ဘူးလို့မတွေးဘဲ ဖြစ်အောင်နေပြမယ်ဆိုတဲ့
အတွေးကိုတွေးပါ... ကြိုးစားမှတန်ကာကျမယ့်ဘ၀အတွက် စစ်မရောက်ခင်မြားမကုန်ပါနဲ့....
မင်းအတွက် ကိုယ်စကားလက်ဆောင်တစ်ခုထားပေးခဲ့တယ်.....
လက်လျော့အရှုံးပေးခြင်းသည် ငါ၏အဘိဓာန်တွင် မရှိ တဲ့..... မင်းအောင်မြင်မှုကို
ကိုယ်ဂုဏ်ယူချင်တယ်....