အသင်းအပင်း အဖွဲ့အစည်းများနဲ့ ပြုလုပ်ဆောင်ရွက်ကြ၊ မိသားစုတွေ နေထိုင်ကြတဲ့အခါ အနေကြာလာရင် အပြစ်ဆိုတာအနည်းနဲ့ အများဆိုသလို ဖြစ်ပေါ်လာတက်ပါတယ်။ အားလုံးလိုလိုက ကိလေသာကင်းကြသေးတာမှမဟုတ်ပဲ။
အပြစ်ဆိုတာ ကိလေသာတွေရဲ့ အရိပ်အရောင်တွေပဲ။ တွေ့ကြုံလာတဲ့ ထိုတစ်စုံတစ်ရာအပြစ်ကို ယောနိသောမနသိကာရ နဲ့
ခွင့်လွှက်နိုင်ရတယ်။ ဒါမှစိတ်ချမ်းသာတယ် ၊ကုသိုလ်စိတ်ဖြစ်စေတယ်၊အပေါင်းအသင်းများတယ်၊ လူချစ်လူခင်ပေါတယ် ၊
လုပ်ရပ်တွေအောင်မြင်တယ်။
" ယောနိသောမနသိကာရ " ဆိုတာ အဆင်ပြေအောင် နှလုံးသွင်းခြင်းလို့ အဖြေရတယ် ။ လူကြီးမှာတော့
အသက်ကြီးရှာလို့ ၊ ကလေးမှာတော့ ငယ်သေးလို့ ၊ ပညာရှိချွတ်ချော်တော့ "ပညာရှိသတိဖြစ်ခဲ "တဲ့ ၊ လူမိုက်ချို့ယွင်းတော့
မသိနားမလည်ရှာလို့ ဟု နှလုံးသွင်းတာမျိုးပေါ့ ။
အများအကျိုး
ရွက်သယ် ပိုးက
ခနိုး ခနဲ့
ကျိုးမတဲ့သည့်
ဆိုတုံ့ ငြားလည်း
အသွားမပျက်
စိတ်မကွက်ပဲ
ဆက်လက်လမ်းမှန်
အမြင်ဥာဏ်နှင့်
ထက်သန် ပေါက်မြောက်
အကျိုးရောက်အောင်
မကြောက်မရွံ့
မတွန့်မကန့်
အားထုတ်ဆန့်လော့ ။
မနောဖြူ နိုင်ကြပါစေ .........................
့