၂၀၁၂ခုနှစ်ရဲ့..၃၆၅ရက်သော..နောက်ဆုံးရွက်ကျန်လေးကတော့
ဒီည သန်ခေါင်ယံမှာ..ကြွေကျမြေခရပါတော့မယ်..
ရန်ကုန်မြို့ကြီးမှာ..ကြေးရည်တက်သားသမီးများနဲ့အပြိုင်..သက်ကြားအို ဘောစိကြီးများ
နှစ်သစ်ကူး..ပျော်မြူးကြနေလောက်ပါပြီ..
ထိုင်းက..အပျော်ကုမ္မဏီနဲ့ မြန်မာကကုမ္မဏီတစ်ခုပေါင်းပြီး နှစ်သစ်ကူးပွဲလုပ်မှာဆိုလား..
ပျော်ယုံလေး..ဆိုယုံလေး..သောက်ယုံလေးဆို..ဒေါ်လာ ဘယ်လောက်..
ညအိပ်..ဟော်တယ်ခန်းပါဆို..ဒေါ်လာ ဘယ်မျှတဲ့လေ..
အားကျလိုက်တာဗျာ…။
တရုပ်နှစ်သစ်ကူးဆိုရင်..ဗျောက်အိုးတွေဖေါက်နှစ်သစ်ကိုကြိုဆိုကြပါတယ်
အောက်ထက်ကြီးတို့မြန်မာပြည်မှာက..တရုပ်ထက်အဆင့်ပိုမြင့်ပါတယ်
၁၀၅ မမအမြောက်တွေပစ်ဖေါက်ကြတယ်..
ဆွီဒင်နိုင်ငံလုပ် တင့်ဖျက်ပုခုံးထမ်းတွေပစ်ဖေါက်ကြပါတယ်..
ဟယ်လီကော်ပတာ..ဖိုက်တာဂျက်နဲ့တောင် အားဖြည့်လိုက်ပါသေးတယ်..
AK47 လောက်တော့စာဖွဲ့မနေတော့ပါဘူး..
၂၀၁၃ နှစ်သစ်ကို အသံလေးနဲ့တင်အားမရ..အဆန်ပါထည့်ကြိုဆိုနေတာပါ..။
မြန်မာ့တပ်မတော်က ကချင်မှာ..နှစ်သစ်ကို..တပ်မတော်လေနဲ့ပါကြိုဆိုနေပုံများ
ကမ္ဘာ့နှစ်သစ်ကူးပွဲတော်တွေမှာ..ဂင်းနစ်စံချိန်တောင်ကျိုးလောက်ပါရဲ့..
၁၀၅ မမ ကျည်တစ်လုံးတန်ဘိုးက..တစ်တောင့်မှ သိန်း၂၀လေးရယ်ပါ
အချက်ပေါင်း..၁၀၀၀ ထုအုန်းတော့..သိန်းပေါင်း..နှစ်သောင်းပေါ့
ဝေဟင်က မြေပြင်ပစ်ဒုံးကျည်တစ်တောင့်ကရော..လွန်ရောကျွံရော..သိန်း၃၀ပေါ့
ခုဆို..အလုံး ၅၀လောက်ထား..ဘာမှုစရာလဲဗျာ..။
ကချင်ပြည်နယ်ရဲ့လူဦးရေ၈၀%က ခရိယံဘာသာဝင်တွေပါ
ကချင် ခရစ်စမတ်ညများကတော့..ဂျင်ဂယ်ဘယ်..သီချင်းသံအစား
သေနတ်သံတေ ဗုံးသံတွေမြိုင်ဆိုင်လှပါဘိ…မေတ္တာရှင်ကိုယ်တော်တောင်.
ကတုတ်ကျင်းထဲပုန်းနေရလောက်ပါရဲ့..။
အောင်ထက်ကြီးသာ..လုပ်ပိုင်ခွင့်ရှိတဲ့သူဆို ဒီလိုကျည်ဆံဘိုးအကုန်မခံပေါင်ဗျာ..
ကချင်ရွာတွေလာခဲ့ကြ..တစ်ရွာကို..ရော့အင့်..သိန်းတစ်ရာစီယူ..သွားကြပြောင်းကြ..
KIA တွေဆီပြေးကြ..စစ်ဘးရှောင်ဒုက္ခသည်တွေနဲ့..ဖင်မနိုင်ခေါင်းမနိုင်ဖြစ်ပြီးတာပဲမို့လား..
၁၀၅မမ အမြောက်ကြီးတွေတောင်..ပြောင်းပူသက်သာသေးတယ်
အဓိကက..ကချင်ရွာဆိုတာ..KIA အမျိုးတွေလေ..။
ကျွန်တော် အောင်ထက်ကြီးက..လက်ဘက်ရည်ဆိုင်မှာ အဲလိုပြောတော့
စာရင်းစစ် ပင်စင်စားကြီးက..
“ ဟဲ့ကောင်ရ..မြန်မာ့တပ်မတော်ကို ငတုံးမှတ်နေလား ပိုက်ဆံပေးရွာပြောင်းခိုင်းမလားကွ..
သူတို့ပေးလိုက်တဲ့ပိုက်ဆံ..ဟိုဖက်က မောင်တွေလက်ထဲရောက်မှာပေါ့..
ခုလို..၁၀၅ မမစာ ကျွေးတာက..ယာလဲညက်..ကြက်လဲပန်းကွ..” တဲ့လေ..ဒါလဲဟုတ်ပေတာပဲ..။
ကချင်တွေကလဲ..ကချင်တွေပဲ..
တရုပ်က..မြစ်ဆုံလာ ရေကာတာလေး တည်ဆောက်ပါတယ်..ကန့်ကွက်ကြ
သူတို့စတာနဲ့ မြန်မာတစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက်ကိုဖြစ်..
သမ္မတကြီးတောင် အကောင်းမနေရ..ပေါက်ဖေါ်ကြီးက မျက်ထောင့်နီပြန်ရော..
ခုတစ်ခါ..ကြေးနီတောင်လေးမှာ..တရုပ်နဲ့..မရှိဆင်းရဲသား..တပ်ကအငြိမ်းစားလေးတွေ
ပူးတွဲလုပ်ပြန်ပါတယ်..သပိတ်မှောက်ကြ..
မီးခိုးဗုံးလေးသုံး..ဖြိုခွဲပြန်တော့..အပူလောင်လို့..ဆူညံဆူညံ…
“ နီတို့..ဘာကောင်းလဲ..နီတို့အဘ..အမေရိကန်က..အိုဘားမားကိုအားကိုးနေလား
ဝ ကျေးဇူးကို နားမလည်ကြ..” လို့သာ နှစ်သစ်ကူးမှာ အော်လိုက်ချင်တယ်..။