Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တစ်လုံးတည်းနဲ့ ထိတယ်

$
0
0

“မြေစမ်းခရမ်းပျိုးပြီး” အချစ်ကို စောင့်စားနေတာထက်စာရင် ကျွန်တော်က အချစ်ရှိရာအရပ်ကို ငန်းငန်းတက် ရှာဖွေချင်ခဲ့တဲ့ကောင်မျိုး။ ဒါကြောင့်လည်း ပိုးဖလံချိုး ချိုးပြီး မီးကို ရှာဖွေရင်း “တည့်”၀င်တိုးပစ်လိုက်တယ်။

အမှန်က အချစ်ကိုရှာဖွေဖို့ လက်နက်ခဲယမ်း သိပ်မလိုပါဘူး။ မျက်နှာပြောင်တိုက်တဲ့ အလေ့အထလေးရယ်၊ ခပ်ကြောင်ကြောင် အာဝဇ္ဇန်းရယ်ရှိရင်ရပြီ။ တကယ်လုပ်ကြည့်လိုက်။ “အကြွေး” ဇာတ်ကားထဲက မင်းသားကြီးကျော်ဟိန်းပြောသိလို “ဆယ်နှစ်”ကွ လို့ မိန့်မိန့်ကြီးပြောချလိုက်လို့ရတယ်။ အပြောလွယ်သလောက် အလုပ်လွယ်ဖို့အတွက် ပါရမီကတော့ ကောင်းကောင်းကြီးလိုတယ်။ ကျွန်တော့အတွက်ကတော့ အေးဆေးပေါ့။

ဒါကြောင့်လည်း ကျွန်တော်ခိုက်နေတဲ့ ရပ်ကွက်လူကြီးသမီး “ခင်ဥရွှေ” ကို ခပ်နာနာ ကြာကြည့်လေး တစ်ချက်ကြည့်လိုက်ရုံနဲ့၊ နောက်တစ်နေ့ နံနက်မှာ အလုပ်လိုက်ပို့ခွင့်ရလိုက်တယ်။

“ဥ..ဥကို ကျွန်တော်လိုက်ပို့ပါရစေနော်”

ဒီလိုပြောရုံနဲ့ ကောင်မလေးရင်ခုန်သွားလေရဲ့။ မယုံမရှိနဲ့ သူပြောတာကို ဆက်နားထောင်ကြည့်လိုက်။

“လိုက်ပို့တာတေညါ ပို့..ပို့ပါ..ဒါ…ဒါပေမယ့် အဲလိုကြီးတော့ မခေါ်ပါနဲ့လားဟင်”

“ဘာဖြစ်လို့လဲ ဥရယ်…ဥက ဥမို့လို့ ဥလို့ခေါ်တာပဲ ဒါကို ဥက…”

“တော်ပါတော့ရှင်၊ တားမရရင်လည်း ရှေ့ကခင်တစ်လုံးတော့ ထည့်ခေါ်ပါ”

“အေးလေ… ပြီးတာပါပဲ… ဒါဆို ဥ အဲလေ ခင်ဥကို ကျွန်တော်လိုက်ပို့မယ်နော်”

ဒီလောက်ပဲ။ တူးသောင်ဇန်အလဲဗန်းကြီးမှာ ထွေလီကာလီတွေ သိပ်လုပ်စရာမလိုဘူးလေ။ ကျွန်တော်က သူ့လက်ထဲက ခြင်းတောင်းလေးကို ဆွဲယူလိုက်ရင်း မြို့ထဲကားပေါ် လှမ်းတက်လိုက်တယ်ဆိုရင်ပဲ.. ကျူးပစ်ရဲ့ “မြှား” တစ်အုပ်တစ်မဟာ ကျွန်တော့ရင်ဝမှာလာစိုက်တယ်။ အဲဒါမော်ဒန်အချစ်ပဲ။

ရက်သတ္တပတ်တစ်ခု အချိန်ပေးလိုက်တယ်။ တစ်ရက်ကို အသွား၊အပြန်နှစ်ကြောင်း။စုစုပေါင်း ဆယ့်လေးကြိမ်တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ကြားက အချစ်ဆိုတဲ့ မျိုးဥကြီးဟာ.. အကောင် အထည်အဖြစ် ရှင်သန်ဖို့ ကောင်းကောင်းကြီးလုံလောက်နေပြီ။ ဒါကြောင့်ရက်ရာဇာတောင် မရွေးတော့ပါဘူး။ ကျွန်တော်မွေးနေ့ မေလသုံးဆယ့်တစ်မှာ ဘုရားသွားဖူးရင်း၊ လိပ်ဥပါတူးပစ်လိုက်တယ်။

