ဘာမှမဟုတ်တဲ့ ငမြောက်ငခြောက်လေး ကျွန်တော်က ဒီလိုခေါင်းစဉ်ကြီး တပ်ပြီး ဆွေးနွေးကြည့် ပြောကြည့် မယ် ဆိုတော့ အရမ်းကြီး ဆရာကျသလိုများဖြစ်သွားလား မသိဘူး …။ ကျွန်တော့်ထက်သိမြင် တတ်သိ တဲ့ သူတွေအများကြီး ဒီနေရာမှာ ရှိတယ်ဆိုတာ သိပါတယ်ခင်ဗျာ …။ ကျွန်တော် ဝေဖန်ထောက်ပြ မှာ မဟုတ်ပါဘူး…။ စာပေအနုပညာ ဖန်တီးမှု ပညာကို အခုမှ စတင်မယ့် သူတွေ … ဘယ်ကနေစလို့ ဘာလုပ်ရမှန်းမသိတဲ့ သူတွေကို … ကျွန်တော် နည်းနည်း နည်းလမ်းလေးပေးပြီးတော့ လမ်းကြောင်းပြချင်လို့ပါ …။
ကျွန်တော်လည်း ကလောင်ကို အနုပညာလက်နက်အဖြစ်ကိုင်စွဲခဲ့တာ အခုဆိုရင် သုံးနှစ်သက်တမ်းထဲ အနည်းငယ်စွန်းဝင်ရုံလေးပဲ ရှိပါသေးတယ် …။ ရေးသက် အရမ်းနုပါသေးတယ် …။ သိတာ တတ်တာ … နားလည် တာလည်း အရမ်းကြီး ပြည့်စုံဦးမှာ မဟုတ်တာတော့ သေချာပါတယ် …။ ဒါပေမယ့် စာပေ ဖန်တီးခြင်း လောကထဲကို ၀င်ရောက်လာချင်သူတွေကို နိုင်သလောက် လေးတော့ လက်တွဲခေါ်ယူချင်လို့ပါ …။ ဒါ့အတွက် ကြောင့်ပဲ ရေးလိုက်ရခြင်းပါခင်ဗျာ …။
အခုဆိုရင် မြန်မာဆိုရှယ်ဆိုက် တွေကို အသုံးပြုကြတဲ့လူတွေ တစ်နေ့ထက် တစ်နေ့ များပြား လာကြပြီ …။ အသိပညာ ဗဟုသုတ တွေ ရှာမှီးနိုင်တယ် …။ ပေါင်းသင်းဆက်ဆံ ရင်းနှီးမှု တိုးမြှင့်နိုင်တယ် …။ သိထား နားလည်ထားတာတွေကို အလွယ်တကူ မျှဝေနိုင်တယ် …။ ဆိုတော့ …. ဒီလိုဆိုက်လေးတွေ ထဲမှာ … လိုချင်တာ ရှာကြ ယူကြတာအပြင် … ကိုယ့်မှာ ရှိနေ သိနေတာတွေကိုလည်း တင်ပြကြတယ် ..။ တချို့က နည်းပညာပိုင်းဆိုင်ရာ … တချို့က ပညာရပ်ပိုင်းဆိုင်ရာ … တချို့က သတင်းမီဒီယာ … တချို့က သုတ … တချို့က ရသ …. တချို့က ကိုယ်တိုင် ကိုယ်ပိုင်ဖန်တီးတဲ့ အနုပညာပစ္စည်းတွေကို ချပြ … တချို့က တပါးသူရဲ့ အနုပညာကို ကိုယ်သိသလို အားလုံးသိနိုင်အောင် မျှဝေကြ … ဆိုရှယ်ဆိုက်လေးတွေက တော်တော် အဆင်ပြေတဲ့ နေရာလေးတွေပါ …။
ကျွန်တော်ကတော့ ဆိုရှယ်ဆိုက်တွေကို စတင် အသုံးပြုကတည်းက မျှဝေခြင်း (Sharing) ဆိုတာ ထက် … ကိုယ်ပိုင်ဖန်တီးခြင်း (Creation) နဲ့ပဲ ဆိုက်တွေထဲမှာ ကျင်လည်ခဲ့မိပါတယ် …။ ကိုယ်တိုင်ကလည်း စာပေအနုပညာပိုး တဆစ်ဆစ် ကိုက်ခံထား ရတဲ့ ကောင်ဆိုတော့ … အဲ့ဒါနဲ့ပဲ ရူးသွပ်ခဲ့မိပါတယ် …။
အဲ့လို မျိုး ဖန်တီးတဲ့ နေရာမှာ တချို့ကို ကိုယ့်အတွေး ကိုယ့်ခံစားချက်နဲ့ ဖန်တီးသလို … တချို့ကိုတော့ တပါးသူ (သူငယ်ချင်း မိတ်ဆွေ အသိုင်းအ၀ိုင်း) ထဲက အတွေ့အကြုံ အယူအဆ ခံစားချက်တွေကို ကျွန်တော်က အရေးအသားလေး ပေါင်းထည့်ပြီး ဖန်တီးတင်ပြတယ် …။
