Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ငါတို့နိုင်ငံက လူငယ်လေးတွေ ဖတ်မိကြပါစေ.

$
0
0

ဂီတကို ကမ္ဘာပေါ်ရှိလူသားတိုင်း ခံစားမှုတစ်ခုကြောင့်ဖြစ်စေ၊ စိတ်လက်အပန်းဖြေလိုခြင်းဖြင့်ဖြစ်စေ ၎င်းတို့၏ နေ့စဉ်ဘ၀များတွင် အချိန်ယူနားထောင်လေ့ ရှိတတ်ကြသည်။ ယင်းတို့ထဲမှ အသက်အရွယ်၊၀ါသနာနှင့် ခံစားမှု ကိုလိုက်ကာ ဂီတမျိုးစုံကို ရွေးချယ်နားဆင်တတ်ကြသည့် လူမျိုးစုံလည်း နိုင်ငံစုံတွင် ရှိကြပေလိမ့်မည်။ ထိုထဲတွင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ မဟာဂီတကို နှစ်ခြိုက်လွန်း၍ သင်ယူလျက်ရှိနေသည်ဟု ဆို သော အမေရိကန်နိုင်ငံသား Mr.Joshua Mitchell (မြန်မာအမည်-ကိုကြယ်စင်ထူး) က မြန်မာတို့၏ မဟာဂီတနှင့် ၎င်းခံယူထားသည့် မြန်မာသီချင်းများအကြောင်းကို ယခုကဲ့သို့တွေ့ဆုံမေးမြန်းစဉ် ဖြေကြားခဲ့သည်။


