Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လက်စွပ်တကွင်း၏ ရာဇ၀င်....

$
0
0

နှစ်ဟောင်းကိုပစ် နှစ်သစ်တဖန်ကူးပြောင်းလာပြန်လေပြီ။ တနှစ်ထက်တနှစ် ရင့်ကျက်လာတဲ့ အသိဥာဏ်တွေနောက် တရွတ်တိုက် လိုက်ပါနေရတဲ့ ကျွန်မရဲ့အသည်းနှလုံး နုသထက်နုနေရခြင်းက ရေလောင်းပေါင်းသင် မြေသြဇာကျွေးဖို့ ပျက်ကွက်ခဲ့လို့လား…. လေ့လာရန် သင်ခန်းစာတွေမို့ တချိန်ကမလိုအပ်ဘူးအထင်နဲ့ မသိချင်ယောင်ဆောင်ခဲ့လို့များ ပညာပြနေသလား… စဉ်းစားတွေးခေါ် တတ်တဲ့ဦးနှောက်တချို့က ချစ်ရတဲ့သူနဲ့ပတ်သက်လာရင် အရာရာတွန့်ဆုတ် ဆွံ့အလို့… ခံစားလွယ်တဲ့ အသည်းငယ်ငယ်က သူနဲ့ပါတ်သက်လာရင်လေ… ခိုင်မာတဲ့စိတ်ဓါတ်တစုံနဲ့ ဘယ်တော့မှ နောက်မဆုတ်တမ်း မျှော်လင့်ချက်ရောင်ခြည်အလင်းတန်း ကိုစောင့်နိုင်သလို ကံကြမ္မာကပေးလာမဲ့အမိန့်၊ စေခိုင်းချက်တွေကို အတိအကျလိုက်နာရန်အဆင်သင့်…

တနေ့တနေ့ နေ့စဉ်တိုင်းကြည့်ဖြစ်နေတဲ့ ချစ်သူရဲ့ပုံရိပ်တွေက ကျွန်မအမြဲတစေကြည့်နေကြ Update Fashion Photo တွေထက်ပိုမိုဆွဲဆောင်နိုင်တဲ့၊ ဘယ်တော့မှရိုးမသွားနိုင်တဲ့ အဖိုးတန်ပန်းချီကားချပ်တခုလို… သူနဲ့ပတ်သက်လျှင် လူအများနှင့်မတူသော မျက်ဝန်းအိမ်တစုံကို ရင်ခုန်သည်။ မြင်ရခဲသော နားသယ်စပ်မှ မှဲ့နက်ကလေးကို ရင်ခုန်သည်။ အသက်ပါပါပြုံးတတ်သောသူ့ရုပ်သွင်ကိုရင်ခုန်မိသည်။ အချစ်တခုစတင်ခြင်းသည် လွယ်ကူစွာအဆုံးသတ်ရန်မဟုတ်ခဲ့သဖြင့် သူ၏ရင်ခုန်သံအစစ်အမှန်က ကျွန်မမဖြစ်ခဲ့လျှင်တောင် ကျေနပ်စွာဆက်ချစ်ချင်သည်။ အရာတိုင်းအဖြစ်အပျက်တိုင်းကို မျှတမပေးချင်၊ တကိုယ်ကောင်းဆန်သည့်စိတ်မျိုး ကျွန်မတွင်ရှိခဲ့မည်ဆိုလျှင်လည်း ချစ်သူကိုယ်တိုင် စိတ်ကြိုက်မှတ် ကျောက်တင် ရွေးချယ်ထားသော မိန်းမငယ်နှင့်စိတ်အခန့်မသင့်သည့်အခါ ခဏတာနားခိုရာ ဒုတိယဆိုသောနေရာကိုပင် မျှော်လင့်တောင့်တ ရင်ခုန်မိသည်လေ။ ဒါကသစ်ရွက်လှုပ်တိုင်းရယ်ချင်တတ်ကြသည့် ၁၅နှစ်၊ ၁၆နှစ်အရွယ် မဟုတ်သော ကျွန်မ၏ရင်တွင်းခံစားချက်…