အဲ့ဒီလို ဆိုတော့ အချို့ အချို့သော သူငယ်ချင်း တွေက သူတို့ အတွေ့အကြုံ သူတို့ ခံစားချက်လေးတွေကို ကျွန်တော်ဆီကို ယူလာပေးကြတယ်…။ တစ်ခါတစ်လေ ကျွန်တော်က ရေးရတာပျင်းရင် (တစ်ခါတစ်လေ ဟုတ်ချင်မှ ဟုတ်မယ် … အချိန် တော်တော် များများပဲ … :P) ကိုယ့်ဘာသာကိုယ် ရေးကြည့် ပါလားကွာ … လို့ … အဲ့တော့ တစ်ချို့က ရေးမှ မရေးတတ်တာ … အဲ့လောက်ကြီးလည်း မရူးသွပ်ပါဘူးကွာ …. တစ်ချို့က ရေးချင်တယ် … စိတ်ပဲ ရှိတာ ခက်နေတာ … ဘယ်က စပြီး ဘယ်လို ရေးရမလဲ မသိလို့ … အများစုက ဒီလိုပဲ ပြန်ဖြေကြပါတယ် …။
မရေးတတ်တာ ၀ါသနာကို မပါတာ ဆိုတာက လမ်းဆုံးသွားပြီ … ကျွန်တော် ဘယ်လိုမှ ကူညီချင်လို့ မရတော့ဘူး …။
ရေးချင်တယ် … ဘယ်က စပြီး ဘယ်လိုရေးရမလဲ မသိလို့ ဆိုတဲ့ ပြသနာကို တော့ ကျွန်တော် တို့ နည်းနည်း စဉ်းစားကြည့်ရအောင်ဗျာ …။ ဆိုတော့ စာရေးဖို့ ဘာတွေ လိုမလဲ … ကိုယ်ပိုင် ဖန်တီးဖို့ ဘာတွေ လိုမလဲ …။ အခြေခံ ကတော့ ဆရာဦးစိန်တင် (သိပ္ပံမောင်ဝ) ပြောသလိုပေါ့ … “စု၊တု၊ပြု” နည်းပါပဲ …။ ကျွန်တော်တို့ ဒီနည်းကို အခြေခံ အကျဆုံးနဲ့ အထိရောက်ဆုံး နည်းအဖြစ် သတ်မှတ်လို့ ရပါတယ် …။ နည်းနည်း လောက် အကျယ်ထပ်ချဲ့ ကြည့်ရအောင်နော် …။
အရင်ဆုံး ဖန်တီးခြင်း အလုပ်ကို မစခင် … ကျွန်တော်တို့ လိုအပ်တာတွေကို အရင်ဆုံး စုရပါလိမ့်မယ် …။ အနုပညာ ၀မ်းစာ စုတာပေါ့နော် …။ ဘယ်လို စုရမလဲ ဆိုတော့ … ရသမျှ လက်လှမ်းမီသလောက် အကုန် စုရမှာပါပဲ …။ အဓိက ကတော့ စာဖတ်ခြင်းပေါ့ဗျာ …။ စာဖတ်တာက အသိအမြင် ကျယ်စေတယ် ..။ အတွေးအခေါ်တွေကို နက်ရှိုင်းကျယ်ပြန့်စေတယ် …။ စိတ်နေစိတ်ထားတွေကိုလည်း သိမ်မွေ့နူးညံ့စေတယ် …။ ပြီးတော့ ကိုယ်တိုင်ဖန်တီးဖို့ ရာအတွက်လည်း အများကြီး အထောက်အကူ ဖြစ်စေရပါတယ် …။
နောက်ပြီး စာပေ အနုပညာဆိုင်ရာ အခြေခံ သဘောထားလေးတွေကိုလည်း လေ့လာဖို့ လိုပါတယ် …။ ဘယ်အရာ … ဘယ်အနုပညာ မဆို စည်းမျဉ်းစည်းကမ်း လေးတွေတော့ ရှိတာပါပဲ …။ သတ်မှတ်ချက် … ကန့်သတ်ချက် ဘောင်ဆိုတာ ကြီးကိုတော့ ကျွန်တော်လည်း မကြိုက်ပါဘူး … ဒါပေမယ့် စာပေ စည်းမျဉ်း ကိုတော့ လေးစား တန်ဖိုးထားရမှာ ပေါ့ …။ သင်ဆရာ မြင်ဆရာ ကြားဆရာ … အားလုံးကို တန်ဖိုးထား … ကိုယ့်ကိုယ် ကို တိုးတက်စေမယ့် အရာတွေ … ဖန်တီးမှု အထောက် အကူဖြစ်နိုင်တဲ့ အရာတွေကို စုဆောင်းရမှာပေါ့ …။ ပြီးတော့ ခံစားချက်တွေ … အတွေးတွေ … နဲ့ စမ်းသပ်ရေးသားချက် တွေကိုလည်း တန်သင့်သလောက် စုဆောင်းရ လိမ့်မယ် …။
အရေးအကြီးဆုံး ဖြစ်တဲ့ ယုံကြည်မှု … ကိုယ့်ကိုယ်ကို ယုံကြည်မှု … အဲ့ဒါ အတွက်လည်း လိုအပ်သမျှ ပြင်ဆင် စုဆောင်းရလိမ့်မယ် … ကိုယ့်ကိုယ်ကို အထင် မသေးပါနဲ့ … အထင် မသေးလောက်စရာ သက်သေပြချက်များလည်း အဆင်သင့်ဖြစ်အောင် စုစည်းထားပါနော် ….။ (ဥပမာ- ကျောင်းတုန်းက စာစီစာကုံး ပြိုင်ပွဲမှာ ဆု ရခဲ့ဖူးတာ မျိုးပေါ့ … :P )