“ကျွန်တော် ခင်ဥကို ချစ်နေမိပြီ”

ကျွန်တော်တို့သွားတာ ရွှေတိဂုံဘုရား။ တောင်ဘက်မုဒ်က ဆင်းဆင်းလာချင်း ဖိနပ်ချစီးလိုက်တယ်ဆိုရင်ပဲ ကျွန်တော်“ကပ်တိုး”လေးပြောထည့်လိုက်တယ်။ ထင်မထားတဲ့အချိန် ထင်မထားတဲ့ နေရာမှာ “ပေါ်တင်”ကြီး ၊ရည်းစားစကားပြောခံလိုက်ရလို့ထင်ပါရဲ့.။ ခင်ဥရွှေတော်တော်ရှက်သွားတယ်။ ပါးနှစ်ဖက်မှာ ကွမ်းတံတွေးနဲ့ အပက်ခံလိုက်ရသလို ရဲတွတ်ပြီး၊ မျက်လုံးက ကြွက်တစ်ကောင်လို ပြူးထွက်လာတယ်။ “အို”လို့ပြောရမှာတောင် မေ့နေပုံပါပဲ။ “တောဖားပြုတ်”ကို တုတ်မီးနဲ့ထိုးလိုက်သလို “စင်းစင်းသေ” သွားလို့ မနည်းအသက်သွင်းယူရတယ်။

“ခင်ဥ….ခင်ဥ ကျွနတော်ပြောတာ ကြားပါတယ်နော်”

“သြော်…အင်း..အို…သွား..ဘာမှန်းလဲ မသိဘူး”

ခင်ဥခမျာ ခုမှ ရှက်ဖို့သတိဝင်လာဟန်နဲ့ အစကပြန်ရှက်ပြတယ်။ “တကူးတက” လုပ်ယူရတာဆိုတော့ “အော်ရင်ဂျီနယ်” ရှက်တာလောက်တော့ သိပ်ကြည့်မကောင်းဘူး။ ဒါပေမယ့်ကျေနပ်ပါတယ်။ ချစ်ရေးအဆိုခံရတဲ့ မိန်းကလေးတစ်ယောက် ရှက်နေပြီဆိုရင် ရာသီဥတုက ကိုယ့်ဘက်ပါလာပြီမဟုတ်လား။ ဒါကြောင့် ပြိုလာတော့မယ့် မိုးကို တုတ်နဲ့ထိုးချလိုက်တယ်။

“ကျွန်တော့်ကို အဖြေတစ်ခုခု ပြန်ပေးပါလား ခင်ဥရယ်။။နော်”

ကျွန်တော်အဲ့သလိုလေးပဲ ပြောပေးလိုက်တယ်။ အရှက်သည်းနေတဲ့ခင်ဥထံက မပွင့်တပွင့် စကားသံလေးထွက်ကျလာတယ်။

“စဉ်းစားပါရစေ”တဲ့။

ကဲ…ပြီးနေပြီ။ ဒီခေတ်ကြီးမှာ စဉ်းစားပါရစေဆိုတာ အချစ်ရဲ့ ရှေ့ပြေးစကားလုံး သက်သက်ပဲမဟုတ်လား။ မကြာခင်မှာ ခင်ဥနဲ့ ချစ်သူဘ၀ရောက်ရတော့မယ်ဆိုတဲ့အသိက ကျွန်တော့ကိုမသိမသာလေး ဣနြေ္ဒပျက်သွားစေတယ်။ ခင်ဥရဲ့ လက်သန်းကလေးကို ကျွန်တော့ရဲ့လက်သန်းနဲ့ မထိတထိလေး ချိတ်ဆွဲပစ်လိုက်တယ်လေ။ အသည်းနှလုံးဆိုတာ ဖိုသီဖတ်သီခုန်လို့။

