ပြီးခဲ့သောလက ဆရာဝန်ပါရဂူကြီးဖြစ်သူ ဒေါက်တာဦးမြင့်ထွန်းသည်
၎င်း၏ မွေးရပ်ဒေသသို့ ဦးစီးဦးဆောင်ပြုက ဒေသ ကိုအကျိုးပြုကျေးဇူးဆပ်
သည့်အနေဖြင့်ဆေးဝါးများအခမဲ့ကုသပေးခဲ့သည်။ ထိုဒေသမှာ
တနည်းအားဖြစ့်စာရေးသူတို့၏မွေး ရပ်ဌာနေ ဧရာဝတီတိုင်းတွင်းရှိ ဒေသတစ်
ခုဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် 88 မျိုးဆက်ကျောင်းသားလူငယ်များ
NLD ပါတီဝင်များ ဒေသတွင်းလူငယ်အဖွဲ့များ မှဝိုင်းဝန်းကူညီပံ့ပိုးကာ ဒေသ
တွင်းပြည်သူလုထုကျန်းမာရေးလိုအပ်ချက်များကိုဆောင်ရွက်ပေးခြင်းးဖြစ်
သည်။၎င်းလုပ်ဆောင်ချက်သည် အတော်ပင်ခရီးရောက်ပြီး အကျိုးများလှပေသည် ။
ဆရာကြီး (၂) ကြိမ်လာရောက် ခွဲစိတ်ကုသပေးသဖြင့် ကျေးလက်ပြည်သူများ
ငွေအခက်အခဲကြောင့်ဆေးဝါကုသမှုမခံနိုင်သော ရောဂါသည်များ နှင့် ရောဂါဖြစ်
ပွားခံစားနေရ သူမည်သူကိုမဆို အခဲ့ ကုသပေးခဲ့သည်။ ပြည်သူလူထုက
များစွာကျေးဇူးတင်ဝမ်းမြောက်သည်။ ဆရာကြီး၏ကျေးဇူးကားကြီးလှပေသည် ။
၂ ကြိမ်လာရောက်ကုသပေးသဖြင့်တွက်ချက်မှုများအရ ဆေးရုံဆေးခန်းများ
တွင်ခွဲစိတ်ကုသပါက တန်ဘိုးငွေ ကျပ် သိန်း ၃၀၀ ကျော်ခန့်
တန်ပေသည်။ ပြည်သူများအား အခမဲ့ကုသပေးသွားပါသည်။ ပြည်သူများ အတွက်
လွန်စွာမှတန်ဘိုးကြီးလှပါပေသည်။ နယ်တွင်တာဝန်ကျသောဆရာဝန်များ ။
မြို့နယ်ဆရာဝန် ၊တိုက်နယ်ဆရာဝန် ၊ ပြင်ပဆရာဝန် စသည်ဖြင့် တို့ကလည်း
ဝိုင်းဝန်းကူညီ ပေးကြသဖြင့် လွန်စွာမှပင်ဝမ်းသာပီတိဖြစ်ကြရပြန်ပါသည်။
ယခုလ (2012) ခုနှစ် ဒီဇင်ဘာလ (14) နှင့် (15)နေ့များတွင်
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ တခါ ဦးဆောင်ကာ ပြည်သူ့လိုအပ်
ချက်ဖြစ်သော မျက်စီ များပြသကုပေးစေခြင်း ။ လိုအပ်သော မျက်မှန်များ
ကိုအခမဲ့ ပြည်သူများကိုပေးခြင်း ။ လိုအပ်သောဆေးကုသမှုများပေးခြင်း
စသည်ဖြင့် ကောင်းရာကောင်းကျိုးများကို အပြိုင်အဆိုင်ပြုလုပ်ကြသဖြင့်
ပြည်သူများအကျိုးများစွာခံစားရသည်ကိုမည်သူမျှမငြင်းကွယ်နိုင်ပါ။
စာရေးသူသည် အလွန်ဝမ်းသာပီတိဖြစ်ကာ စေတနာများကိုလေးစား
မိပါသည်။
ဒီမိုကရေစီစနစ်ဆိုသည်မှာ
တစ်ပါတီနှင့်တစ်ပါတီအပြိုင်အဆိုင်ပြည်သူ့အကျိုးလုပ်ရင်းတစ်ဖက်မှ
မိမိပါတီကို ပြည်သူထောက်ခံရေး ကျိုးစားဆောင်ရွက်နေကြပေသည်။
မည်သို့ပင်ဆိုစေ..ဤသို့ တစ်ပါတီနှင့်တစ်ပါတီ အပြိုင်အဆိုင် ပြည်သူအကျိုး
ကောင်းရာကိုလုပ်ကြသဖြင့်လောလောဆယ်အားဖြင့် ပြည်သူများ သက်သာ
စွာဆေးကုသမှု ခံကြရသည်။ ကောင်းသောလုပ်ဆောင်ချက်များအဖြစ်
အသိအမှတ်ပြုရပေမည်။
ဒီမိုကရေစီစနစ်ရှင်သန်ထွန်းကားလာသည်နှင့်အမျှ ပြည်သူများ ဘဝ
တစ်နေ့တစ်ခြား တစ်နှစ်ထက်တစ်နှစ်ဆိုသလို တိုးတက်မြင့်မားလာရန်
သာဖြစ်တော့သည်။