ကဲ အခု ကျွန်တော်တို့ စရေးကြည့်လို့ရပြီ … အဲ့လို ရေးတဲ့ နေရာမှာ အတုယူ ရေးရလိမ့်မယ် ..။ အတုယူ တယ်ဆိုတဲ့ နေရာ မှာလည်း သဘောထားတတ်ဖို့ … တွေးတတ်ဖို့ … မိမိကိုယ်ပိုင်ဥာဏ်နဲ့ ကွန့်မြူးတတ်ဖို့ လေ့ကျင့်ရပါတယ် ..။ ကိုယ်မြတ်နိုးတဲ့ ကိုယ်လေးစားတဲ့ စာရေးဆရာကြီးတွေရဲ့ ပုံစံတွေကို လေ့လာသုံးသပ်ပြီး … ဒီလို နေရာမှာ ဒါမျိုး ရေးလိုက်ရင်ရသေးတယ် … ဒါမျိုး ထပ်ကွန့်ချင် ကွန့်လို့ ရသေးတယ် … ဒီလိုလေးတွေ တွေးကြည့်… မြင် နိုင်အောင် လေ့ကျင့်ကြည့် …. အရေးအသားဖော်ပြမှု တွေကို ဖော်ပြထားသလောက်ပဲ အဆုံးမသတ်ဘဲ နဲ့ ဆက်လက် ချဲ့ထွင်နိုင်အောင် … တွေးကြည့် … ရေးကြည့် … ကြိုးစားဖန်တီးကြည့် … ဖြစ်နိုင်ရင် အဲ့ဒါလေးတွေ ကို အများသိနိုင်အောင် ချပြပြီး ဝေဖန်ခံကြည့် … အဲ့ဒါ အရေးကြီးတယ် … ဝေဖန်ခံရမှာ ကြောက်လို့ မရဘူး … ဝေဖန်မှုတွေက ကိုယ့်အတွေး ကိုယ့်အရေးတွေကို ရင့်ကျက်စေတယ် …။ ကျွန်တော်လည်း အစကတော့ ဝေဖန်တာတွေကို လန့်တယ် ….. နောက်တော့လည်း အသားကျသွားတာပါပဲ … ဒါက အတုယူ ရေးတာကို ပြောတာ … အဲ့လို လေ့ကျင့်ယူရင်းနဲ့မှ တဖြည်းဖြည်း နဲ့ ကိုယ်ပိုင်ဖြစ်အောင် ဖန်တီးလာနိုင်မယ် … ကိုယ့်ရေးဟန်တစ်ခုကို တည်ဆောက်လာနိုင်မယ် …။
စာမူ ဖန်တီးရာမှာ အခြေခံကတော့ ဖော်ပြမယ့် အကြောင်းအရာ အရင်းခံခိုင်မာမှု ရှိရပါမယ် …။ ၀တ္ထု ဆိုရင်လည်း ဇာတ်အိမ်ခိုင်ရမယ်ပေါ့ … ဟိုလိုလို ဒီလိုလို … ကိုယ်တိုင် မရေမရာ မသေမချာ ဖြစ်နေတဲ့ အကြောင်းအရာမျိုးကို ပင်တိုင်ပြု ရေးလို့ မဖြစ်နိုင်ပါဘူး …။ အဆောက်အဦး တစ်ခုလိုပါပဲ … အခြေမခိုင်ရင် နောက်ထပ် ဘယ်လောက်ပဲ အထပ်တွေ ထပ်မြှင့်မြှင့် သေချာပေါက် ပြိုကျမှာ ….။ စာရေးရာမှာလဲ အကြောင်း အရာပိုင်နိုင်သေချာဖို့လိုပါတယ် …။ ပြီးတော့မှ စာလုံးတွေနဲ့ သိုင်းဝိုင်းဖွဲ့သီတာပေါ့နော် …။
ရေးတဲ့ နေရာမှာလည်း တချို့က အစအဆုံး စိတ်ကူးထဲမှာ ပုံဖော်ကြည့် ပြီးမှ ချရေးတယ် … တချို့ကတော့ ရေးရင်းနဲ့ ပုံဖော်တယ် … ။ ကျွန်တော်ကတော့ စာတစ်ပုဒ်ရေးမယ် ဆိုရင် အကြောင်းအရာကို စဉ်းစားတယ် … ဘယ်လိုစမလဲ …. ဘယ်လို အဆုံးသတ်မလဲ စဉ်းစားတယ် ….။ ပြီးတော့ ချရေးတယ် … အလယ်က အကြောင်းအရာတွေကိုတော့ စဉ်းစားလိုက်… ရေးလိုက် … ဖွဲ့လိုက် … ပဲ …။
ကိုယ်လည်း ဘယ်လို ပုံစံနဲ့ ရေးမလဲ …. စဉ်းစားရွေးချယ်ပေါ့ …။
နောက်ထပ်ကတော့ … မျက်စိကိုဖွင့် နားကိုစွင့် … အတွေးအိမ်တံခါးကိုလည်း စေ့မထားပါနဲ့ လို့ …။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရေးချင်ရင် ရေးနိုင်လောက်တဲ့ အကြောင်းအရာတွေ အများကြီးပါ ..။ ကျွန်တော် တို့က မြင်အောင်ကြည့် … မီအောင်တွေးပြီး … နိုင်အောင် ရေးဖြစ်ရင် ကောင်းတာပေါ့ …။ ပြီးတော့ တွေးမိသမျှ အတွေးစုလေး တွေကို စာတိုကလေးတွေ အဖြစ် ချရေးတတ်တဲ့ အကျင့်လေးလုပ်ထားရင် အရမ်းကောင်းတယ် …။ ကိုယ့်စာမူ ဖန်တီးတဲ့ အခါကျရင် အဲ့ဒီ အတွေးမှတ်စုလေးတွေက အသုံးဝင်လာတတ်တယ် …။
