ရွာတစ်ရွာတွင် မောင်ကောက်ရဟူသော
ရှင်လူထွက်လေး တစ်ယောက်ရှိလေသည်
မောင်ကောက်ရသည် သာသနာဘောင်နေစဉ်က
ကျမ်းစာ ပရိယတ္တိစာပေများ ကြိုးစားသင်ယူခဲ့ရာ
ကျောင်းတိုင်တွင် စာအတော်ဆုံးကိုယ်တော်တစ်ပါးလည်းဖြစ်သည်
မောင်ကောက်ရသည် ပရိယတ္တိစာသင်နှင့်ပတ်သတ်၍
့ပထမငယ် ပထမလတ် ပထမကြီးတန်းအောင်မြင်ကာ
ဓမ္မာစရိယဘွဲ့ရသည့်အထိ သင်ယူခဲ့လေသည် တစ်ရွာလုံးကလည်း
စာတော်လွန်းလို့ ကြည့်ညိုလေးစားကြလေ၏
မောင်ကောက်ရသည် သာသနာဘောင်တွင် အနေကြာလာတော့
သာသနာဘောင်မှာ မပျော်ပိုက်တော့ဘဲ လောကီလူဘောင်သို့
မိဘများကို လူထွက်ပါစေဟု တောင်းပန်ကာ မြင့်မြတ်သော ရဟန်းဘဝမှ
ယုတ်နှိမ့်သော လောကီလူဘောင်သို့ထွက်ခဲ့ပြီး ရွာသို့ပြန်ကာ
မိဘတွေနှင့်အတူ နေထိုင်လေ၏ လူထွက်မောင်ကောက်ရသည်
ရှင်လူထွက်ဖြစ်၍ လောကီလူဘောင်အကြောင်းနားမလည်သေးတော့
အလုပ်ဆိုရေရေလည်လည် ဘာတစ်ခုမှ မလုပ်တတ်ချေ
ဘာမှမလုပ်တတ်သဖြင့် မောင်ကောက်ရသည့် နေ့တိုင်းအားတိုင်း
အိမ်နောက်ဘက်သစ်ပင်ရိပ်မှာထိုင်ရင်း မေးကလေး ပွတ်ပြီးဟိုးတွေးဒီတွေးနေလေသည်
ဒီလိုနှင့် မောင်ကောက်ရသည် မိဘကိုမှီးကာ စားနေရလေသည်
ရွာကသူကြီးသမီးမိနှင်းမြသည် လူထွက်မောင်ကောက်ရကို ပညာတတ်ကြီးဟု အထင်ကြီးကာ
မောင်ကောက်ရနှင့်ခင်မင်ရင်းနီးလာကြသည် အနေကြလာတော့
လူထွက်မောင်ကောက်ရနှင့်မိနှင်းမြတို့သည် တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်ကာ
တစ်ယောက်နှင့်တစ်ယောက် မေတ္တာသက်ဝင်ပြီး
ချစ်သူရည်းစားဘဝသို့ ရောက်လာကြလေ၏
မောင်ကောက်ရနှင့်မိနှင်းမြတို့ ကြိုက်နေကြတဲ့အကြောင်း တစ်ရွာလုံးကသိတော့
သတင်းတွေက ကြာလာတော့ သူကြီးရှေ့ပါကြားနေရလေသည်
ထိုသတင်းတွေကြားနေရပေမဲ့ ရွာသူကြီးသည် သူသမီးအားဆူပူခြင်းမပြုပဲ
သမီးကိုခေါ်၍ ဟဲ့..သမီးနင်လူထွက်မောင်ကောက်နဲ့ သမီးကြိုက်နေကြတယ်ဆို
သမီးအဖေတော့ သမိးကိုဘာမှပြောစရာမရှိပါဘူး
လူထွက်မောင်ကောက်ရက ပညာတတ်လေးပါအဖေတို့အတွက်လည်းဂုဏ်ရှိတယ်
နောက်တော့ စီးပွားရေးလည်း အကြံအဥာဏ်ကောင်း ပညာရှိတော့ သူကပေးနိုင်တယ်သမီး
သမီးတို့နှစ်ယောက်ကို အဖေမကန့်ကွက်ပါဘူး အဖေသဘောတူတယ်လို့ နှင်းမြအဖေဖြစ်သူ သူကြီးက
နှင်းမြအားပြန်ပြောလေသည် မနှင်းမြလည်းဝမ်းသာတာပေါ့ မောင်ကောက်ရနဲ့အတူနေရတော့မယ်ဆိုပြီး
နောက်တစ်နေ့မနက် မိနှင်းမြသည် မောင်ကောက်ရဆီ အလျှင်အမြန်သွားပြီး
