Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရွှေမင်းသမီးလေးရဲ့ ချစ်ပုံပြင်

$
0
0

ရွှေမင်းသမီးလေးရဲ့ ချစ်ပုံပြင်

 

ပုံပြင်ကြိုက်တဲ့ သူငယ်ချင်းတွေ အတွက် … ရွှေမင်းသမီးလေး တစ်ပါးရဲ့ လွမ်းဆွေးဖွယ် အချစ်ဇာတ်လမ်းလေး တစ်ခုကို ပြောပြချင်ပါတယ် …..

 

              တစ်ခါတုံးကပေါ့ကွယ် … ရေမြေသယံဇာတတွေ ပေါကြွယ်ပြီး သယာလှပလှတဲ့ တိုင်းပြည်ကြီး တစ်ခုကို မင်းလုပ် အုပ်ချုပ်နေတဲ့ ဘုရင်ကြီးတပါး ရှိသတဲ့ …။ အဲ့ဒီ ဘုရင်ကြီးဟာ … တိုင်းပြည်ရဲ့ ထီးမွေနန်းလျာကို ဆက်ခံဖို့ သားထောက်သမီးခံ မရှိသေးဘူးတဲ့ …။ ဘုရင်ကြီး ဆိုတော့ သားတော် တစ်ပါးကို အရမ်းလိုချင်တာပေါ့နော် … ဒါနဲ့ ရုက္ခစိုး နတ်မင်းကြီးဆီကိုပေါ့ … ဘုရင်ကြီးရယ် … မိဖုရားခေါင်းကြီးရယ် …. အခမ်းအနားနဲ့ သားဆုပန်တယ် …။ သားဆုပန်ပြီးတော့ သူတို့လည်းစံရာ နန်းဆောင်ကို ပြန်တယ်ပေါ့နော် …။ သူတို့လည်း ပြန်သွားတော့ လေခပ်ပြင်းပြင်းတွေ ရုတ်တရက် ထန်လာတယ်ပေါ့ ..။ အခမ်းအနား ပြင်ဆင်တဲ့ သူတွေရဲ့ တော်ရိရော်ရိ ပေါ့ဆ မှုကြောင့် ဆီမီးတိုင်တွေဟာ သေချာစွာမတည်မြဲဘဲ ယိမ်းထိုးလဲကျ ကုန်ပြီး ခင်းကျင်းပြင်ဆင်ထားတာ တွေ အနည်းငယ် ဖရိုဖရဲ ဖြစ်ကုန်ရတယ် …။

             ဒီလို ဆိုတော့ ရုက္ခစိုးနတ်မင်းကြီးက သူ့ကို မထီမဲ့မြင် လုပ်တာပဲ ဆိုပြီးတော့ စိတ်ဆိုးတာနဲ့ သားဆု ပန်သွားတဲ့ ဘုရင်ကြီးကို ပဋိသန္ဓေတည်ဖို့ သားတော် မချီးမြှင့်တော့ဘဲ … သမီးတော်ပဲ ဖြစ်စေခဲ့တော့တယ် တဲ့ …။ ပြောရမယ် ဆိုရင်တော့ ဘုရင်ကြီး ရဲ့ မိဖုရားခေါင်းကြီးမှာ ကိုယ်ဝန်ရှိလာရတယ် … ဒါပေမယ့် မွေးလာတော့ ဘုရင်ကြီး တောင့်တတဲ့ သားတော် မဟုတ်ဘဲ … သမီးတော်ဖြစ်နေရတယ် …။

             ဒါပေမယ့်လည်း သမီးတော်လေးဟာ … အဆင်းရေ အချင်းပါ ပြည့်စုံသူမို့ အရွယ်ရောက်လာတဲ့ အခါမှာ ခုနစ်ပြည်ထောင်ထိတိုင်အောင် မင်းသမီးလေးရဲ့ ဂုဏ်သတင်းဟာ ပြန့်နှံ့နေပါတယ်တဲ့ …။ ပြီးတော့ မင်းသမီးလေး နဲ့ လက်ဆက်ဖို့ ကမ်းလှမ်းကြတယ်ပေါ့ …။ ဒါပေမယ့် ဘုရင်မင်းကြီးက သမီးတော်လေးကို သာမန် မင်းသားတွေနဲ့ မထိမ်းမြားပေးချင်ဘူး …။ ထူးထူးခြားခြား အရည် အချင်းရှိတဲ့ မင်းသားမျိုးနဲ့မှ ထိမ်းမြားပေးပြီး မိမိ ရဲ့ နန်းစဉ်ကို ဆက်ခံစေချင်တာ …။ ဒီလိုဆိုတော့ သူကိုယ်တိုင် မင်းသား တွေရဲ့ အရည်အချင်းကို သိသိ သာသာ သော်လည်းကောင်း မသိမသာ သော်လည်းကောင်း စစ်ဆေး စုံစမ်းမှု ပြုတယ် …။