မြန်မာလူငယ်တွေ မဟာဂီတကို အခုထက်ပို စိတ်ဝင်စားစေချင်တယ်

မေး ။ မြန်မာနိုင်ငံကို ဘယ်တုန်းကစရောက်ခဲ့ပြီး မြန်မာ့ဂီတနဲ့ ဘယ်အချိန်ကစပြီး ရင်းနှီးကျွမ်းဝင်ခဲ့ပါလဲ . . .
ဖြေ ။ မြန်မာနိုင်ငံကို ရောက်ခဲ့တာက ၂၀၀၉ ခုနှစ်လောက်ကပါ။ မြန်မာ့ဂီတနဲ့စပြီး ရင်းနှီးကျွမ်းဝင်ခဲ့တာကတော့ ကျွန်တော်အမေရိကန်မှာ နေထိုင်စဉ်ကတည်းကပါ။ မြန်မာ့ဂီတတွေထဲကမှ မဟာဂီတနဲ့ အတော်လေး ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ဒါနဲ့မြန်မာစကားကိုသင်တယ်။ နောက်မဟာဂီတကို ဆက်သင်ခဲ့တယ်။
မေး ။ မြန်မာနိုင်ငံမှာရှိတဲ့ ဂီတအမျိုးအစားတွေထဲက မဟာဂီတကို ဘယ်လိုကစပြီး သိရှိခဲ့တာလဲ . . .
ဖြေ ။ အလှူ၊ မင်္ဂလာဆောင်၊ ဘုရားပွဲတွေမှာ မဟာဂီတကို အများဆုံး ကြားခဲ့ရတယ်။ ဒီအသံကို ကြားကတည်းကစပြီး စိတ်ဝင်စားခဲ့တယ်လို့ ပြောလို့ရတယ်။ ဒီလိုနားထောင်နေရင်းနဲ့မှ မြန်မာတို့ရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ပေါင်းသင်းဆက်ဆံမှုတွေကို နှစ်ခြိုက်လာတယ်။
မေး ။ မဟာဂီတကို ဘာကြောင့်နှစ်ခြိုက်ရတာလဲ...
ဖြေ ။ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ဂီတအမျိုးအစား မျိုးစုံရှိကြမှာပါ။ မဟာဂီတကိုကြိုက်ရတာက သံစဉ်တွေက လတ်ဆတ်တယ်။ အစဉ်သဖြင့် လန်းဆန်းတယ်။ ဒါကြောင့် သံစဉ်တွေကို တဖြည်းဖြည်းကြိုက်လာတယ်။ နားထောင်တယ်။ တစ်ခါတစ်ရံမှာ မဟာဂီတရဲ့သံစဉ်တွေကို ကျွန်တော်နိုင်ငံက သီချင်းစာသားလေးတွေ အစားထိုးဆို ကြည့်ဖြစ်ခဲ့တယ်။
မေး ။ မဟာဂီတနဲ့ပတ်သက်လို့ရော  ဘယ်အပိုင်း တွေလေ့လာနေသေးလဲ . . .
ဖြေ ။ အခုကတော့ ဆရာမဒေါ်ခင်မင်နဲ့ မဟာဂီတကိုသင်တယ်။ ကိုယ်တိုင်သီဆိုနိုင်တာ အပုဒ်ပေါင်း ၂၀ ကျော်လောက်တော့ ရှိပါပြီ။ စောင်းတီးရင်း ဆိုကြည့်ဖြစ်တာပါ။
မေး ။ ဂီတအနုပညာဆိုတာကို ဘယ်လိုသုံးသပ်ချင်လဲ။ မြန်မာရဲ့ ဂီတအနုပညာပေါ်မှာရော ဘယ်လိုခံစားမိလဲ . . .
ဖြေ ။ အမေရိကန်နိုင်ငံမှာ သီချင်းအဆိုကျော်အဖွဲ့တွေကို သီဆိုအားပေးကြတဲ့ လူငယ်တွေရှိတယ်။ စတိတ်ရှိုး၊ လိုက်ဖ်ရှိုးစတာတွေ ဖျော်ဖြေတာမျိုးတွေ နေရာအနှံ့ရှိကြတယ်။ ဘား၊ ကလပ်တွေမှာ စသဖြင့်ပေါ့။ ဒီမှာကတော့ လမ်းဘေးလက်ဖက်ရည်ဆိုင်လိုနေရာမျိုးမှာ ကိုယ်တိုင်တူရိယာ တီးခတ်ဆိုတာမျိုးတော့ မမြင်မိဘူးပေါ့။ ဒါပေမယ့် အနုပညာနဲ့ပတ်သက်လို့ ကျွန်တော်ခံယူမိတာကတော့ ပန်းချီ ပဲဖြစ်ဖြစ်၊ ကဗျာပဲဖြစ်ဖြစ်၊ စာပေ၊ ဂီတပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့လူမှုဘ၀တွေကို ထင်ဟပ်ပြသစေနိုင်တာတွေပဲ လို့မြင်တယ်။ အချစ်သီချင်းတွေကိုတော့ ကျွန်တော်မကြိုက်ဘူး။ ဂီတ နဲ့ပတ်သက်လို့ အခုခေတ်မြန်မာလူငယ်တွေကိုကြည့်ရင် မဟာဂီတကိုနှစ်ခြိုက်မှု နည်းနေတယ်လို့မြင်တယ်။ ဂီတတွေကို ဖော်ကျူးတဲ့နေရာမှာလည်း လူမှုဘ၀တွေကို ထင်ဟပ်ပြသနိုင်တာ တွေ ရှိစေချင်တယ်။ တိုင်းရင်းသားလူမျိုးတွေဆိုရင်လည်း သူတို့ရိုးရာ ဓလေ့နဲ့ဘ၀တွေကို သီချင်းတွေနဲ့ ပုံဖော် သီဆိုနိုင်တာမျိုးပေါ့။
မေး ။ အနုပညာစစ်စစ်တွေအတွက် တန်ဖိုးအထားရဆုံး ကိုယ်ပိုင်ဖန်တီးနိုင်မှုတွေနဲ့ ပတ်သက်လို့ရော မြန်မာ့အနုပညာကို ဘယ်လိုထင်မြင်မိလဲ . . .
ဖြေ ။ မြန်မာ့အနုပညာမှာ သာမက ကမ္ဘာမှာရင်ဆိုင်နေရတာကတော့ ကော်ပီကိစ္စပေါ့။ ဒါပေမယ့် မြန်မာ့အနုပညာထဲမှာ မဟာဂီတရဲ့သံစဉ် စာသားတွေဟာ ကိုယ်ပိုင်ဖန်တီး တီထွင်မှုတွေနဲ့ ပြုလုပ်ထားတယ်။ ပြီးတော့ ဖန်တီးသူဟာ တီထွင်စိတ်ကူးနိုင်မှု ရင့်သန်သူတွေပဲလို့ မြင်မိတယ်။ တချို့ဂီတအမျိုးအစားတွေမှာ မြန်မာ့လူမှုဘ၀ကို ပျောက်ပျက်စေတာတွေ မြင်မိတယ်။ ပန်းချီကားတစ်ချပ်ကိုပဲ ဖြစ်ဖြစ်၊ သီချင်းတစ်ပုဒ်ကိုပဲ ဖြစ်ဖြစ်မြင်မိ၊ အသံကြားမိရုံမျှနဲ့ လူမှုဘ၀ကိုထင်ဟပ်စေတာ တကယ့်အနုပညာစစ်စစ်ပါပဲလို့ ပြောချင်ပါတယ်။
http://www.news-eleven.com/index.php?option=com_content&view=ar... မှ ကူးယူတင်ပြပေးခြင်းဖြစ်ပါသည်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>