Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878
တစ်ချိန်က သူအတွက်
$
0
0
 မောင် အချိန်တိုင်းမှာ သတိနဲ့နေပါ။ ဟိုတုန်းကလို မောင်နားငြီးလောက်အောင် မောင့်ဘေးမှာ စိုးရိမ်ပူပန်စိတ် တတွက်တွက်နဲ့ သတိပေးနေမယ့် ကျွန်မက မောင့်နားမှာ မရှိနိုင်တော့ဘူးလေ။ အချိန်ကို အကျိုးရှိအောင် အသုံးချပါ။ နောက်နောင် ဘယ်သူ့ကိုမှလည်း မမုန်းပါနဲ့။ ကျွန်မလည်း ဘယ်သူ့ကိုမှ မမုန်းပါဘူး။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို အပြစ်ယူရလောက်အောင် ကျွန်မ အသည်းမာမာနဲ့ မမုန်းနိုင်ပါဘူး မောင်။ ဒါပေမယ့် အချိန်တိုင်း နာကျင်ခဲ့ရတဲ့ ဒဏ်တွေကြောင့်တင်ပါရဲ့... မောင့်ကို သိပ်နာတယ်။ မောင်ကတော့ အနေဝေးလို့ သွေးအေးသွားပြီလို့ ထင်ပါလိမ့်မယ်။ ကျွန်မအတွက်ကတော့ မောင်နဲ့ဝေးတဲ့ အချိန်ကစပြီး သတိရမိလိုက်တိုင်း လွမ်းစရာတွေကိုချည်းတွေးနေမိမှာစိုးလို့ စဉ်းစားမိတိုင်း နာကျင်စရာတွေပဲတွေးပြီး ရင်နာနာနဲ့ မေ့ပြစ်လိုက်တာပါ။ အတိတ်ဆိုတာ ကျွန်မ အတွက် သိပ်ပြီး အကျည်းတန်လွန်းလှပါတယ် မောင် ...။
 နိုဝင်ဘာ 25 ဆိုတာ မောင် မေ့လောက်ပြီထင်ပါရဲ့။ မောင်ရဲ့ မွေးနေ့တိုင်း သတိတရနဲ့ ဂရုစိုက်ခဲ့တဲ့ ကျွန်မရဲ့ မွေးနေ့ပါ။ ကျွန်မရဲ့ မွေးနေ့မှာ မောင့်ရှီက မွေးနေ့လက်ဆောင်ဆိုတာ ဝေး... မွေးနေ့ဆုတောင်းလေး တစ်ခုလောက်တောင် မရခဲ့ဘူးပါဘူး။ မောင့်အနားမှာ မောင်စိတ်မချမ်းသာအောင် တွယ်ကပ်နေခဲ့ဘူးတဲ့ မိန်းမတစ်ယောက်ကို မောင်သိပ်မုန်းခဲ့ဘူးမယ်ဆိုရင် မုန်းသူများနေ့ကို မောင့်နှလုံးသားနဲ့ သတ်မှတ်စေချင်ပါတယ်။ ကျွန်မရဲ့ မွေးနေ့ 25ရက်နေ့ကိုသူ မုန်းသူများနေ့အဖြစ် သတ်မှတ်လိုက်ပါ မောင် ..။ မောင်တစ်ယောက် ကျွန်မနဲ့ အဝေးဆုံးတစ်နေရာ နှလုံးစိတ်ဝမ်းချမ်းမြေ့နိုင်ပါစေ ...။ ဘာပဲဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ .....။
                                   တခါက မောင်သိပ်မုန်းခဲ့ဘူးတဲ့ ...................
Viewing all articles
Browse latest Browse all 9878
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>