နောက်တစ်ပတ်အကြာမှာသူနဲ့ကျွန်တော် ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ ခင်ဥကဆို ကျွန်တော့်ကို ခေါ်တာများ “ကို”တဲ့။ တစ်လုံးတည်းနဲ့ထိတယ်ဆိုတာ ဒါမျိုးဖြစ်မယ်။ အဲ့ဒီခေါ်သံလေးကြားရုံနဲ့တင် အရာရာကို ရင်ဆိုင်ရဲသွားတယ်။ အာဖရိကဆာဟာရထဲမှာ ကုကားက.ကပြီး မီးနင်းပြဖို့လည်းအေးဆေးပဲ။ မြောက်ဝင်ရိုးစွန်းမှာ ရေခဲတုံးဖင်ခုထိုင်ပြီး “ဂလိုင်ခေါက်” နေရမယ်ဆိုလည်းလာထား။ (ဂလိုင်ခေါက်=ရေခဲချောင်းရောင်း) ။ကုန်ကုန်ပြောရရင် အီရတ်စစ်တလင်းမှာ ကျည်ခွံလိုက်ကောက်ရင်း၊ ဒိုင်ပြန်သွင်းကြေးဆိုရင်တောင် “အိုတီ”ပါ ဆင်းပေးလိုက်ဦးမှာ။

ဒါပေမယ့် ဆန်းတယ်။ ကံကြမ္မာဟာ တစ်ခါတစ်လေမှာ ဘ၀ကို တင်းနစ်ဘောတစ်လုံးလို ခပ်မြင့်မြင့်လေးမြှောက်တင်ပေးပြီးမှ ရိုက်ချတတ်သေးရဲ့လေ။ အခုလည်းကြည့် လေပြေလေညင်းနဲ့ ကလူကျီစယ်လို့ ပျော်နေတုန်းရှိသေးတယ်။ ဟာရီကိန်းရဲ့ အငွေ့အသက်ကိုမြင်လိုက်ရပြီ။ ခုနတင် ပျော်ခဲ့တဲ့ရင်ဟာ ရေဗူးဗလာနဲ့ ကန္တာရသဲမြေတလင်းမှာ ချက်ချင်းကြီး၊ “ခွေးဇာတ်ခင်း” သွားရောဆိုပါတော့။ အဲဒီလို “ပရိဒေ၀”တွေ ရင်ဝကို အဖျားခတ်ခံရတဲ့နေ့က…။

“ကို…အဖေကတော့ ခင်ဥတို့အကြောင်းသိသွားပြီ”

ကြားရတဲ့စကားက အချိန်နှစ်ဆယ်သဲအိတ်နဲ့ ငယ်ထိပ်လွှဲအရိုက်ခံရသလို အသည်းခိုက်သွားတယ်။ တစ်ရပ်ကွက်တည်း နေကြတဲ့လူတွေဆိုတော့ သိတာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် လန့်သွားတာတော့ အမှန်ပဲ။ ဒီလိုလန့်သွားတဲ့ အကြောင်းကြီးကြီးကလည်း ရှိနေတယ်။

ခင်ဥအဖေက “ဘော”ခရေဇီ အဘိုးကြီးတစ်ဦးလေ။ ရပ်ကွက်လူကြီးလည်း ဟုတ်တယ်ဆိုတော့။ ရပ်ကွက်ဘောလုံး အသင်းရဲ့ ဥက္ကဌဆိုလည်းသူပဲ နည်းပြဆိုလည်း သူပဲ။ နောက်ဆုံး မန်နေဂျာ၊ ပြာတာ၊ စာရင်းစစ်၊ ပုလင်းညှစ် ကအစ သူပဲတာဝန်ယူထားတာ။ ဒီလောက်ထိ ဘောဦး၊ ဘောလယ်၊ ဘောသိမ်း ၀ါသနာထုံလှတဲ့ ယောက္ခမနဲ့ ပက်သက်မိခြင်းဟာ၊ “ဘော”နဲ့ ပက်သက်မိခြင်းပဲလို့ ကျွန်တော်တွေးမိတယ်လေ။

ပိုဆိုးသွားတာက ခင်ဥရဲ့ “အဖေနဲ့ လာတွေ့လိုက်ပါ”ဆိုတဲ့“ကလူတူတူ” စကားကြောင့်ပါ။ ခေတ်စကားနဲ့ ပြောရရင် အဲ့ဒီမှာ စတွေ့တာပါပဲ။ ဘောခရေဇီ ယောက္ခမနဲ့ သွားတွေ့ရမယ့် ကျွန်တော်ဟာ ဘောလုံးကို ခြေသလုံးနဲ့ပဲ ကန်တတ်တဲ့ကောင်ဆိုတော့ မကြောက်ဘဲရှိပါ့မလား။

ဒါပေမယ့်လည်း ၀က်ဖြစ်မှာတော့ ဟိုဒင်းကြောက်လို့ မရတော့ဘူး။ ခင်ဥက သူ့အဖေနဲ့တွေ့ဖို့ ရက်ချိန်းပေးလိုက်တယ်။ ယောက္ခမနဲ့တွေ့ရမယ့်ရက်ကို လက်ချိုးရေတွက်ရင်း ဂျာနယ်တွေဖိကျက်မိတော့တယ်။ ဒီလိုနဲ့ ခင်ဥချိန်းတဲ့ ရက်ကို ရောက်လာပါတော့တယ်။