အခု ကျွန်တော်က ရသစာမူလေးတွေ ကိုယ်ပိုင်ဖန်တီးနိုင်ဖို့ … တင်ပြပေးကြည့်တာပါ …။ ကျွန်တော်က ကဗျာလိုင်း သိပ်မရတော့ ကဗျာ ဖန်တီးခြင်းပညာရပ် အကြောင်းတော့ သေချာ ပြောမပြတတ်ဘူး ဖြစ်နေတယ် … အရမ်းကြီး မကွာလှဘူးလို့ပဲ ထင်မိပါတယ် … ဒါထက် ပို မပြောတတ်တော့ဘူး … မပိုင်တာဖြစ်နေလေတော့ သိသလို မျိုး မတင်ပြချင်ဘူး … ။ အဆင်ပြေတယ်မဟုတ်လားဟင် … :D
ဒီနေရာမှာ ကြုံလို့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဆွေးနွေးဖြစ်ခဲ့တာလေးတွေကို ပြောပြချင်သေးတယ် …။
သိပ်မကြာသေးတဲ့ အချိန်က ကျွန်တော် မော်ဒန်ဝတ္ထုတို သုံးပုဒ် ရေးဖြစ်တယ် … (ဆိုက် တွေမှာ မတင်ရသေးပါ … Facebook ပေါ်မှာပဲ Note အနေနဲ့ တင်ဖြစ်ခဲ့ပါတယ်) … အဲ့ဒီ ၀တ္ထုတို တွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ချက်တွေ … အများကြီးလာတယ် … ဝေဖန်မှုဆိုတာ ကျွန်တော် တောင့်တ တဲ့ အရာပါ … အနုပညာဖန်တီးမှု အတွက်တော့ အချောသတ်လက်ရာပဲ ဆိုတော့ …
ဆိုပေမယ့်လည်း …. လွန်ရော ကျွံရောကြီး စွပ်စွဲပြီး ဝေဖန်ထိုးနှက်လာတော့ … “ကျွန်တော်နှင့် ကြယ်လေး၏ကျောရိုး” ဆိုတဲ့ စာမူ လေးတစ်ခုကို ရေးချပြီး တုံ့ပြန်ရှင်းပြမိခဲ့ပါတယ် ….။(အဲ့ဒါလည်း ဆိုက်တွေမှာ မတင်ရသေးပါ .. FB ပေါ်က လင်ခ့် က ဒီမှာပါခင်ဗျာ … )
အဲ့ဒီမှာ … ကျွန်တော်နဲ့ ခံစားချက်ခြင်း လာညီနေတဲ့ သူငယ်ချင်း တစ်ယောက်က အနုပညာ ဖန်တီးခြင်း နဲ့ ပတ်သတ်လို့ သူဖြစ်နေတဲ့ေ၀၀ါးမှုလေးတွေကို Facebook Chat မှာ ကျွန်တော်နဲ့ ဆွေးနွေး ဖြစ်ခဲ့ကြပါတယ် …။ သူက အတွေးကောင်းတဲ့ လူတစ်ယောက်ပါ …။ ဒါပေမယ့် စာရေးရင်တော့ တစ်ခုခု လိုနေသလို အမြဲဖြစ်ရလေ့ရှိတယ် …။ သူက သူငယ်ချင်းကောင်းတွေ များတဲ့သူဆိုတော့ ကောင်းရာ ကောင်းကြောင်း … တိုးတက်ရာတွေကို အပြုသဘောဆောင်ဝေဖန်ပေးကြတယ် …။ (ကျွန်တော်နဲ့ သူနဲ့ သိတာ အရမ်းကြီး မကြာလှသေးတော့ သူ့စာတွေကို နက်နက်ရှိုင်းရှိုင်း ဝေဖန်ပေးတဲ့ သူငယ်ချင်းကောင်း တွေထဲမှာ ကျွန်တော် မပါပါ … ) ဒါပေမယ့် အဲ့သည့်ဝေဖန် ချက်တွေကို သူက မှန်မှန်ကန်ကန် သဘောမထားတတ်သေးသလို ဖြစ်နေတော့ ရပ်တည်ချက် ဇဝေဇ၀ါ တွေ ဖြစ်နေရတယ် …။
MPT ရယ် EPC ရယ် ၀င်နှောက်ယှက်လို့ အချိတ်အဆက်လွတ်သွားတာလေးတွေ … ကွင်းဆက်လွဲ သွားတာလေးတွေကို အနည်းငယ် ပြင်ဆင်လိုက်ရုံမှ အပ …. သူနဲ့ ကျွန်တော် ဆွေးနွေးဖြစ်ခဲ့တဲ့ Chat History လေးကို ပြန်လည် တင်ပြပေးချင်ပါတယ် …။ ကိုယ်ပိုင်စာမူ ဖန်တီးချင်နေတဲ့ ကျွန်တော့် သူငယ်ချင်းတွေ အတွက် တစ်ခုခုများ ပါနေမလားလို့ပါ … :P
အားလား
ဟုတ်
ကြယ်ကလေး၏ကျောရိုးလေ အဲ့ဒါ ဖတ်ပြီး ပြောချင်တာလေးတွေ ပေါ်လာလို့…. နားထောင်ပေး မလား
ဟုတ် ပြောဗျ
အဲ...ရင်းရင်းနှီးနှီးပဲ ပြောပါဟာ ငါတို့က ရွယ်တူတွေပဲဟာကို
ဟုတ် ... အဲ … အေး … ပြောဗျာ ... နားထောင်မယ် … ဝေဖန်သံ တွေ အခုထိ မကြားရသေးဘူး ...
