* - spirit - *
ဒီဆိုင်နာမည်ကိုဖတ်ပြီး ကျွန်မခြေလှမ်းတွေရပ်တန့်သွားတယ် ။ ဘာ ဘာကြောင့်များဒီဆိုင်ကိုဒီလိုပေးထားပါလိမ့် ။ ကျွန်မကတော့ -
spirit ဆိုတာကို နမ် ၀ိညာဉ်လို့အဓိပ္ပာယ်ဘာသာပြန်လိုက်မိ့လို့လေ ။ ကျွန်မဒီဆိုင်လေးရှိနေတယ်ဆိုတာ ဒီဆိုင်လေးမှာလုပ်နေတဲ့ကျွန်
မရဲ့သူငယ်ချင်းပြောထားလို့သိ့နေပေမဲ့ မရောက်ဖြစ်ခဲ့ဘူး ။ သတိုးသမီးဝတ်စုံတွေပဲသီးသန့်ရောင်းတဲ့ ဒီဆိုင်လေးကိုကျွန်မရောက်ဖြစ်ခဲ့တဲ့အ
ကြောင်းကတော့ ကျွန်မမကြာခင်မှာပဲလက်ထက်တော့မယ်လေ ။ အဲဒါကြောင့် ကျွန်မဆင်မြန်းဖို့အတွက် သတိုးသမီးဝတ်စုံလေးကိုလာကြည့်
တာပါ ။ ဒီလိုနဲ့လှပလွန်းတဲ့သတိုးသမီးဝတ်စုံလေးတွေကို ဘယ်လိုရွေးချယ်ရမှန်းမသိ့ဖြစ်နေတဲ့အချိန်မှာပဲ ကျွန်မရုတ်တရက်တွေ့မြင်လိုက်ရ
တာကတော့ . . . မှန်အိမ်လေးတခုထဲမှာ တသီးတသန့်အလှပြထားတဲ့သတိုးသမီးဝတ်စုံလေးကိုပေါ့ ။ အိုဘုရားသခင် ကြည့်စမ်း
ပါအုံး အဖြူလွင့်လွင့်ပိုးသားလေးပေါ်မှာ ဇာပါဝါပါးပါးနုနုလေးတွေကိုပန်းကနုတ်ပုံစံမျိုးစုံနဲ့ပုံဖော်ထားလိုက်တာ ။ တချို့က လှိုင်းတံပိုးတွေရိုက်
ခတ်နေသလိုလို တချို့က တိမ်စလေးတွေရွေ့လျားနေသလိုလိုနဲ့ ပြီးတော့ လက်ခနဲ့နေအောင်တောက်ပလွန်းတဲ့ ကျောက်ဖြူဖြူလေးတွေကို
လဲ ဇာပုဝါပါးလေးပေါ်မှာ တွယ်ငြီ့ချုပ်နှောင်းထားသေးတယ် ။ အသက်ပါဖောင်းကြွပြီးလှလိုက်တာ ။
" ဟဲ့ ယုဂံမေ ဘာကြည့်နေတာလဲကွ "
ကျွန်မသူငယ်ချင်းရဲ့ရုတ်တရက်ခေါ်သံကြောင့် -
" ဒီ ဒီမှာလေကြည့်စမ်းပါအုံးဟယ်လှလိုက်တာ "
ကျွန်မဒီလိုပြောလိုက်တော့ သူ့မျက်နာကတခုခုကိုထိပ့်လန့်သွားသလိုနဲ့ -
" ဟဲ့အဲ့ဒီသတိုးသမီးဝတ်စုံက ကျိမ်စာသင့်နေတာ သွားမလုပ်နဲ့ "
" ဟဲ့ငါကဘာလုပ်နေလို့လဲ နေစမ်းပါအုံးနင့်ဟာက တကယ်ရောဟုတ်လို့လားဟယ် "
" ငါကမဟုတ်ပဲပြောပါ့မလား ဒီဆိုင်ပိုင်ရှင် ဒေါ်မေမင်းမာန် ကဒီဝတ်စုံလေးကိုသူကိုယ်တိုင်ဒီဇိုင်းဆွဲပြီ ချုပ်ထားတာ ဖြစ်ချင်တော့သူ့ရဲ့
မင်္ဂလာပွဲမစခင်မှာပဲ ဦးနှောက်သွေးကြောပြတ်ပြီးဆုံးသွားတာကြောင့် သူ့ဝိညာဉ်ကဒီဝတ်စုံလေးကိုစွဲနေတာလေ အစကတော့မသိ့လို့ရောင်းလိုက်
တာ ၀ယ်တဲ့သူတွေအားလုံးဒုက္ခရောက်ရတာကြီးပဲ ဒါကြောင့်ဒီဝတ်စုံလေးကိုဆိုင်ကိုပဲလာပြန်ပို့ကြလို့မရောင်းတော့ပဲ အလှပြထားတာလေ "
သူပြောတဲ့စကားကို တစူးတစိုက်နားထောင်နေပေမဲ့ အရာရာကိုလက်တွေ့ကျကျသိ့မြင်ပြီမှယုံကြည်တတ်တဲကျွန်မအတွက် အနည်းငယ်ဆန့်
ကျင်နေသလိုပဲ ။ ပြီးတော့ လိုအပ်မှု့အတွက်မရေရာတဲ့ စွတ်စွဲချက်တွေကိုကျွန်မလက်သင့်မခံနိင်ဘူး ။ ဒါ အတိ့အလင်းစိန်ခေါ်ခြင်းခံလို