ဒီမိုကရေစီစနစ်သည် ပြည်သူများကရွေးကောက်တင်မြှောက်ပြီး အနိုင်ရ
သောပါတီဦးဆောင်သောအစိုးရဖြစ်ရမည် ။ အုပ်ချုပ်မှုအာဏာ ဥပဒေပြုရေးအာဏာ
တရားစီရင်းရေးအာဏာ ၊ သတင်းလွတ်လပ်ခွင့်၊ နှင့် လွတ်လပ်စွာရေးသားခွင့်
လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်စသည်တို့ကို ပြည်သူ့အတွက်ခွင့်ပြု လုပ်ဆောင်
ပေရမည့်စနစ်ဖြစ်သည်။
ဤသို့ဆိုလျှင် ဒီမိုကရေစီစနစ်သည် အာဏာရှင်စနစ်နှင့်လားလားပင်
ဆန့်ကျင်နေကြောင်းမြင်နိုင်ပါသည်။
"အာဏာရှင်စနစ်သည် အုပ်ချုပ်သူလူတန်းစားက ပြည်သူကို ထိန်းချုပ်သည်။
ဒီမိုကရေစီစနစ်သည် ပြည်သူကအုပ်ချုပ်သူလူတန်းစာကိုထိန်းချုပ်သည်။"
29-11-2012 နေ့ကလက်ပံတောင်းတောင် ကြေးနီစီမံကိန်ုးကို ပြည်
သူများနှင့်ရဟန်းသံဃာတော်များငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကန့်ကွက်နေခြင်း
ကို အကြမ်းဖက်နှိမ်နင်း ဖြိုခွဲခဲံ့သဖြင့် ရဟန်းသံဃာတော်များ ပြင်းထန်
ဒဏ်ရာရခဲ့ကြသည်။ ဒဏ်ရာရသူ တစ်ရာကျော်အနက်ယခုထိ မသက်
သာသေးသူများ ဒဏ်ရာပြင်းထန်သဖြင့် ချေလက်အင်္ဂါမျက်စီ ချွတ်ယွင်း
သွားသောသံဃာနှင့်ပြည်သူများ ရှိခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့
စေကာ အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးဆဲကာဖြစ်ပသည်။
ရဟန်းသံဃာများကလည်း ဆက်လက်၍
တောင်းဆိုတိုက်ပွဲဝင်ကာ 12-12-12 နေ့မှစ၍ ငြိမ်းချမ်းစွာဖြင့် တပြည်လုံး
နေရာအနှံဆန္ဒထုတ်ဖော်ပြသခဲ့သည်။ လက်ပံတောင်းတောင်အရေးနှင့်ပတ်
သက်၍ အစိုးရက ဖမ်းဆီးထားသူများကို ချွင်းချက်အာမာခံများဖြင့်
အမြန်ဆုံးလွှတ်ပေးခဲ့သည်။
ယနေ့ 15-12-2012 နေ့တွင် တောင်းဆိုချက်တစ်ခု
ဖြစ်သော သံဃာတွေကို အစိုးရက တောင်းပန်ရမည်ဆိုသောအချက်ကိုစတင်
လိုက်လျောလာခဲ့သည်။ သံဃာတွေကို အစိုးရကိုယ်စား သမတရုံး ၀န်ကြီး
ဦးအောင်မင်းနှင့်အဖွဲ့က ယနေ့(15-12-2012) နေ့တွင်မန္တလေးတွင်တောင်းပန်
မည်ဟု ဆရာတော်ဦးသောဘိတက မိန့်ကြားသည်ဆိုသောသတင်း
ကိုကြားရသည်။ ဒဏ်ရာမသက်သာဖြင့်ထိုင်းနိုင်ငံသို့သွားရောက်ဆေးကုခံ
ယူနေသော ဆရာတော်အား နိုင်ငံတော်မှ ထောက်ပံ့မည်ဟူသောသတင်းများ
ကိုကြားသိရသောအခါ ၀မ်းသာလွန်းလို့မျက်ရည်များးပင်လည်မိပါသည်။
ကျန်တောင်းဆိုချက်မျးကိုလိုက်လျောမှုအခြေအနေကို
စောင့်ကြည့်ရမည်ဖြစ်ပေသည် ။ သို့ရာတွင် ပြည်သူအများလိုလားတောင်း
တနေသောအပြုအမူကို အစိုးရကပထမဆုံးအကြိမ် လိုက်လျောလိုက်သည်
ကိုဝမ်းသာလွန်းလို့မျက်ရည်များလည်ရင်နဲ့ ကြိုဆိုထောက်ခံလိုက်ပါသည်။
(ဒီဆောင်းပါ လေးကို သတိမူ ဖတ်ရှုအားပေးသူများအား တစ်လေးတစ်စားအလေး
ထားလျှက် ရေးသားသူ မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်)ှ
(ကိုယ်တိုင်ရေး)
မြင့်စိုး
15-12-2012 (နေ့လည် 2း00 နာရီ)