အင်း ဝေဖန်သံဆိုတာထက် ငါနဲ့ခံစားချက်ချင်းများ တူမလားလို့ … ငါလည်း အဲ့လိုပဲ ခံစားရတယ် နင်ပြောတာတွေ တော်တော် ထိသွားတယ်…
အော် ... အင်း ... ငါက ဒေါသထွက်လို့ ပြောမိတာ ရေးမိတာ မဟုတ်ပါဘူး ... ငါ့ကို မသိ မတတ် နားမလည်ဘဲ တတ်ယောင်ကား လုပ်သလိုမျိုး ဝေဖန်တဲ့ သူက ဝေဖန်သွားတော့ … နည်းနည်း တုံ့ပြန်မိတာ …
သြော် အဲ့လိုလား အဲ့ဆိုရင်တော့ တူချင်မှတူမပေါ့နော်...
နေပါဦး ... ဘယ်လို ခံစားချက်မျိုး တူနေလို့လဲ …
ဇဝေဇ၀ါ ဖြစ်နေတာမျိုး လေ … ကိုယ့် ဖြစ်တည်မှုကိုယ် ဇဝေဇ၀ါ ဖြစ်နေတာ
နင် ရေးတဲ့ စာတွေက ဝေဖန်ချက်တွေကို ငါ ဖတ်မိရင်ကိုပဲ တော်တော် ကြက်သီးထတယ်ဟ နင်တော့ မသိဘူး …
ဟေ … ဘယ်စာရဲ့ ဘယ်ဝေဖန်ချက်လဲ လိုင်းကျသွားတယ်နော်...ပြန်ပြောပါဦး …
နင့် ကဗျာ .... အော် ... နင် နောက်ဆုံးရေးတဲ့ ကဗျာဟာ ... ခပ်ဆန်းဆန်းပဲ … အတိတ်အိမ်မက်ချို ဆိုတဲ့ ကဗျာ …
သြော် ကောင်းထက်နဲ့ ဟိန်းပြည့်ရဲ့ ကွန်မန့်တွေ ပြောတာလား … အဲ့ဒီကဗျာက မဆန်းပါဘူးဟာ အနုပညာ ဖန်တီးမှု တစ်ခုပါပဲ …
ဟီးးးး ငါက ကဗျာ လိုင်းမှ မဟုတ်တာ ... ပြီးတော့ သူတို့ ပြောတာတွေ ငါ တော်တော် သဘောကျ တယ် ... အာ့မို့ ၀င် မပြောဘဲ ငြိမ်ကြည့်နေတာ ... ပြီးတော့ စာပေသီအိုရီ တွေ နဲ့ ပတ်သတ်ပြီး ချိန်ထိုး တွေးတတ် ရေးတတ်တဲ့ လူလည်း မဟုတ်တော့ ... သူတို့ စကားတွေက ငါ့အတွက် ပညာပဲ
အင်း မော်ဒန်က လွတ်လပ်တယ် … ဒါပေမယ့် ကာရန်စည်းရှိတယ်
နေဦးဟ ... ခုနက ဇဝေဇ၀ါ ဖြစ်နေတယ် ပြောတယ်နော် ... ကိုယ့်ဘာသာကို ရပ်တည်မှု ရှာမရသေး ဘူးလားဟ …
အင်း ဟုတ်တယ်ဟ အချိန်ရရင် နည်းနည်း နားထောင် အကြံပေးပါဦးဟာ ငါ အဲ့ကဗျာအောက်မှာ ပြောခဲ့သလိုပဲ ….
အင်း .. အချိန်ရတယ် … ပြော
အမှန်က ငါက မထင်မှတ်တဲ့ အကြောင်းတိုက်ဆိုင်မှုနဲ့ အနုပညာလို့သမုတ်တဲ့ အရာအချို့ ဖန်တီးမိတယ် ပေါ့နော် …အမှန် ငါ့ဦးတည်ချက်က ပညာပေး ၀တ္ထုရေးချင်တာဟ … ကဗျာဆိုတာ စိတ်ဝင်စားဖို့ဝေးစွ ကိုယ့်ရှေ့ရောက်လာရင်တောင် မဖတ်ဘူး … အခုထိလည်း အဲ့လိုပဲ .. ဒါပေမယ့် ငါက ကဗျာရေးတယ် … အဲ့ဒီငါက ကဗျာတွေကို ရေးဖြစ်နေတာမှ တစ်ပုဒ်နှစ်ပုဒ် မကတော့ဘူး
အိုခေ ပြီပဲ ... ပညာပေး ၀တ္ထု ရေးချင်တယ် ဆိုတဲ့ မြင်ထားတာ ရှိရင် ရပြီ ... အဲ့လမ်းကို ရောက်အောင် ဖြည်းဖြည်းချင်း လျှောက်ပေါ့ …. အရေးအသား ၀မ်းစာ ပြည့်ဖို့ လိုအပ်တာတွေ အကုန်ယူ ... ပြောရရင်တော့ ငါလည်း အတူတူပါပဲ ... ရေးချင်တာက ပညာပေး နဲ့ အတွေးအခေါ် ဆောင်းပါး တွေ ... အဲ့ဒါတွေ အတွက် အရေးအသား ကို ဟာသပို့စ် တွေ .. ၀တ္ထုတို တွေ ... အခုနောက်ပိုင်း မော်ဒန် ဆန်ဆန် လေးတွေနဲ့ လေ့ကျင့်ယူတာပါပဲ …
အင်း တွေဝေမှုတွေကတော့ အများကြီးပဲဟာ … ကဗျာနဲ့ ပတ်သက်တာပဲ ပြောပါတော့မယ် ..