က်ရတာလို့ကျွန်မထင်မြင်လိုက်တယ် ။ သေချာတယ် ဒီဝတ်စုံကကျွန်မအတွက်ပဲဖြစ်ရမယ် ။
ကျွန်မဒီဝတ်စုံလေးကို ဘယ်လောက်ထိ့များ မြတ်နိုးသွားခဲ့သလဲဆိုရင် ဒီဝတ်စုံလေးကိုစိတ်ကူးထဲမှာအကြိမ်ကြိမ်ဝတ်ဆင်နေခဲ့မိ့တယ် ။
အဲဒီအချိန်ကစလို့ ဒီဝတ်စုံလေးကပဲ ကျွန်မအတွက်အလွှမ်းမိုးနိင်ဆုံးပေါ့ ။ ဘယ်လောက်ထိ့များလွှမ်းမိုးထားသလဲဆိုရင် မနက်မျက်လွှာဖွင့်
ကထဲက ညမျက်လွှာပိတ်တဲ့အထိ့ပါပဲ ။ အဲ ဒါနဲ့တခုထူးခြားတာကကျွန်မရဲ့အိမ်မက်ထဲမှာ အရမ်းလှတဲ့အမျိုးသမီးတယောက်ကို ဖျက်ခနဲ့
တွေလိုက်ရသလိုပါပဲ ။ ဒါပေမဲ့ ဘယ်အရာကိုမှအလွယ်တကူအရှုံးပေးအညံမခံတတ်တဲ့ကျွန်မက သူတို့ပြောတဲ့ကျိမ်စာဆိုတာဘာလဲလို့တွေး
လိုက်မိ့ပါသေးတယ် ။
**********************************************************************************************
ဒီနေ့ ကျွန်မရဲ့မင်္ဂလာပွဲလေ ။ အလှဖန်တီးရှင်တွေရဲ့ ပြုပြင်မှု့အောက်မှာငြိမ်သက်စွာခံယူနေရပေမဲ့ တစုံတရာကကျွန်မကို လွမ်းမိုးချုပ်
ကိုင်းထားသလိုခံစားနေရတယ် ။ ငါဒီဝတ်စုံလေးကိုဝတ်လိုက်ရင်ဆိုတဲ့အတွေးကလဲ ရင်ကိုတလှပ်လှပ်နဲ့ခုန်အောင်မြန်စေတယ် ။ မျက်နာ
လေးပြင်ဆင်အပြီးမှာတော့ ၀တ်စုံလေးကိုလှမ်းယူလိုက်တဲ့အချိန်မှာပဲ ယုဂံမေ ဆိုတဲ့ကျွန်မရဲ့အမည်ကိုခေါ်ပြီးသတိ့ပေးလိုက်တဲ့ သူငယ်ချင်း
ရဲ့အသံကိုကြားလိုက်ရတယ် ။ ဒါပေမဲ့ကျွန်မ ဘာကိုမှမမှု့ဘူး ။ ကျွန်မဘာမှမဖြစ်စေရဘူး ။ ဟုတ်တယ် ဒီဝတ်စုံကကျွန်မကိုလွှမ်းမိုး
မနေစေရဘူး ။ ကျွန်မကပဲ ဒီဝတ်စုံလေးကိုလွှမ်းမိုးနေစေရမယ် ။ ယုဂံမေ ဆိုတဲ့ကျွန်မက ဘယ်အရာကိုမှလွယ်လွယ်နဲ့အရှုံးမှမပေးတတ်
တယပဲလေ ။ ဒီလိုနဲ့ဝတ်စုံလေးကိုသေသေသက်သက်ဝတ်ဆင်လို့အပြီးမှာပဲ မှန်ရှေ့ကိုကျွန်မရပ်ကြည့်လိုက်တော့ မှန်ထဲမှာ မှန်ထဲမှာ
. . . . .
**********************************************************************************************
တကယ်တော့ အရမ်းလှပလွန်းတဲ့ဒီဝတ်စုံလေးမှာ ကျိမ်စာဆိုတာရှိမနေခဲ့ပါဘူး ။ ဒီဝတ်စုံလေးကိုတပ်မက်မိ့တဲ့ကျွန်မတို့တွေရဲ့ စိတ်ဖိ့စီး
မှု့တွေကသာ ဒီဝတ်စုံလေးကိုကျိမ်စာအဖြစ်အသက်သွင်းပေးခဲ့ကြတာပါပဲ ။
= နှလုံးသားဖြင့်ရင်း၍ - ( မင်းဆက်ဆက်ခ )
= သတိုးသမီးစိတ်ဖိ့စီးမှု့များပြီး ခဏတာမှုးမေ့လဲကျသွားတာကလွဲလို့ ဒီမင်္ဂလာပွဲလေးက အောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပါတယ် ။ ဘာကြောင့်
ဒီလိုသိ့ရသလဲဆိုတော့ ဒီမင်္ဂလာပွဲလေးကို ကျွန်တော်ကိုယ်တိုင်တက်ရောက်ခဲ့လို့ပါပဲ ။ ( စာရေးသူ )့