“ Happy Birthday ”အတွေးတွေ၊ စိတ်ကူးတွေခဏရပ်လို့ ကျွန်မချစ်တဲ့၊ ကျွန်မကိုညီမတယောက်လိုသာချစ်တဲ့ ကျွန်မကို အစဉ်အမြဲရင်ခုန်စေသူဆီက ကြားရတဲ့wishလေးကိုရင်ခုန်စွာခံယူလိုက်ပါတယ်။ ဒီနေ့ကျွန်မမွေးနေ့ဆိုတာ သူသတိရရှာ ပေသားပဲ။ အရာအားလုံးပြီးပြည့်စုံသွားတဲ့ခံစားချက်နဲ့ ပျော်စရာကောင်းတဲ့ အသက်တနှစ်တိုးခြင်းအမှတ်ရစရာ နေ့ရက်လေး ဖြစ်ခဲ့ရပြီပေါ့။ ကျွန်မကိုကလေးတယောက်လို ဆုတောင်းမေတ္တာတွေ တလှေကြီးဆက်ပေးနေတဲ့ ချစ်ရသူကို ကြည့်ရင်း မချိတင်ကဲဖြစ်လာမိရပြန်တယ်။ ပိုမိုတဲ့ပက်သတ်ခွင့်သာရှိခဲ့ရင် တတ်သိနားလည်တတ်တဲ့ ချစ်သူလေးအတွက် မျက်လုံးခဏ မှိတ်ခိုင်းပြီးဆုတခုတော့ပေးမိမှာအသေအချာပင်။ ကျွန်မနှုတ်ကထွက်သွားတဲ့စကားကတော့ “မျက်လုံးခဏမှိတ် ပေးပါလား” ဆိုတဲ့စကား မဟုတ်တဲ့ “ ဘာလက်ဆောင်ပေးမှာလဲ”ဆိုတာနဲ့ ကိုယ့်နှုတ်ကို လှည့်ဖျားလိမ်လည်မိပါရဲ့။ “ လာမယ်လေ။ လက်ဆောင်က တန်ဖိုးအရမ်းကြီးတယ်… ပြီးတော့ရိုရိုသေသေအမြတ်တနိုးထားမှ ပေးမှာနော်…. ဂတိပေးမလား” သိချင်စိတ်တွေနဲ့ ကမန်းကတန်းခေါင်းညိမ့်လိုက်တယ်ဆိုရင်ပဲ။ ချစ်စရာကောင်းလှတဲ့ ကတ္တီပါဗူးအနီလေး ကျွန်မရှေ့လက်ထဲသို့ ထိုးပေးလာတယ်။ သိချင်စိတ်ခပ်များများက လူတယောက်ရဲ့အိနြေ္ဒကိုပျက်စေပါတယ်။ ဖွင့်ကြည့်လိုက်တော့ အ၀ါရောင်ever smile fancy လက်စွပ်လေး။

“ ငယ့် ကိုချစ်တယ်” အငိုက်မိစွာ ကြားလိုက်ရတဲ့စကားတခွန်းက မျက်လုံးထဲမှာ ဖြူ၊ နီ၊ ၀ါ၊ ပြာ….ရောင်စုံတွေလက်ကုန်တယ်။ ဘာကိုမှမြင်နိုင်လောက်အောင် အမြင်အာရုံထဲမှာသူကလွဲလို့ အရာအားလုံးေ၀၀ါးကုန်တယ်။ ပြုံးစစအမူအရာလေးနဲ့ သူ့ကိုကြည့်ရင်း ရင်ခုန်သံတွေပိုပိုမြန်လာတယ်။ ရွှေလက်စွပ်၊ Platinumလက်စွပ်၊ စိန်လက်စွပ်တွေထက် ကျွန်မမြတ်နိုးမိတာ ဒီever simleလက်စွပ်လေးပါ။ တသက်တာအတွက်ထာဝရဖြစ်အောင် အမြတ်တနိုးပေးခဲ့တဲ့ ချစ်သက်လက်ဆောင်လေးပါပဲ။ အိနြေ္ဒဆိုတာမိန်းကလေးတွေအတွက်ပါ။ သို့ပေမဲ့ရင်ထဲကအချစ်စစ်တခုကိုတော့ အိနြေ္ဒနဲ့ ကျွန်မလဲယူလိုက်ပြီး ဘယ်တော့မှ မပြောင်းလဲနိုင်တော့တဲ့ ခံစားချက်တခုကို နှုတ်ဖျားသို့အရောက်ပို့လွှတ်လိုက်မိတယ်….

“ ငယ်လဲ ကိုကို့ကိုချစ်တယ်”လို့…..

(အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်..... နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ)

ဗုဒ္ဓဟူးမ္ဓေ္ဓ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>