၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့၁၃၇၄ ခုနှစ် နတ်တော်လဆန်ုး
(၇) ရက် ကြာသပတေးနေ့သည် ထူးခြားသောနေ့တစ်နေ့ပင်ဖြစ်ပါသည်။
ယနေ့နံက် (၉) နာရီအချိန်တွင် ၊ ဧရာဝတီတိုင်းဒေသကြီး ၊ အင်္ဂပူမြို့နယ်
၊မဲဇလီကုန်း အနီးမြောက်ဖက် ရထားလမ်းဘေးရှိ သာယာလှပသောတောင်ကမူ
လေးတစ်ခုတွင် အများပြည်သူများစုပေါင်း၍ ဗိုလ်အောင်ကျော်အမှတ်တရ
တည်ထားကိုးကွယ်သော ဗိုအောင်ကျော်လွမ်းစေတီလေးရှိပါသည်။
ထိုစေတီလေးအား ကျောင်းသားလူငယ်များသည် သွားရောက်
ဂါရ၀ပြု ကြသည်။ အမှတ်တရ အလှူများပြုလုပ်က အမျှဝေ ခဲ့ကြသည် ။
ထိုအထဲတွင် စာရေးသူလဲလိုက်ပါလာခဲ့ပါသည်။ ၈၈ မျိးဆက်သစ်ကျောင်းသား
များနှင့် ဒေသခံ ကျောင်းသားသမဂ္ဂ၀င်လူငယ်များသည်ဗိုလ်အောင်ကျဆုံးခြင်း
(၇၄) နှစ်မြောက် အောင်းမေ့ဘွယ်အခမ်းအနားလေးကိုပြုလုပ်ကျင်းပကြ
ခြင်းဖြစ်ပါသည်။
အခမ်းအနားကျင်းပရာတွင် ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီ ၊
ရန်ကုန်မှကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း ၊ ကိုရဲမင်းဦး ၊
ကိုဗညားနွေဦး ၊ ကိုမင်းသူအောင်နှင့် ကျောင်းသားသမဂ္ဂ ဗဟိုအဖွဲ့ဝင်များ
တက်ရောက်ကြသသည်။
ဒေသခံ 88 မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုအောင်မင်းစိုး ၊
ကိုထွန်းထွန်းဦး ၊ ကိုကျော်နိုင်ထွန်း ကိုကျော်ဝင်းနိုင် တို့ဦးဆောင်ကာ
ကျောင်းသားလူငယ် (၁၀၀) ခန့်တက်ရောက်ကြပြီးကောင်းမှုကုသိုလ်များ
ပြုလုပ်ကြပါသည်။ စာရေးသူသည် ထိုမြင်ကွင်းအလှကို ပီတိဖြစ်၍ မဆုံးဖြစ်
ရပါသည်။
ကျောင်းသားများသည် သံဃာတော် (၅) ပါးအားဆွမ်းများဆက်ကပ်
လှူခြင်း နှင့် ဒါတဗ္ဗ၀တ္ထု အစုစုတို့ကိုလှူဒါန်းပြီး ပရိတ်တရားတော်များနာကြား
ကြသည်။ ကျဆုံးသွားခဲ့သောကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော် နှင့်
တကွ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံးသွားကြသူများအားလုံးအား
အမျှပေးဝေသာဓုခေါ်ဆို ကောင်း မှုများပြုလုပ်နေကြသည်မှာလွမ်းမောဖွယ်
ပင်ဖြစ်သည်။ စာရေးသူသည်ကျောင်းဆရာတယောက်ဖြစ်သည်နှင့် အညီ
လူငယ်များက ယခုကဲ့သို့ မျိုးချစ်စိတ်ရှိစွာ ကျဆုံးသွားကြသော
သူရဲကောင်းများအား ဂုဏ်ပြုအောင်းမေ့ဘွယ်အခမ်းအနားကိုပြုလုပ်နေသည့်
မြင်ကွင်းကိုမျက်စိထဲမှပင် မထွက်လောက်အောင်စွဲငြိနေပါသည်။
` မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်မှ စ၍ သူ့ကျွန်ဘ၀လုံးဝ ကျရောက်ခဲ့
ရသည် ။ တိုင်းတပါး အင်္ဂလိပ်နယ်ချဲ့သမားးများက မြန်မာနိုင်ငံကို စစ် (၃)
ကြိမ်းတိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်ခဲ့သည်။ ထိုအချိန်အခါက မြန်မာနိုင်ငံသည်