အင်း
ကောင်းထက်နဲ့ငါနဲ့ အနုပညာခေါင်းစီးအောက်မှာ လွတ်လပ်ခြင်းနဲ့ပတ်သက်ပြိး အချေအတင် ပြောဖြစ်ကြသေးတယ် င့ါခံယူချက်က ငါ့ဦးတည်ချက်အတိုင်းပဲဟာ ဘယ်အနုပညာ ဖန်တီးမှုမဆို ကောင်းတာလေးတွေ ပေးနိုင်ရမယ် ပေါ့နော် …. စာဖတ်သူကို ကောင်းတဲ့ရသ၊သုတ စသည်ဖြင့် တစ်ခုခုတော့ ပေးနိုင်မှ စာကောင်းဖြစ်တယ်ပေါ့ … ကောင်းထက်က အဲ့ဒီလို သတ်မှတ်ထားတာကို ဘောင်လို့မြင်တယ် လွတ်လပ်မှုမရှိဘူးလို့ မြင်တယ် …. အနုပညာ ဖန်တီးမှုဟာ လုံးဝ လွတ်လပ် နေရမယ် … မဟုတ်ရင် အနုပညာ ဖန်တီးမှု အစစ်မဖြစ်ဘူး ဆိုပဲ …ငါပြောတာတွေ ရောက်လားဟင် နင်လိုင်းကျသွားတယ် … အဆင်ပြေရဲ့လား မပြေလည်း နောက်မှပဲ ပြောတော့မယ်လေ …
ရောက်တယ် ... ဖုန်းဝင်လာလို့ လိုင်းကျသွားတာ …
သြော် … အင်း ဒါပေမယ့် နောက်ပိုင်းကျတော့ ကောင်းထက်က သီအိုရီ တွေနဲ့ အရမ်းချိန် ထိုးလာတယ် … ပိုကောင်းစေချင်လို့ဖြစ်မှာပေါ့နော် … သီအိုရီဆိုတာလည်း အမှန်တော့ ဘောင်တစ်ခု ပဲမလားနော်..
ဆရာ မင်းခိုက်စိုးစန် စာအုပ်တွေ ကြိုက်လား …
သိပ်မဖတ်ဖူးဘူး … မော်ဒန်နဲ့ပတ်သက်ပြီး ဘာမှ မဖတ်ဖြစ်သလောက်ပဲ
ဆရာ့ကို လေးစားတယ် ... ဒါပေမယ့် သူက သီအိုရီတွေ နဲ့ ချိန်ထိုး တင်ပြတယ် … စာပေ အနုပညာ ဖန်တီးမှုထက် … အဲ့ဒီ အနုပညာ ဆိုင်ရာ သဘောတရားတွေကိုပဲ တန်ဖိုးထားပြီး ဖော်ထုတ်တယ် … အဲ့ဒါတွေကြောင့် သူဟာ တရှိန်ထိုး အောင်မြင်တယ် ... တစ်ဆက်တည်းမှာပဲ သူဟာ မသိမသာ နဲ့ ကျဆုံး လာတယ် ... ကျဆုံးလာတယ် ဆိုတာ စာဖတ်သူကို ဆွဲငင်နိုင်မှုအား ကျဆင်းလာတာကို ပြောတာဟ … ဘာလို့ အဲ့လို ပြောတာလဲဆိုတော့ “ဆရာမင်းခိုက်စိုးစန် ရဲ့ စာအုပ်တွေကို ကြိုက်လား” လို့ ငါမေးလိုက်တိုင်း ၁၀ ယောက်မှာ ၈ ယောက်လောက်က အရင်တုံးက ကြိုက်တယ် … အခုနောက်ပိုင်း သိပ်မကြိုက်တော့ဘူး … လို ဖြေတာချည်းပဲ … သူ့စာတွေကို ကြိုက်တယ် … စွဲစွဲလမ်းလမ်းကို ဖတ်တယ် … နောက်ပိုင်းကျတော့ အရမ်း အီလာတယ် … ဆရာ ကတော့ အနှစ်တွေ ရသ တွေချည်းပဲ တင်ပြတာပါပဲ … ဒါပေမယ့်လည်းပေါ့ဟာ … သူကိုယ်တိုင် မကြိုက်တဲ့ ဘောင်တွေ အကန့်တွေကို အဓိပ္ပာယ် သတ်မှတ်ပြရင်းနဲ့ သူကိုယ်တိုင် ဘောင်ထဲ ရောက်သွားတယ် သဘောတရား တွေကို သုံးသပ်ရင်းနဲ့ သဘောတရား တွေကြောင့် မသိလိုက်ဘဲ ကျဆုံးရတယ် ... ငါက မြေပြင်ကနေ ကြယ်တစ်လုံးကို လက်ညိုးထိုး ဝေဖန်သလို ဖြစ်နေပြီ .. ထားတော့ … အဲ့လို မဖြစ်စေချင်ဘူး ... အခြေခံသဘောတရား ... အခြေခံ သီအိုရီ လောက်ပဲ နားလည် သဘောပေါက် ထားပြီး .. ကိုယ့်ရင်ထဲက အတိုင်းပဲ အနုပညာကို ဖန်တီး ပြတာ အကောင်းဆုံးပဲ …
အင်း ဟုတ်တယ်နော် … ဟိန်းပြည့်လည်း အဲ့လိုပဲ ပြောတယ် …
အဲ့ဒါကြောင့် ငါက ဆရာ မင်းခိုက်စိုးစန် ထက် ဆရာတာရာမင်းဝေ ကို ပိုပြီး သဘောကျတာ ဆရာ့ရဲ့ စူးစူးရဲရဲ ဆန်တဲ့ ၀တ္ထုတိုတွေက မော်ဒန်လည်း မဟုတ်ဘူး .. သရုပ်မှန် သက်သက်ရယ်လို့လည်း မဟုတ်ဘူး ... သူ့ရင်ထဲက အနုပညာသီးသန့်ပဲ … အဲ့သည့် အနုပညာ က မော်ဒန် စီးကြောင်း မှာရော ... သရုပ်မှန် ရပ်ဝန်းမှာကော ၀င်ဆံ့ပြီး အားလုံး လက်ခံ ကြတာ … ငါလည်း ဆရာ့ကို အားကျတယ် ... သီအိုရီ တွေနဲ့ ခွဲခြမ်းစိတ်ဖြာမဲ့ အစား ... ကိုယ့်ကိုယ်ကို မြားတစ်စင်း အဖြစ်နဲ့ အနုပညာကို ပစ်ခွင်းပြ ချင်တယ် ...
