ဇန်န၀ါရီ ၇ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင် ကြည့်မြင်တိုင်မြို့.နယ် ဆိပ်ကြီးရပ်ကွက် အမက ၁၈ စာသင်ကျောင်း မှာ ပြုလုပ်ခဲ့တဲ့ မှုခင်းကျဆင်းရေး ၊ အသိပညာ ဟောပြောပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ မှုခင်းများ ဖြစ်ပွားရခြင်း အကြောင်းရင်း တွေဟာ အရက်သေစာ သောက်သုံးမှုကြောင့် အများဆုံး ဖြစ်ပွားပွားလျက် ရှိတယ်လို့ သိရပါသည်။
အရက်သောက်တဲ့ လူတွေဟာ မူးလာပါက လူသတ်မှု ၊ ခိုးမှု ၊ မုဒိန်းမှု ၊ နာကျင်စေမှု စတဲ့ အမှုတွေကို ကျူးလွန်ဖို့ လွယ်စေတယ်လို့ သိရပါသည်။ အဆိုပါပွဲမှာ တာဝန်ရှိသူ ဇန်န၀ါရီ ၇ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင် ကြည့်မြင်တိုင်မြို့.နယ် ဆိပ်ကြီးရပ်ကွက် အမက ၁၈ စာသင်ကျောင်း မှာ ပြုလုပ်ခဲ့တဲ့ မှုခင်းကျဆင်းရေး ၊ အသိပညာ ဟောပြောပွဲမှာ တာဝန်ရှိသူတစ်ဦး ရဲ့ ပြောကြားချက်အရ မြို့နယ်တွေမှာ ဖြစ်ပွားတဲ့အမှုတွေမှာ ဖြစ်ပွားမှု အများဆုံးဟာ အရက် သောက်ပြီးမှ ကျူးလွန်ကြတာ ဖြစ်တယ်လို့ သိရပါသည်။
အဆိုပါ မှုခင်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲမှာ ဟောပြောမှုတွေကို အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ၊ ဒုတိယရဲမှူးကြီး မျိုးအောင်နဲ့ ဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ၊ ကြည့်မြင်တိုင်မြို့နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး အပါအ၀င် တာဝန်ရှိသူတွေမှ ဟောပြောခြင်းနဲ့ လက်ကမ်း စာစောင် ဖြန့်ဝေခြင်း များ ပြုလုပ်ခဲ့တာ ဖြစ်ပါသည်။ ဒါ့အပြင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးမှ ကြည့်မြင်တိုင်မြို့နယ် အမက ၁၈ စာသင်ကျောင်းကို အလှူငွေ ပေးအပ်ခြင်းများလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါသည်။