Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဗေဒင် နည်းပညာနှင့်ချမ်းသာခြင်း(မသိသူကျော်သွား၊သိသူဖေါ်စား)

$
0
0

ဗေဒင် နည်းပညာနှင့်ချမ်းသာခြင်း(မသိသူကျော်သွား၊သိသူဖေါ်စား)

ကျွန်တော်သည် ဗေဒင်နည်းပညာအား ၀ါသနာပါသူ တစ်ဦးဖြစ်ပါသည်။ ချမ်းသာခြင်းအား လည်း စိတ်ဝင်စားပါသည် ဗေဒင်နည်းပညာနှင့် ကိုယ်တိုင် များများနှင့် မြန်မြန် ချမ်းသာအောင် လုပ်လို့ ရနိင်ပါသလား ဆိုသည့်မေးခွန်း အား ဆရာတော်ကြီးများနှင့် တွေးဆုံတိုင်း လျောက်ထားဖြစ်ပါသည်။ ဗေဒင် နည်းပညာတွင် မူလဇာတာ၊ကောဇာ၊ဒသာ စသည်တို့ ကောင်းမှ ချမ်းသာမည်ဆိုလျင် စောင့်ရသည့်အချိန် ကြာသွားနိင်ပါသည်၊ ကောင်းကင် ကောဇာ ဓနဂြိုလ် ကြာသာပတေးဂြိုလ်တစ်လုံးတည်းဖြင့် ကြည့် ပြီးပြောလျင်လည်း ကျန် စနေဂြိုလ် ရာဟုဂြိုလ်များရှိနေပါသေးသည် ကြာသာပတေးဂြိုလ်သည် သာမန်အားဖြင့် (၁)ရာသီတွင်(၁)နှစ် နေပါသည်။ စနေဂြိုလ်သည်(၁)ရာသီတွင်(၂)နှစ်နှင့်(၆)လ နေပါသည်။ရာဟုဂြိုလ်သည် (၁)ရာသီတွင်(၁)နှစ်နှင့်(၆)လ နေပါသည်၊ အကျိုးစီးပွားဖြစ်ဖို့ ကောဇာကြာသာပတေးဂြိုလ်၊မူလဇာတာ၊ဒသာစားသည့် ကာလ(၃)ခုစလုံး အပြစ်ကင်းရန်မှာ မလွယ်ကူကြောင်း ဝေဒနည်းပညာကို စိတ်ဝင်စားသူ ၀ါသနာပါသူ လေ့လာသူများ သိကြပါသည်။ အကောင်းသာ ဖြစ်မလာရင် ရှိမယ် အဆိုးတွေ ကတော့ဖြစ်တတ်ပါတယ်။ လူတစ်ဦးတစ်ယောက် ချမ်းသာဖို့ဆိုရင် အကြောင်းတရားညီညွတ်ဖို့လိုပါ တယ် ၁။ချမ်းသာသည့် အမျိုးသား၊အမျိုးသမီးနှင့်လက်ထပ်ရသည့်သူများ ချမ်းသာ နိုင်ပါသည်။ ၂။ အမွေများများရသည့် သားသမီးများချမ်းသာနိုင်ပါသည်။ ၃။ ကိုယ်ဒူးကိုယ်ချွန်သမားများ ချမ်းသာဖို့ ကြိုးစားရသည့်၊စုဆောင်းရသည် စသည်ဖြင့် အချိန်ကာလတစ်ခုထိ စောင့်နေရတတ်ပါသည်။ ကျွန်တော်ဆိုလိုသည်မှာ ကိုယ်ထူးကိုယ်ချွန်သမားများ အတွက်ဖြစ်ပါသည် ကျွန်တော် အပေါင်းအသင်းမိတ်ဆွေများ ပြောသလို အသက်(၈၀)မှ ချမ်းသာမည်ဆိုလျင် ဘာသွားလုပ်မည်နည်း ငယ်ငယ်ရွယ်ရွယ် အခုအသက် ရှင်တုန်းလေး ချမ်းသာခြင်ပါသည်ဆိုသလိုပါ။ ထို့ကြောင့် ဗေဒင် နည်းပညာဖြင့်ချမ်းသာအောင်လုပ်ဖို့ဆိုရင်လည်းကောင်း များများနှင့်မြန်မြန်ချမ်းသာအောင် လုပ်ဖို့ဆိုရင်လည်းကောင်း၊အရင်းအနှီး အနည်းငယ်နှင့်အမြတ်များများရဖို့ဆိုရင်၊မြန်မာ့အောင်ဘာလေ ထီပေါက်လျင် များများနှင့်မြန်မြန် ချမ်းသာနိုင်ကြောင်းကို လေ့လာတွေ့ရှိ ရပါသည်။ထို့ကြောင့် မြန်မာ့အောင်ဘာလေထီအား မြန်မာ့ ရိုးရာ သရော ဒယ ဗေဒင်ပညာ ဝေဒနည်းပညာတို့ဖြင့်သုတေသနပြုလုပ်ပါသည်။ ထီပေါက်ခြင်းကို စိတ်ဝင်စားသဖြင့်(၁၉၉၅)ခုနှစ်တွင် ပြည်မြို့တွင် ဘုရား နီလမ်းထောင့်နှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် ဗေဒင်ဟောခန်းဖွင့်ပြီး၊၄င်းကာ လငွေအမြောက်အများဝင်ကိန်းရှိသူများအား ထီလက်မှတ်ရွေးချယ်ဝယ်ယူ ပေးခြင်းအား ဆောင်ရွက်ပါသည်။ ဧရာဝတီမြစ်ကူးတံတားရှိ ငွေအမြောက်အများဝင်ကိန်းရှိသူများ ထီပေါက် ကြပါသည်။ ၁၉၉၆ ခုနှစ်တွင် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာ ယာရေးဦးစီးဌာနတွင် ဒုလက်ထောက် အင်ဂျင်နီယာ အလုပ်ရပါသည်။ ၁၉၉၈ ခုနှစ်တွင် တောင်ငူမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရပါသည်။ ၁၉၉၉ ခုနှစ်တွင် တောင်ငူမြို့ ဈေးအနီး အမှတ်(၁)လမ်းတွင် အကြောင်း ညီညွတ်သဖြင့် ဗေဒင်ဟောခန်းဖွင့်ဖြစ်ပါသည်။ ငွေအမြောက်အများဝင်ကိန်းရှိသူများအား ထီလက်မှတ် ရွေးချယ်ဝယ်ယူပေး ခြင်းလုပ်ငန်းအား ဆောင်ရွက်ဖြစ်ပါသည်။ (၇)ရက်သားသမီးများထီပေါက်ကြပါသည်။ ထီပေါက်ခြင်းနှင့်ပတ်သက်ပြီး စဉ်းစားရာတွင် မိမိကံစမ်းထားသော ဂဏန်းများနှင့် ထီပေါက်စဉ်ထွက်လျင် အစဉ်လိုက်တူပါက ထီပေါက်ကြောင်း တွေ့ရှိရပါသည်။ နောက်ထပ်ထီကိုဘယ်လိုပေါက်အောင် ကံစမ်းလျင်ရနိုင်မည်နည်းစဉ်းစားရာ ကောင်းကင်နက္ခတ် စိုးမိုးဂဏန်းများအား တွေ့ရှိရပါသည်။ မြန်မာ့ အောင်ဘာလေ ထီပေးသည့်စနစ်မှာ ထိုအချိန်က သိန်း(၅၀) မင်္ဂလာစုံတွဲစနစ်တွင် အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံး အစဉ်လိုက်တူလျင် (၁)သောင်းစုပေါက်ပါသည်။ ကောင်းကင်နက္ခတ်စိုးမိုးဂဏန်းများစိုးမိုးခြင်း လစဉ် လဆန်း(၁)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြန်မာ့အောင် ဘာလေ ထီရုံးချုပ် ရန်ကုန်တွင် ကလေးများထီနှိုက်ကြပါသည်။ ထီပေါက်စဉ်များအား ဝေဒနည်းပညာနှင့် လေ့လာသောအခါ ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းများကိုသာ နှိုက်နေကြောင်း ဝေဒနည်းပညာ နှင့်သုတေသနပြုလုပ်လေ့လာသဖြင့်တွေ့ရှိရပါသည်။ ရန်ကုန်မြို့တွင်(၂၀၀၀)ခုနှစ် မင်္ဂလာဒုံ ခရေပင်လမ်းခွဲတွင် ဗေဒင်ဟောခန်း ဖွင့်ဖြစ်ပါသည်။၎င်းကာလ ငွေအမြောက်အများ ၀င်ကိန်းရှိသူများအား ထီလက်မှတ် ရွေးချယ်ဝယ်ယူ အကျိုးဆောင်ပေးသဖြင့် ထီပေါက်ကြပါသည် (၂၀၁၁)ခုနှစ် မေလ (၉) ရက်နေ့တွင် ကောင်းကင်ကောဇာ ကြာသာပတေး ဂြိုလ်သည် မိန်ရာသီမှ မိ ó ရာသီသို့ ပြောင်းရွေ့ပါသည်။ နေပြည်တော်တွင်(၂၀၁၁)ခုနှစ် မေလတွင် ဟောခန်းဖွင့်ဖြစ်ပါသည်။ မိဘ ဆရာသမားတို့၏ ဂုဏ်ကျေးဇူကြောင့် မြန်မာ့ ရိုးရာ သရောဒယ ဗေဒင် ပညာ ဝေဒနည်းပညာဖြင့် ပိုင်းခြားရှာဖွေ တွေ့ရှိထားသော မင်္ဂလာစုံတွဲစနစ် မှ ကလေးများ အကြိမ်စဉ် နှိုက်သော ရှေ့ဂဏန်း(၃)လုံး အကွက်(၂၂၀)အား (၂၀၀၀)ခုနှစ် ရန်ကုန်တွင် ဟောခန်းဖွင့်စဉ်က တွေ့ရှိထားတာပါ။ ၀န်ခံရမည်ဆိုလျင် ကျွန်တော်ကိုယ်တိုင် ၄င်းအကွက်(၂၂၀)ထဲမှ မည့်သည့် အကွက်အား