ကဲမိတ်ဆွေတို့ မိတ်ဆွေတို့ကို ကျနော်တစ်ခုဝန်ခံပါတယ်။ဒါက ကျနော့်ကို ကိုယ်တွေ့မြင်ခဲ့သူကပြောပြခဲ့တာပါ။ကြာတော့ကြာပါပြီ ။
အင်း...ကျနော်တို့သူငယ်ချင်းတွေနဲ့ဆုံပြီဆို ၇င် မဟုတ်တာကောဟုတ်တာကော လျှောက်လုပ်ကြတယ်ဗျ။ အဲတစ်နေ့တော့ ကျနော်တို့ဆီမှာသူငယ်ချင်းတစ်ယောက်တိုးလာတယ်ဗျ။ သူ့က ကျနော်တို့လိုဘဲဆိုးတယ်လေ။ အင်းပြီးတော့ သူ့အကြာင်းကိပြောပြရမယ်ဆိုရင် သူ့နာမည်က မောင်ဘသန်းတဲ့ဗျ။ သူက စုန်းကဝေလိုမျိုးပညာတွေလဲတတ်တယ်ဗျ။ သူနဲ့ကျနော်နဲ့က အရမ်းခင်တဲ့သူတွေပေါ့ဗျာ။ ကျောင်းရဲ့အနောက်ဘက်မှာ လွန်ခဲ့တဲ့သုံးနစ်လောက်တုန်းကသတ်ခံ၇တဲံ့အလောင်းတစ်လောင်းရှိတယ်ဗျ ။အဲဒါကို(နာ၇ီကခြောက်သောသရဲ) မှာဖော်ပြပါ့မယ်။ အခုက သူ့အိမ်မှာ စီးပွားရေးမကောင်းလို့ လာကူညီပေးကြပါလို့ ကျနော်တို့ကို အကူညီတောင်းတယ်ဗျ။ ဘယ်လိုကူညီရမှာလဲ လို့မေးတော့ ငါခိုင်းတဲ့အတိုင်းလုပ်ရင်ရပြီ။ တစ်မျိုးတော့မထင်နဲ့နော် ဓါးဗြ တိုက်ခိုင်းတာမဟုတ်ဘူး။ အိုးမုတ်ခွက် သရဲကိုခေါ်ပြီးအကူအညီတောင်းမှာတဲ့ဗျို့။ ကျနော်တို့လည်းကြားမှမကြားဘူးပဲ။ထားပါတော့ အတွေ့အကြုံ ၇၇င်တောင်ကျေနပ်ပါပြီ။ ခေါ်မယ့်နေ့ကိုေ၇ာက်ပြီ-
အဲဒါက တစ်ယောက်ထဲလုပ်လို့မရဘူးဗျ။ အနည်ဒးဆုံး10ယောက် ပါ၇တယ်လေ။ လုပ်ပုံလုပ်နည်းကဒီလိုမျိုးဗျ။ အမဲသားတစ်ပိသာကို အိုးမုတ်ခွက် ထဲကိုထည့် လိုက်ရတယ်။ပြီးတော့ ပါးစပ်ကဘာတေ၇ွတ်နေတာလဲမသိပါဘူးဗျာ ခနနေတော့ကျနော်တို့ကိုပုန်းခိုင်းတယ်ဗျ။ နည်းနည်းကြာတော့ အသံသြသြ ကြီးထွက်လာတယ် ဘယ်လိုပြောလိုက်ဆိုတော့ အဓိပါယ်ဘဲပြောလိုက်ပါ့မယ်။ အိမ်ထိလား ရေထိလား တဲ့ သူပြောလို့ကျနော်တို့တွေသိရတာဗျ။ကျနော့်သူငယ်ချင်းတစ်ယောက် အဓိပါယ်မသိဘဲနဲ့ အိမ်ထိလို့ပြောလိုက်တာကို တော်တော်ကံကောင်းသွားတယ်ပါးစပ်ကို လှမ်းပိတ်လိုက်လို့ ။ ။ ။ ။ကဲဗျာေ၇ထိလို့ပြောပြီးတာနဲ့ ပြေးတော့လုပ်ပြောတယ် ။ကျနော်တို့လဲဘုမသိဘမသိ နဲ့ပြေးရတာပေါ့ ။