ဖုန်းအားကုန်ပြီး ပိတ်သွားလို့ဟာ … ဆောရီးနော် … အင်း..
ထင်တော့ ထင်သား ... ရတယ် ကိစ္စမရှိ … မေးကွမ့်ချိ … :P
နင့်အချိန်တွေလည်း ကုန်သွားပြီဟာ ငါ့ကိစ္စထားလိုက်ပါတော့ … နောက်ကြုံမှပဲ ပြောတော့မယ် ငါလည်း သေချာပြန်စဉ်းစားလိုက်ပါဦးမယ်ဟာ …
အင်း ... ငါက ဒီအချိန် အားနေတာဟ ... ဘာမှမဖြစ်ဘူး ... ဒီ အချိန်လေးရယ် ညပိုင်းလေးရယ်ပဲ အားတာ … သေချာ ပြန်ချိန်ဆ ကြည့်ပေါ့ဟာ ... ငါလည်း သီအိုရီ သမား မဟုတ်တော့ ချိန်ထိုး မပြ ချင်ဘူး …ပြလည်း မပြတတ်ဘူး ..
အင်း တော်ပါပြီဟာ လွတ်လပ်ခြင်းဆိုတဲ့ ခေါင်းစဉ်တစ်ခုထဲကပဲ အရမ်းကျယ်ပြန့်လွန်းတယ် … ငါ့ကို အမြဲ ခေါင်းကိုက်အောင်လုပ်တတ်တဲ့ ပြသနာတစ်ခုပဲ ..
စာပေ အယူအဆ နဲ့ ပတ်သတ်လို့ကတော့ အနော်ကတော့ ပေါ့ပေါ့ ပါးပါးပဲ လုံးဝ ခေါင်းမကိုက် တတ်ဘူး သဘောတရား ထက် ဖန်တီးခြင်းကိုပဲ အားသားနေမိလို့ …
အမ် … အင်းပါ … ငါကတော့ ယုံကြည်မှုအားနည်းနေသေးတယ် …
ငါ့ကို ငါ့ဦးဦးတစ်ယောက် က မှာထားတာ ရှိတယ်ဟ … ကိုယ့်ရင်ထဲက အတိုင်း ဖန်တီးခြင်းကိုပဲ ပုံဖော်တဲ့ ... သီအိုရီက နောက်က ပါလာလိမ့်မယ်တဲ့ … ငါလည်း လက်ခံတယ် ... နင်လည်း ယုံကြည်ချက် တစ်ခုကို တည်ဆောက်ပေါ့ဟာ ... တစ်ခါတစ်လေ ... ဝေဖန်မှုတွေကို နားထဲ သိပ်မထည့်နဲ့ .... တွေဝေ တတ်တယ် …
ဟားဟား သိပ်မှန်ဗျာ … အားရှိသွားပြီ … ဒီနေ့တော့ တစ်ပုဒ်လောက် ကြိုးစားလုပ်လိုက်ဦးမယ် …
ငါမြင်သလောက်ကတော့ နင့်မှာ ယုံကြည်ချက် မရှိတာ မဟုတ်ဘူး .. ဘေးကိုကြည့်လွန်းလို့ ဘေး တွေ့နေတာ … ငါ ရေးခဲ့သလိုပေါ့ ... ဝေဖန်ချက်ဆိုတာ ဖန်တီးမှု ရဲ့ အချောသတ် စုတ်ချက်ပဲ ဖြစ်ရမယ် ... ဝေဖန်ချက်တွေကို မူတည်ပြီး မဖန်တီးရဘူး ....
ခစ်ခစ် အင်း … မှန်တယ် … အဲ့ဒါက ပင်ကိုအားနည်းချက်ဖြစ်နေတာဟ …
နင်လည်း အတွေးကောင်းတာပဲ ... အရေးကောင်းအောင်သာ လေ့ကျင့်လိုက်ပါ ... သီအိုရီ တွေ သဘောတရား တွေ ခဏ ဘေးဖယ် ထားလိုက် ပေါ့သွားလိမ့်မယ် … အဲ့ဒါဆို ကိုယ့် အရေးအသား ကလည်း ပေါ့ပေါ့ ပါးပါး ဖြစ်လာလိမ့်မယ် … ဖတ်လို့ ကောင်းလာလိမ့်မယ်
အင်း ယုံကြည်မှုမရှိတာက အဲ့ဒါတစ်ခုတည်းတော့ မဟုတ်ပါဘူး … ၀မ်းစာမလုံလောက်သေးလို့လဲ ပါပါတယ် … အဲ..ငါရေးတိုင်းတော့ ဘယ်သီအိုရီနဲ့မှ မချိန်ဆဘူးဟ … လွတ်လွတ်လပ်လပ်ပဲ ရေးတာ
ကောင်းပ ... ငါတို့လည်း အတူတူ ပါပဲဟာ ... ဒါပေမယ့် နင့်ကြည့်ရတာ ဝေဖန်ချက်နဲ့ သဘောတရား တွေနဲ့ နစ်နေသလိုပဲ …. လျှောက်ပါဟ … ဒီလိုပဲ လျှောက်ရင်း နဲ့ ကောက်ယူသွားရတာပေါ့ ....