             တစ်ချိန်တည်းမှာပဲ ဘုရင်ကြီးဟာ မင်းသမီးလေးကို ဘယ်သူနဲ့မှ အတွေ့မခံတော့ပဲ … လျှိုဝှက်တဲ့ နေရာမှာ ရှိတဲ့ ဘုံခုနှစ်ဆင့် အမြင့်ရှိ ရဲတိုက်ထဲမှာ စံစားစေတယ် …။ အဲ့ဒီ ရဲတိုက်ထဲမှာ မင်းသမီး အတွက် အခြံအရံ အလုပ်အကျွေးတွေ နဲ့ အားလုံး ပြည့်စုံအောင်ထားတယ် … ဒါပေမယ့် မင်းသမီးလေးကတော့ ဘယ်မှ ထွက်လို့မရဘူး … ။ တစ်နည်းပြောရရင်တော့ မင်းသမီးလေး တိုက်ပိတ်ခံထားရတာပေါ့နော် …။ မင်းသမီးလေးမှာ ပြင်ပ လောက နဲ့ အဆက်အသွယ်ပျက်ရရှာတယ် …။ ပြင်ပလောကနဲ့ ပတ်သက်ပြီး တော့ မင်းသမီးလေး လုပ်လို့ ရတာက ရဲတိုက်ရဲ့ တစ်ခုတည်းသော လေသာဆောင် ပြတင်းပေါက်ကနေပြီးတော့ အပြင်လောက ကောင်းကင်ကြီးကို ငေးမောကြည့်ခွင့် လေးပဲ ရှိပါတယ် …။

           ဒီလိုနဲ့ တစ်နေ့မှာတော့ မင်းသမီးလေးဟာ ထုံးစံ အတိုင်း လေသာဆောင်ကနေပြီးတော့ မျှော်ကြည့်လိုက်တော့ ပန်းခူးနေတဲ့ လူ တစ်ယောက်ကို သွားတွေ့လိုက်ပါတယ် …။ အဲ့ဒီလူက မင်းဥယျာဉ်က ဥယျာဉ်မှူးလူငယ်လေးပါ …။ ပန်းခူးနေရင်းနဲ့ ရဲတိုက်ရှိရာဘက်ကို ကျွံဝင်လာတာပါ …။ မင်းသမီးလေးက ဥယျာဉ်မှူးလေးကို သတိထားမိလိုက်သလို … ဥယျာဉ်မှူးလေးကလည်း အထက်ကို မော့ အကြည့် … မင်းသမီး လေးနဲ့ မျက်လုံးချင်း စုံမိပြီး … ရှေးဘ၀ က ရေစက်တွေကြောင့် မြင်မြင်ချင်းပဲ မြတ်နိုးတွယ်တာ စိတ်တွေ နှစ်ဦးစလုံး ရဲ့ ရင်ထဲမှာ ဖြစ်ပေါ်လာပါ တယ်တဲ့ …။

          ဒါပေမယ့် ပေါ့လည်းလေ … တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်တာပဲ …။ သူကလည်း  ကိုယ့်ဆီ မလာနိုင် ကိုယ်ကလည်း သူဆီ မလာနိုင်တဲ့ ဘ၀ ….။

        နေ့တိုင်းနေ့တိုင်း သူတို့ နှစ်ဦး တစ်ယောက် နဲ့ တစ်ယောက် အချိန်အကြာကြီး ကြာသည် အထိ မြတ်မြတ်နိုးနိုး ကြည့်ကြတယ် …။ သူတို့ နှစ်ဦး ရဲ့ ချစ်ခြင်း တွေဟာလည်း မျက်ဝန်းနှစ်စုံ ကနေ တဆင့် စီးဆင်း နေကြတယ် …။ နောက်ဆုံးတော့ ဥယျာဉ်မှူး လူငယ်လေးက မင်းသမီးလေး အနား ရောက်ရဖို့ အရေး ကြံစည် စဉ်းစားတော့တယ် …။ ဘယ်လို လုပ်ရမလဲ ပေါ့နော် …။ ရဲတိုက်ထဲ ရောက်ဖို့ က လွယ်မှ မလွယ်တာ ..။ ဒါပေမယ့် ဥယျာဉ်မှူး ဆိုတော့ သူတတ်ကျွမ်းထားတဲ့ သစ်ပင်စိုက်ခြင်း ပညာနဲ့ပဲ မင်းသမီးလေးနဲ့ နီးစပ်ခွင့် ရနိုင်ဖို့ ကြံစည်ရတော့တယ် …။