အား...လားလား နာလိုက်တာဗျာ ခေါင်းတစ်ခုလုံ အိုးမုတ်ခွက်နဲ့ ခေါက်ခံရသလိုဘဲ။ သူကပြောတယ်ရေမြောင်းကိုကျော်ရင်ရပြီတဲ့ ။ ကျနော်တို့လည်းနီးစပ်တဲ့ ရေမြောင်းကို ခုန်ကျော်ရတာပေါ့ ခေါင်းတစ်ခုလုံးလည်းနာလှချေရဲ့ အဲ ဒီသရဲက အကုန်လုံးလိုက်ထုနေတယ်ဗျ။ဒီအထဲ၇ယ်စရာလေးတွေလဲပေါ်လာတယ်ဗျ.သူများဒုခရောက်နေတာကို ရယ်ချင်တဲ့သဘောပေါ့ဗျာ ကျနော့်သူငယ်ချင်းတစ်ယောက် က သူ့ကိုသူ ဇတ်လိုက်မင်းသားအောက်မေ့နေတာများလားမသိဘူးရုပ်ရှင်ကားတွေ အထဲကအတိုင်းခုန်ကျော် လိုက်တာ အဲဒီသရဲက မှီ၇ာကိုလှမ်းထုလိုက်တာ(ရေကိုကျော်လို့မရဘူး) ဟိုနေရာကိုထိသွားတယ်။တလွဲမထင်နဲ့နော် ။ခြေထောက် ကိုပါ။ ခွေးကျကျတဲ့ပုံကို အခုထိမြင်ယောင်နေတုန်း။ သူများကိုသာပြောပါတယ် ကိုယ်က ခေါင်းတောင်ပေါက်တော့မယ်။ ကျနော်ဆုံးဖြတ်ချက် ချလိုက်တယ် တော်ပြီိ လို့ စီးပွားေ၇းမတဲ့လည်း၇တယ်ခေါင်းတော့တော်တော်နာနေပြီ။
မနက်လည်းရောက်ရော ကျောင်းကိုမနည်းသွားရတယ်ဗျ အိမ်က အဖေ အမေတွေတောင် အသိ မပေးရဲဘူးဗျ။ ပြောတာကနောက်မှ ၇ိုက်ခံရတာက အရင်ကိုး။ ကဲဗျာထားပါတော့ သူ့ကိုကျနော်တို့တွေက ၀ိုင်းမေးတယ် မင်းကောဘယ်လိုလွတ်လာတာလဲလို့ သူကပြောတယ် ငါကနည်းနည်းတော့သက်သာပါတယ်ဗျာ။လူကြားထဲထွက်ပြေးတာကိုးကွ မင်းတို့က ဒီအတိုင်းထွက်ပြေးလို့ပိုခံ၇တာပေါ့ ။ သူပြောတာလဲမှန်ပါတယ်။ကျနော်တို့အိမ်က အဖေက ၇ာထူးတတ်သွားတယ် ဗိုလ်ချုပ်ကြီးဖြစ်သွားတာပေါ့။ နောက်ပိုင်းမှသိရတာတွေက -
အဲဒီ သရဲက အိမ်ဆိုရင်ကိုယ့်အိမ်ထိပြေးရမှာဗျ။ ပြီးတော့ အဲဒီလိုခေါ်ရင်ခေါ်တဲ့လူကော ပါဝင်တဲံ့လူတွေပါ စီးပွားတတ်တာရယ်။ မပြေးဘဲလှိမ့်ခံနေမယ်ဆိုရင် သေမှာတော့အသေအချာပါဘဲတဲ့။ အဲဒါပြီးတော့ အမှတ်မရှိဘဲ နောက်ထပ်သရဲခေါ်တာတွေလုပ်တယ်ဗျ။ ကဲပါနောက်ပိုင်းဖော်ပြမယ့်ဟာတွေကို နောက်မှပဲစောင့်မျှော် နေပါတော့လို့ ကျနော်တိုကြုံတွေ့ရတာတွေက တကယ်ကြောက်ဖို့ကောင်းတာပါကိုယ်တိုင်ကြုံခဲ့မယ်ဆိုရင်ပေါ့လေ။ ထားပါမိတ်ဆွေတို့ မကြောက်အောင်မနည်းကြံထားရတာဗျ။ ကြိုက်မယ်လို့မျှော်လင့်ပါတယ်ဗျာ ။
(ထာဝရမကြောက်သောကျားကြီး)