ခုခေတ်လူငယ်များ ခေတ်နဲ့ အညီ အင်တာနက်၌ ဂျီတော့သုံးသူများပြားလာရာ စိုးပိုင် ရွှီးစရာ ဖြစ်လာပါသည်။ အနည်းဆုံး တစ်နေ့တစ်ခေါက်တော့ မရွှီးရ မနေနိုင်သော သကောင့်သား စိုးပိုင်မှာ လျှာယားလာ၍ အင်တာနက် သုံးခါစ ကလေးများကို မုန့်ကျွေးကာ သင်တန်းပေးပါတော့သည်။ ထိုသင်တန်းများကို မတက်လိုက်ရသော သူငယ်ချင်းတို့အား ဤနေရာမှာ ဂျီတော့ အတိုကောက် သုံးနည်းသင်တန်းကို “ဆရာလုပ်ရနည်းလား”ဆိုသောအတွေးဖြင့် ရေးလိုက်ပါသည်...ခင်ဗျား။
ဂျီတော့ သုံးရာ၌ စကားရှည်ရှည် မပြောလိုသော ၀ါရင့် သမ္ဘာရင့် လူကြီးများမှာ မညှာမတာ လူသစ်များကို အတိုကောက်ဖြင့် နှိပ်ကွပ်တတ်ပါသည်။ ထိုအခါ ခုမှ စသုံးခါစ လူပိန်းငတိလေးများမှာ တော်တော့ကို လည်သွားကြပါသည်။ နားလည်သွားခြင်း မဟုတ်။ မျက်စိရော ခေါင်းရော လည်သွားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်စိုးပိုင်မှာ လူပိန်းတို့၏ ဆရာဖြစ်ချင်သောကြောင့် သုံးနည်း အတိုကောက် ရှင်းလင်းချက်လေးများအား မှတ်မိသလောက် တင်ပြအပ်ပါသည်။
*သင်္ကေတများအားရှင်းခြင်း*
:).........ထိုသင်္ကေတလေးမှာ ပြုံးပြခြင်း အဓိပ္ပာယ် သက်ရောက်သည်။
:D.........အားရပါးရပြုံခြင်း
:(.........စိတ်မကောင်းဖြစ်ခြင်း(သို့) စိတ်ကောက်ခြင်း
:p.........လျှာထုတ်ကာ ပြောင်ပြခြင်း
;)..........မျက်စိမှိတ်ပြခြင်း
:s.........မအီမသာဖြစ်ခြင်း
!-!....... ငိုခြင်း(သို့) ၀မ်းနည်းခြင်း
O_O........မျက်လုံးပြူးခြင်း (သို့) အံ့သြသင့်ခြင်း
:*.........အနမ်းပေးခြင်း
:O..........အံ့သြသင့်ခြင်း
:/............မဲ့ပြခြင်း
zzz..........ပျင်းရိခြင်း(သို့) အိပ်ငိုက်ခြင်း
ထိုအရာများကို စိုးပိုင် လွယ်လွယ်သိခဲ့ခြင်းကား မဟုတ်ချေ။ လူပိန်း အခါတစ်ရာမက အခေါ်ခံပြီးမှာ သိခဲ့ရသော အတိုကောက် သင်္ကေတများသာ ဖြစ်ပါသည်။ ဆက်လက်၍ အတိုကောက် စကားလုံးများကို လေ့လာပါအုံး။
u=you
How r u= How are you?
သင်နေကောင်းလား
gd=Good
ကောင်းပါတယ်
ur=your
a s l?.......a=age(အသက်မေးတာ)/s=sex(ကျားလား မလားမေးတာ)/l=location(နေရပ်မေးတာ)
m or f?( male=အထီးလား/famle=အမလား မေးတာ)
ygn=ရန်ကုန်
ptn=ပုသိမ်
(အခြားမြို့များကိုလည်း ခေတ်လူငယ်ပီပီ ချဲ့ကြည့်စေသာ်)
add=address(လိပ်စာ)
ူltnc= Long time no see(မတွေ့ရတာကြပြီ)
thks=thanks(ကျေးဇူးပါ)
asap= as soon as possible(တတ်နိုင်သမျှ မြန်မြန်လေး လုပ်ပါ)
cul8r=see you later(နောက်မှ တွေ့တာပေါ့)
ttyl=talk to you larer(နောက်မှ ပြောတာပေါ့)
ruok?= are you ok?(အဆင်ပြေလား)
k?=Okay?(အဆင်ပြေလား)
B4=before(အရင်က)
Gr8=Great(ကောင်းတာပေါ့)
oic=oh, I see(အိုး... ငါသိပြီ)
ic= I see(သိပြီ)
2=to(သို့)
2 moro=Tomorrow(မနက်ဖြန်)
2nite=To night(ဒီနေ့ည)
sum= Some one (တစ်ယောက်ယောက်)
cu=see you(နောက်မှ တွေ့တာပေါ့)
luv u = I love you (ချစ်တယ်)
xoxo=Hug and kasses
(ပွေ့ပိုက်ခြင်း (သို့) အနမ်းများစွာဖြင့်)
miz u=I miss you(လွမ်းတယ်)
ph no= phone number(ဖုန်းနံပါတ်)
ူlol= laughing out loud(အားရပါးရ အော်ရယ်သည်)
(ကျန်တာတွေကိုလည်း အကျယ်ချဲ့တွေးကြည့်ပါလော့)
(တချို့သိသော တတ်သော သူငယ်ချင်းများကလည်း ကျန်သောအရာလေးများကို ကျေးဇူးပြု၍ ရေးပေးကြပါ။ အနော်စိုးပိုင် ပညာယူချင်လို့ပါဂျာ....အဟီး(မျက်နှာချိုသွေးသည်))
မှတ်ချက်။ ။ လူပိန်းများ ဖတ်ရန်သာ ရည်ရွယ်သည်။ အဟီး။
လူတတ်များ ကြည့်ကာ ပညာမျှရန်လည်း ရည်ရွယ်သေးသည်။
(အချိန်တော်တော်ကြာကြာလောက် ပျောက်အုံးမည် နှုတ်ဆက်ခဲ့ပါသည်)
စေတနာဖြင့်...
စေပိုင်ထွဋ်(ပုသိမ်)