ကျွဲချိုမှုတ်၍ ကျွဲအုပ်ကိုဖျော်ဖြေသည်ကို ခါးသီးစွားခံစားခဲ့ကြရသည်။ မြန်မာ့
သယံဇာတအဆီအနှစ်များကိုစုတ်ယူစားသုံးကာမြန်မာနိုင်ငံသားများကို
မတရားဥပဒေများပြဌာန်းက ဖိနှိပ်ချုပ်ချယ်ခဲ့သည်။ ကျွဲချိုမှုတ်၍ ကျွဲအုပ်ကို
ဖျော်ဖြေ ခံခဲ့ရသည် ။၎င်းစကားလေး အဓိပ္ပါယ်ကို အနည်းငယ်ရှင်းပြ
လိုပါသည်။
" ဒီစကားလေးရဲ့အဓိပ္ပါယ်ကို ကျွန်တော်နားလည်သလိုပြောရလျှင်တော့
ကျွဲချိုရရန် ကျွဲကိုသတ်ရသည်။ ကျွဲကိုသတ်စားပြီး ကျန်နေသောကျွဲ ဦးချိုကို
မှုတ်လို့ရအောင်ဖန်တီးကာ ကျွဲအုပ်အား ကျွဲကျောင်းသားကမှုတ်ရင်း
ကျွဲကျောင်းသည်ဟု အဓိပ္ပါယ်ရသည် "
နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံတွင် ဖိနှိပ်အုပ်ချုပ်နေသည်ကို
မခံမရပ်နိုင် ။ ကျွန်ပညာရေးစနစ်၏ အထွေထွေအားနည်းချက်များကို
ထောက်ပြကာ ဆန့်ကျင်ခဲ့ကြသည် ၁၉၂၀ တက္ကသိုလ်ကျောင်းသားသပိတ်ကြီး
ပေါ်ပေါက်ကာ ကျောင်းသားများတက်ကြွစွာပါဝင်ဆင်နွဲ ဆန္ဒမြကြသည်။ ၁၉၃၈
ကျောင်းသားသပိတ်တွင်လည်းကျောင်းသားများတက်ကြွစွာပါဝင်လှုပ်ရှားကြပြန်
သည်။ ထိုအရေးအခင်းကိုနှိမ်နင်းရာတွင်နယ်ချဲ့စစ်ပုလိပ်တို့၏ နှိပ်ကွပ်မှုကြောင့်
ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော် ဦးခေါင်းဒဏ်ရာဖြင့် ဆေးရုံတွင်
ကွယ်လွန်သွားခဲ့ရသည် ။ ထိုအချိန်မှစ၍ မြန်မာတစ်မျိုးသားလုံးမျိုးချစ်စိတ်
များနိုးကြားလာခါ နယ်ချဲ့ ဆန့်ကျင်ရေးစိတ်ဓါတ်များကိုပေါ်ပေါက်လာစေသည် ။
ယနေ့ဆိုလျှင် ဗိုလ်အောင်ကျော်ကျဆုံးသွားသည်မှာ (၇၄) နှစ်မြောက်
နှစ်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀မှလွတ်မြောက်ရေးကို ဗိုလ်ချပ်အောင်ဆန်းနှင့်
မျိုးချစ်ပုဂ္ဂိုလ်ကြီးများကဦးဆောင်ကာတိုက်ပွဲဝင်ခဲ့သဖြင့် ၁၉၄၈ ခုဇန်န၀ါရလ (၄)
ရက်နှစ်တွင် လွတ်လပ်ရေးရခဲ့သည်။ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်
အာဏာရှင်စနစ်ဆိုးကြောင့် ယနေ့အထိလွတ်လပ်ရေးတိုက်ပွဲမပြီးသေး
ကြောင်းကိုလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်က အတိအလင်းပြော
ထားပြီးဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် အမြန်ဆုံးဒီမိုကရေစီစနစ်ထွန်းကားလာပြီး ၊
ကျွဲချိုကို မှုတ်၍ ကျွဲအုပ်ကို ဖျော်ဖြေခံနေရသော ဘ၀မှ လွတ်မြောက်ပါစေကြောင်း
တောင်းဆုပြုလိုက်ရပါသည်။
ဗိုလ်အောင်ကျော်လွမ်း ပြည်သူ့ပန်းသည်
ပွင့်လန်းခါစ ၊ ကြွေလိုက်ရ၏…………..
(ကိုယ်တိုင်ရေး )
(ဒီဆောင်းပါ လေးကိုသတိမူ ဖတ်ရှုအားပေးသူအပေါင်းအား တစ်လေးတစ်စားအလေးထားလျှက်
ခံစားရေးသားသူမှ လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်)
( မြင့်စိုး ) 20-12-2012 (ညနေ 33း၀ နာရီ)