ယခုအကြိမ်တွင် နှိုက်မည်ကို မသိသေးပါ။လေ့လာဆဲ၊သုတေ သနပြုလုပ်ဆဲဖြစ်ပါသည်။သို့သော် ၄င်းအကွက်(၂၂၀)ထဲမှ ဂဏန်းများကို ထီနှိုက်သူများ နှိုက်နေကြောင်းကို ထီပေါက်စဉ်များအား သုတေသနပြုလုပ် လေ့လာသဖြင့် သိရှိရပါသည်။ ၄င်း အကွက်(၂၂၀)အား တစ်ဦးတည်းကံစမ်းလျင် ငွေကြေးအဆင်မပြေသူ များ၊ထီနံပတ်(၂၂၀)အားလုံး ရရှိရန် မလွယ်ကူခြင်းစသည့်အကြောင်းတရား များကြောင့် အစုအဖွဲ့ဖြင့် ထီကံစမ်းခြင်းအား (၂၇၀)ကြိမ်ဇူလိုင်လတွင် စတင်ဆောင်ရွက်ပါသည်။ အစုအဖွဲဖြင့် ထီကံစမ်းသူများ အထူးမင်္ဂလာစုံတွဲစနစ်တွင် မြန်မာ့ရိုးရာ သရောဒယ ဗေဒင်ပညာ ဝေဒနည်းပညာဖြင့် ပိုင်းခြားရှာဖွေတွေ့ရှိထားသော မင်္ဂလာစုံတွဲစနစ်တွင် ကလေးများ အကြိမ်စဉ် ထီဖွင့်ချိန် နက္ခတ်စိုးမိုးဂဏန်း များကိုသာ နှိုက်နေကြသဖြင့် အကြိမ်စဉ် ထီပေါက်လျက်ရှိပါသည်။ ပိုင်းခြား ရှာဖွေတွေ့ရှိထားသည်မှာ (၁၂)နှစ်ရှိပြီ ဖြစ်ပါသည်။ကောဇာ ကြာ သာပတေးဂြိုလ်(၁၂)လရာသီ ပြည့်ပြီ ဖြစ်သဖြင့် ယခုအခါတွင် (၇)ရက်သား သမီးများ မည်သူမဆို ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းများအား မိမိလက်ဝယ် ကံစမ်းထားလျင် ထီပေါက်နိုင်သဖြင့် ၄င်းအကွက်(၂၂၀)ကို သာ ရွေးချယ် ၀ယ်ယူပြီး ရောင်းချ ပေးလျက် ရှိပါသည်။ မိမိနှင့် မိမိ ပတ်ဝန်းကျင်တွင် ၄င်းအကွက်(၂၂၀)အား ရွေးချယ်ဝယ်ယူရာ တွင် မရရှိပါက လာရောက်ရွေးချယ် ၀ယ်ယူနိုင်ပါသည်။ ၄င်းအကွက်(၂၂၀)ထဲမှ မိမိစိတ်ကြိုက် ဂဏန်းတွေ့ရှိပါက တစ်လ ကြိုတင် စာရင်းပေးပြီး မှာယူနိုင်ပါသည်။ ထီဈေးနှုန်းမှာလည်း ဒေသကာလ ပေါက်ဈေးသာဖြစ်ပါသည်။ အွန်လိုင်းဖြင့်လည်း ဘဏ်ကြိုတင် ငွေလွဲစနစ်ဖြင့် မှာယူနိင်ပါသည်။ အွန်လိုင်းဖြင့်မှာယူသူများအား ထီလက်မှတ်ကို စကင်ဖတ်ပြီး အီးမေးအကောင့်ထဲသို့ မေးပို့ပေးပါသည်။ ထီဈေးနှုန်းမှာလည်း ဒေသကာလ ပေါက်ဈေးသာ ဖြစ်ပါသည်။ စိတ်ဝင်စားသူများဆက်သွယ်နိင်ပါသည်။ သံသရာတခွင်တွင် အမိ၊အဘ၊အဖိုး၊အဖွား၊ညီ၊အကို၊မောင်၊နှမ၊ဆွေမျိုး၊မိတ်ဆွေ၊မတော်ဆပ်ခဲ့ ဘူးသူ မရှိပါသဖြင့် မိမိလေ့လာ သင်ယူ ဆည်းပူးထားသော မြန်မာ့ ရိုးရာ သရောဒယ ဗေဒင်ပညာ၊ဝေဒနည်းပညာတို့ဖြင့် ကျေးဇူးဆပ်ခြင်းဖြစ်ပါ သည်။ (မသိသူကျော်သွား၊သိသူဖေါ်စား)

အကြောင်းညီညွတ်ပါစေ

ဆရာဘုန်းမြင့်(ပြည်မြို့)

ဝေဒသုတေသီ-A.G.T.I-(civil)

ဟောခန်း-အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွက် နေပြည်တော်။ Email;sayaphonemyint.npt@gmail.com http://www.sayaphone.webs.com/Phone;o67-432224၊09-6801883 http://astrojer.multiply.com/photos/album/2/2 (9.1.2012)(၀၂း၂၀)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...