Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

(ပျော်ပျော် ပါးပါး မေးကြ ဖြေကြမယ် (၂))

$
0
0


မင်္ဂလာပါ ရှင် ...


ရွှေမြို့တော်သူ ရွှေမြို့တော်သား အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ၊ချမ်းသာ ပါစေလို့ ပဏာမ နှုတ်ခွန်းဆက် ချင်ပါတယ် ။


မင်္ဂလာ ရှိတဲ့နေ့ရက်လေးမှာ သူငယ်ချင်းလေးတွေ အားလုံး ကို မေးခွန်းလေးတွေ သိသ၍ ဖြေပေးကြပါအုံးလို့ တောင်းဆို ချင်ပါတယ် ရှင် ။
အမြင်ခြင်းဖလှယ် ၊ မသိသေးသူတွေ သိ ၊ သိပြီးသားတွေ ပိုလို သိ စေရန် ရည်ရွယ်ပါသည် ။
ဒီနေ့ မေးခွန်းလေးကတော့ လူတိုင်းဖြေ ဆို နိုင်မှာ ပါ ။ အမြင်မတူတာသာ ကွာခြားနိုင်ပါမည် ။
မှုံ လဲ သိလို ၊ တတ်လို ၊ မဟုတ်ပါဘူး ။
ဥာဏ်မှီသ၍လေး စဉ်းစား ပေးထားတာပါ ။


ပထမဆုံး ပိုစ်လေးမှာ ဖြေ ပေး သွားကြတာ အရမ်းကို ကောင်းပါတယ် ။ မသိတာလေးတွေ ဖတ်ခွင့်ရခဲ့လို့ သူငယ်ချင်းများအားလုံးကို အထူးကျေးဇူး တင်ရှိပါတယ် ရှင် ။


ဘ၀ဆိုတာ လူတိုင်းမတူညီနိုင်တာမို့လို ၊ ဘ၀ကပေးတဲ့ သင်ခန်းစာတွေကလဲ မတူညီနိုင်ပါဘူး ။
ကိုယ်သိတာလေးတွေ ဖြေ ကြားရင်းဖြင့် ကျန်သူငယ်ချင်းများ အသိဥာဏ်တိုးပွားစေရန်ရည်ရွယ်ပါတယ် ရှင် ။


ဒီနေ့မေးခွန်း ကတော့ ...

လူ့.ဘ၀ရဲ့ အနှစ်သာရဆိုတာ ဘာလဲ ...?


မှုံ သိသ၍ဖြေပေးပါမည် ။
လူတိုင်းဟာ အနှစ်သာရနဲ ပြည့်ဝ တဲ့ ဘ၀ကို အလို ရှိကြပါသည် ။ လူ့ဘ၀ရဲ့ အနှစ်သာရကို ဖွင့်ဆို ခက်လှသည် ။ မှုံနားလည်မိသော အနှစ်သာရဟူသည် ..


သံသရာ အတွက်ရော ၊ လက်ရှိဘ၀ အတွက်ပါ ကောင်းကျိုးရရှိနေမယ်၊ ကြိုးစား အားထုပ်နေမယ် ဆိုရင် လက်ရှိ လူ့.ဘ၀ အနှစ်သာရပြည့်စုံ ပြီးပဲ လို့ နားလည်မိပါသည် ။
အဘယ့်ကြောင့် ဆိုသော် ..
လူ.ဘ၀ ရခဲ့လှသည်ဟု ဘုရားရှင်ဟော ကြားဖူးပါသည် ။ ရခဲ့လှသော လူဘ၀ ကြီးတွင် ရှေး သံသရာ အတွက်လဲ အကျိုးမဲ့ စေ မဲ့ အလုပ်တွေ ပြု လုပ်နေမယ်ဆိုရင် မိုက်မဲ လှတဲ့ လူ့ဘ၀ ပါပဲ ။ ဘုရားရှင်က သံသရာတွင် ကောင်းရာ သုဂတိ သွားသူနဲ ငရဲ ၊ တိရိစ္ဆာန် ဘုံ ဒုက္ခတိဘုံ သွားသူတို့ကို ကမ္ဘာမြေထုနဲ လက်သဲခွံပေါ်က မြေမှုန် ပမာဏနှင့် ယှဉ်၍ ဟော ကြား ထားခဲ့ဖူးပါသည် ။ လက်သဲခွံပေါ်က မျြေမှုန် ပမာဏကသာ သုဂတိသို့ သွားနေကြသည် ။ ကမ္ဘာမြေထုပမာဏနှင့်ယှဉ်သော အရေအတွက်တို့သည် ဒုက္ခတိ ဘုံတွင်သာ ကျင်လည်နေကြရသည် ။ ယခု လက်ရှိ အသိဥာဏ်နှင့် ပြည့်စုံသော လူဖြစ်ရသည့် အတွက် အကောင်းအဆိုး ကို ခွဲခြား နိုင်သူများမို့ သံသရာ ကောင်းကျိုး ၊ အတွက်ရော လက်ရှိဘ၀ ကောင်းဖို့ အတွက်ရော ကုသိုလ်တရား၌သာ ကြိုးစားသင့်ပေသည် ။ ဒါမှ လူဖြစ်ရကျိုးနပ်၍ လူ့ဘ၀ အနှစ်သာ ရ ရှိမည်ဟု ခံစားမိပါသည် ။
အကောင်းအဆိုး ၊ အကြောင်း အကျိုး ခွဲခြားနိုင်သည့် အသိ ကြွယ်ဝ လူ့ဘ၀ မှာ.. ကောင်းကျိုး ကုသိုလ်နှင့် ယှဉ်တွဲ နေမှာသာ အနှစ်သာ ရ ပြည့်စုံ လိမ့်မည်ဟု နားလည် မိပါသည် ။


သူငယ်ချင်းများ၏ ကော်မန်း အဖြေ ကို စောင့်မျော်နေပါသည် ။
ကိုယ့် အဖြေကို ဖတ်မိသောသူ အသိတိုးခြင်းဖြင့် ကုသိုလ် ယူကြရအောင်ပါ ရှင် ...


သာယာပျော်ရွှင်ပါစေ ဆုတောင်းလျှက် ..
ခင်မင်လေးစား စွာဖြင့် ..
မှုံနံ.သာဖြူ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...