မလျှောက်တော့လည်း မရောက်ဘူးပေါ့ .. အဲ့လိုလား...
ဒါပေါ့ဟ ပြည့်မှာ လျှောက်မယ် ဆိုရင် ဘယ်တော့ မှ မရောက်ဘူး … လျှောက်ရင်းနဲ့ ပြည့်မှာ ... ပြည့်အောင် ဖြည့်ရမှာ …
ခက်တာက မကောက်နိုင်ပြန်တော့လည်း တောင်းအလွတ်နဲ့ အဓိပ္ပာယ်မဲ့ ဆက်မလျှောက်ချင်တော့ ဘူး ဟ မကောက်နိုင်လေ နှေးလေနဲ့ နောက်ဆုံး ရပ်ပါသွားရော ….
ဒါကတော့ ကြိုးစားရမှာပေါ့ဟာ ... နှေးနှေး …. မြန်မြန် … သိပ်အရေး မပါပါဘူး … ရောက်တာထက် လျှောက်နေတာက ပိုပြီး အဓိပ္ပာယ်ရှိပါတယ် ...
အင်း အဲ့ဒီလမ်းကို မလျှောက်နိုင်အောင် ခံနေတဲ့ အတားအဆီးတွေကလည်း များ … အဲ့လို ဖိအားနဲ့ အမုန်းတရားနဲ့ လျှောက်နေရတာမုန်းတယ်ဟာ
ဟဲဟဲ ... ဒီတစ်ခါ ငါ အားကုန်တဲ့ အလှည့်ပဲ .... ဖိအား လေးတွေ ဖြည်းဖြည်း ချင်းဆွဲခွာလိုက်ပါ ...
အားကုန်ပြီလား ကောင်းခန်းရောက်မှ
အနုပညာမှာ ဖိအားတွေ ပါလာရင် …ေ၀၀ါး တတ်တယ် ...
ဖိအားက ငါတမင် ရှာယူနေတာ မဟုတ်ဘူးဟ အတင်းလာပေးနေတာ ခွာရခက်တယ် ရှင်းရှင်း ပြောရရင် မိသားစု အခြေအနေက ဆင်းရဲတယ်ဆိုတာထက် ပိုထွေပြားနေလို့ဟ …
စိတ်မပျက်ပါနဲ့ဟာ … နင့်လို မျိုးေ၀၀ါးနေတဲ့ ငါ့သူငယ်ချင်းတွေ အတွက် … နင်ခွင့်ပြုမယ် ဆိုရင် ဒီဆွေးနွေးချက်လေးကို ငါ ပို့စ်တစ်ခု အဖြစ်နဲ့ တင်ချင်တယ် ... နောက်ထပ် နင် အချိန်အားရင်လည်း သဘောတရား ဦးစားမပေးတဲ့ ဆွေးနွေးချက် မျိုးတွေ ရှိချင်သေးတယ်
အင်း တင်လေ ကောင်းတာပေါ့ … သူငယ်ချင်းတွေ အများကြီး စုပြောရင် ပိုကောင်းမယ်နော် လေပြည်အေးတို့ မခိုင်တို့ ချက် ဂရုလေး ဖွင့်လို့ရရင် ကောင်းမယ် …
အင်း ... ငါတို့ ပါတီချက် လေး တစ်ခု လုပ်ကြတာပေါ့ … အခုတော့ ဘက်ထရီ အားက တာ့တာ လုပ်နေပြီ သူငယ်ချင်းရေ ...
အေးအေး တာ့တာနော် … ပါတီချက်လုပ်ရင် အင်ဗိုက်လိုက်နော် …
တာ့တာ
ကျေးဇူးနော် ….
အချိန်ရော ဘက်ထရီရော ကုန်သွားတာလည်း ဆောရီးပါ
ပြောရတာ တစ်ခုခုတော့ ရပါတယ်နော့်
* * *
သူငယ်ချင်းတို့လည်း တစ်ခုခု ရမယ်လို့ မျှော်လင့်ရပါတယ် …။
အခု ကျွန်တော်က အဲ့လိုတွေ … အဲ့လိုတွေ လုပ်မှ ရမယ်လို့ ပုံသွင်းပြနေတာ မဟုတ်ပါဘူးနော် … ကျွန်တော် ဖြတ်သန်းခဲ့တာလေးတွေကို ပြန်ပြီး ပြောပြတယ်လို့ပဲ သဘောထားပေးပါနော် …။
ငါသိ … ငါတတ် သဘောနဲ့ … ကျောချင်လို့ ရေးတာ မဟုတ်ရပါ … စာပေအနုပညာ ကို အလှဆင်နိုင်မယ့် ကလောင်သစ်တွေကို နိုင်သလောက်လေး လက်တွဲခေါ်ချင်တဲ့ ဆန္ဒလေးပါ …။ ကျွန်တော့်ကို ရွှေမြို့တော်ထဲက ကျွန်တော့် နောင်တော် စီနီယာတွေ လက်တွဲခေါ်ခဲ့သလိုပေါ့ … :D
စာပေဖြင့် လောကကို အလှဆင်နိုင်ကြပါစေ ….
လေးစားစွာဖြင့်
MgKaung
December 12, 2012
(12:06 AM)