ဥယျာဉ်မှူးလေးဟာ ရဲတိုက်ကြီးရဲ့ အခြေနားမှာ သစ်ပင်လေး တစ်ပင်ကို ကပ်စိုက်လိုက်တယ် …. ပြီးတော့ …

“အကျွန်ုပ်သည် … သည်ရဲတိုက်ကြီးပေါ်မှ မင်းသမီးလေးကို မြင်မြင်ချင်း စွဲလမ်းကြီးစွာ နဲ့ ချစ်မြတ်နိုး မိခဲ့ရပါသည် … မှန်ကန်သော သစ္စာစကားကြောင့် အပင်ငယ်လေးသည် တစ်နေ့တခြား ပိုမိုကြိးထွားလာ ပါစေသား….” ဆိုပြီး သစ္စာစကားပြုကာ … သစ္စာရေလောင်းတယ် ….။

          ဥယျာဉ်မှူးလေးရဲ့ သစ္စာစကားကြောင့် ရယ် … သူတို့ နှစ်ဦးရဲ့ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာကြောင့် ရယ် … ဥယျာဉ်မှူးလေး ပျိုးခဲ့တဲ့ အပင်ဟာ နောက် တစ်နေ့ မနက်မှာ ဘုံခုနှစ်ဆင့် ရဲ့ ပထမ အထပ်ထိ မြင့်အောင်ကို ကြီးထွားလာနေခဲ့တာကို အံ့မခန်း တွေ့လိုက်ရတယ် တဲ့ …။

          အဲ့သည့် အချိန်မှာ ဥယျာဉ်မှူးလေးကော မင်းသမီးလေးပါ … အရမ်းအားတတ်သွားပြီ …။ မင်းသမီး လေးက လည်း သစ်ပင်လေး အမြင်ကြီးထွားလာပါစေကြောင်း ဆုတောင်းတယ် ….။ ဥယျာဉ်မှူးလေး ကလည်း နေ့တိုင်း သစ္စာရေလောင်းပြီး ပျိုးထောင်တယ် …။

          တစ်နေ့ တခြား ပိုပို ကြီးထွားလာခဲ့တယ် …။

ဒုတိယ နေ့မှာ ဒုတိယ အဆင့်ထိ ….

တတိယနေ့မှာ တတိယ အဆင့်ထိ ….

 

လေးရက်မြောက်နေ့ … ငါးရက်မြောက်နေ့ ……

ခြောက်ရက်မြောက်နေ့မှာတော့ ဥယျာဉ်မှူးလေး ကော မင်းသမီးလေးပါ … နီးစပ်ခွင့်ရတော့မှာ မို့ အပျော်ကြီး ပျော်နေကြတယ် ….။ ဆုတောင်းတယ် …. သစ္စာရေလောင်းတယ် …..

.

.

.

ဒီလိုနဲ့ ……….

.

.

.

.

.

.

.

.

.

.

.

.

.

ခုနှစ်ရက်မြောက်တဲ့နေ့ …. သတ္တမနေ့မှာ ……

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

စည်ပင်က ဓာတ်ကြိုးနဲ့ မလွတ်လို့ ဆိုပြီး အပင်ကို လာခုတ်သွားပါလေရောတဲ့ ….. :P

 

 

 

 

(ပုံပြင်လေးကတော့ ဒါပါပဲ ရှင် … အဲ .. ခင်ဗျာ … ခိခိ ချစ်လို့ နောက်တာ စိတ်ဆိုးရ၀ူးနော် …)

 

မောင်ကောင်းရဲ့ ဟာသ လေးတွေ မမြင်ရတာ ကြာပြီ ဆိုလို့ပါ .....

သူငယ်ချင်းတစ်ယောက် ပြောပြတာလေးကို မှတ်မိသလို စာပြန်စီ ရေးသားလိုက်ရပါသည် ….။

 

ပြုံးပျော်နိုင်ကြပါစေ

MgKaung

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>