မင်္ဂလာပွဲဖြစ်စေ၊ အလှုပွဲဖြစ်စေ အလှအပတွေ ပြင်ဆင်ပြီးတာနဲ့ အမေပြောလေ့
ရှိတဲ့စကားတခွန်းက " ကြည့်ပါအုံး... လှလားလို့ " အဖေ့ကိုအမြဲမေးတတ်လေ့ရှိတဲ့
အမေရယ်လေ....
ခုလိုချမ်းအေးလှတဲ့ နှစ်သစ်စမဲ့အချိန်ထိ ဘ၀ပြောင်းခင်ပွန်းအတွက်
ကုသိုလ်ကောင်းမှုတွေလုပ်ရင်း အဝေးရောက်သမီးနှစ်ယောက်ကို မျှော်လင့်တောင့်တလို့
တဦးတည်း လွမ်းမောခြင်းတွေဖြစ်နေပြီလားးးး
သမီးကြီးပြန်လာချိန်ရက်စေ့လို့ အလွမ်းပြေသွားပေမဲ့... သမီးငယ်ပြန်လာချိန်ကို
ကြိုက်တတ်မဲ့ဟင်းတခွက်နဲ့ မျှော်တလင့်လင့်စောင့်စားလို့...
သမီးလည်းပြန်လာချင်တာပေါ့....စိတ်မကောင်းကြီးစွာ ကျွန်မဒီနေ့မနက်
ဖုန်းဆက်လိုက်ရတယ်....
အလုပ်တွေမပြတ်သေးလို့ ပြန်မဲ့ရက် ရွှေ့လိုက်ရတယ်.....
သမီးပြန်မလာဖြစ်သေးဘူးမေကြီး..... ဆိုတဲ့စကားအဆုံးးးးး
ဟာာာာ ဆိုတဲ့အသံတခုက သမီးရင်ကို ထိစေတဲ့စကားအသုံးအနှုန်းလေးပေါ့...
စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ် မေကြီးရယ်....
ပြီးတော့ပြောပြန်တယ် အလုပ်ထွက်ရရင်လည်း ထွက်ရပါစေ ခွင့်ရက်ပြန်လာရင် ရက်ကြာကြာ
နေလိုက်ဖို့ မရရင် အလုပ်ကထွက် အမေရှာကျွေးမယ်တဲ့....
အော်... အမေဆိုတာ ကိုယ့်သားသမီးကို အချိန်ပြည့်ကလေးတယောက်လိုသဘောထား
ရင်ဝယ်အပ်လို့ အမြဲမပြတ် ရှာဖွေကျွေးမွေးချင်တဲ့ မေတ္တာ၊ စေတနာအရင်းခံတဲ့ မာတာတပါး....
ဗုဒ္ဓဟူးမေ