သူ့အဖေက သူတို့နှစ်ယောက်ကြိုက်နေတာသိနေတဲ့အကြောင်း
နောက်တော့ သဘောတူလက်ထပ်ပေးမယ်အကြောင်းပြောပြလေ၏
မောင်ကောက်ရလည်းပျော်ရွှင်စွာနဲ့ မိဘတွေအား ပြန်ပြောလေ၏
မောင်ကောက်ရမိဘတွေကလည်း မိနှင်းမြကသူကြီးသမီးဆိုတော့ ဘာမှပြောစရာမရှိပဲ
နှစ်ဖက်သောမိဘများ ညှို့နှိုင်းကာသဘောတူလက်ထပ်ပေးလိုက်ကြလေသည်
နှင်းမြအဖေသူကြီးက သူသမတ်လေးပညာတတ်လေးဖြစ်နေတဲ့အတွက်ကြောင့်
မောင်ကောက်ရကို အိမ်ပေါ်တောင်တင်ခေါ်ထားတယ်
လက်တာထပ်ပြီးတာ မောင်ကောက်ရသည် စီးပွားရေးဆို ဘာတစ်ခုမှ မလုပ်တတ်သေးချေ
မနက်မိုးလင်းရင် သူကြီးအိမ်အရှေ့တမာပင်ရိပ်အောက်တွင်
မေးလေးပွတ်ပြီးနေလေ၏ သူကြီးက မေးလေးပွတ်ပြီးနေတဲ့သမတ်ကိုကြည့်ပြီး
ကြည့်စမ်း ငါ့ရွှေသမတ်လေး ဘာစီးပွားရေးလုပ်ဖို့ စဉ်းစားနေတာလည်းမသိဘူး
သမတ်ဖြစ်သူ မောင်ကောက်ရကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်နေတာပေါ့
အိမ်ရှေ့လာကစားကြတဲ့ ကလေးတွေတောင်သူကြီးက
သူ့သမတ်လေး စီးပွားရေးလုပ်ဖို့စဉ်းစားနေတာ အတွေးပျက်မှာဆိုးလို့
လာကစားကြတဲ့ ကလေးမှန်သမျှ သူကြီးကသွားကြသွားကြ နောက်ဒီနားလာမကစားနဲ့
နင်တို့ကြောင့် ငါ့ရွှေသမတ်လေးအတွေးရှုပ်တယ်ဟုပြောဆိုကာမောင်းထုတ်ပေးလေသည်
တစ်နေ့ တစ်နေ့နဲ့သူကြီးက သူ့သမတ်အခြေအနေကြည့်ပြီးနေလာတာပေါ့
ဒီလိုနဲ့ ရက်ကနေလ လကနေနှစ် တစ်နှစ်တစ်နှစ်နဲ့အချိန်ကြာလေတော့လည်း
သားသမီးနှစ်ယောက်သာရတယ် မောင်ကောက်ရကတော့ မေးလေးပွတ်မြဲပါပဲ
အခြေအနေကြည့်နေတဲ့ရွာသူကြီးက ကြာလာတော့
မခံမရပ်နိုင်ပဲသူ့သမတ်ဘာစီးပွားရေးလုပ်ဖို့အကြံထုတ်နေတာလည်းသိချင်တာနဲ့
သူ့သမတ်မောင်ကောက်ရကိုသွားမေးတော့တာပေါ့
ဟိတ်ကောင်မင်းကလည်းကွာ နေ့တိုင်း မေးလေးပဲပွတ်နေတာ
ဘာစီးပွားရေးတွေစဉ်းစားနေတာလည်းလို့မေးလိုက်တယ်
မောင်ကောက်ရကလည်း မေးလေးပွတ်ရင်း ယောက္ခမသူကြီးကိုကြည့်ကာ
ဘာစီးပွားရေးမှ မစဉ်းစားဘူး ကျုပ်ဒီမေးစေ့မှာပေါက်နေတဲ့
မုတ်ဆိတ်မွေး ဘယ်ကထွက်လာလည်းလို့ စဉ်းစားနေတာဟု ပြန်ပြောလိုက်လေသည်
ထိုအခါရွာသူကြိးသည် ဒေါထကာ တောက်ခေါက်ရင်း
မင်းနှယ်ကွာ ငါ့ကတော့မင်းကိုအဟုတ်မှတ်နေလိုက်ရတာ
အခုတော့တစ်ခြားစီပဲဟုပြောပြီး သမတ်ဖြစ်သူ မောင်ကောက်ရအား
ဖနှောင့်နဲ့ပေါက်ကာ အိမ်ပေါ်က နှင်ထုတ်လိုက်လေသည်
မောင်ကောက်ရကလည်း အထုတ်တွေပိုက်ကာ မေးလေးပွတ်ပြီး
မိဘအိမ်ပြန်နေရတော့တာပေါ့နော် ...သူငယ်ချင်းတို့ (ပျော်၇ွှင်ပါစေအညာသားလေး)