“အဖေ သမီးပြောပြောနေတဲ့ ပြည့်စုံ ဆိုတာ သူပေါ့”

ဆိုပြီး စကားဝိုင်းကို ခင်ဥက စတည်ပေးတယ်။ ခင်ဥရဲ့အသံက လေပြေခတ်ခံလိုက်ရတဲ့ ဆည်းလည်းသံလေးလို ခပ်လွင်လွင်လေး လွင့်မျောသွားတယ်။

ဒီနောက်မှာတော့ သူ့အဖေရဲ့ ထော်လာဂျီစက်၊ ချွဲကျပ်သလို “အသံဝက်တစ္ဆေ”ကြီးကို တောက်လျှောက်ကြားရတော့တာပဲ။ “ဘော” လောကထဲ ကို နှစ်နာရီလောက် စီးမျောသွားရတယ်။ အရှေ့တောင် အာရှမှသည် နိုင်ငံတော်တော်များများက ဘောသမားတွေတော်တော်များများ သိလိုက်ရတယ်။ ဘောခင်း၊ ဘောဖျက်၊ ဘောတက်၊ ဘောဆင်းတွေ ပလူပျံကုန်တယ်။ နောက်ဆုံးရပ်ကွက် ဘောလုံးဘက် ပြန်ဆင်းလာတော့ ပြန်ရတော့မယ်ဆိုပြီး ကြည်နူးနေတုန်းရှိသေး။ အပိတ်နှုတ်ဆက်မှာပြောချလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်“ဟတ်”ထိသွားခဲ့ရတယ်။

“မင်း… ဒီနှစ် ရပ်ကွက်ဘောလုံးအသင်းထဲ ၀င်ကန်မယ်မှတ်လား… အေးလေ ကျန်တာတော့ မင်းသဘောပေါ့.. ဟင်းဟင်း.. ဒါပေမယ့် သမီးကတော့ မင်းကိုအတော် သံယောဇဉ်ရှိသား”

ဝါကျတစ်ကြောင်းနဲ့ တစ်ကြောင်းက အဓိပ္ပါယ်မတူပေမယ့် နှစ်ကြောင်းပေါင်းစပ်လိုက်တဲ့အခါ “ဂိုလီဘာ”ကို ကြိုးတုတ်ပြီး “ပင်နယ်တီ”ရွှတ်တာထက်တောင် “ကွက်တိ”ကျသေးတယ်..။သမီးနဲ့ခြိမ်းခြောက် လိုက်တဲ့ အခါ “ကြက်ကုက်ကို လည်လိမ်ချိုးသလို” ကျွန်တော်“ပေစောင်းစောင်း”ကြီး “ငူ” ကျသွားတယ်။ နောက်ဆုံး “သူ့ဆန်စားရဲမှ” ဆိုတဲ့စိတ်နဲ့ပဲ ကျွန်တော်ခေါင်းညိမ့်ပြလိုက်တယ်။ ဒီနောက်ပိုင်းမှာတော့ ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးနဲ့ အမှတ်တရအဖြစ်ဆုံး ဘောလုံးပွဲကြီးကို အောက်ပါ အတိုင်းဆင်နွဲခဲ့ရတော့တယ်။

မတော်ရသေးတဲ့ ယောက္ခမများရက်စက်ပြီဆိုရင် ကြောက်ရတယ်။ အခုလည်းကြည့်ဦး၊ ကျွန်တော့်ကိုထည့် ကစားတဲ့နေရာက “နောက်တန်း”တဲ့။ ဒီလိုနေရာမျိုးက ခပ်ကြမ်းကြမ်း၊ ခပ်တောင့်တောင်ကောင်တွေနဲ့မှ “သဟဇာတ”ဖြစ်မယ့်နေရာ။ ကျွန်တော့်ပုံစံကိုလည်းကြည့်တော့။ ရင်ဘတ်က ဂျိုး(ချိုး)ရင်ဘတ်၊ ခြေသလုံးနှစ်ဖက်


...

              အနော် ပထမဆုံး ရေးသော ဟာသ ၀တ္ထုတိုလေး မို့

               အမှားပါရင် ကို့ဘာသာပဲ ပြင်ပြီး ဖတ်လိုက်ပါနော်

ဒုတိယပိုင်း မျှော် ( ဘောပွဲ နော် ဘောပွဲ )


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>