Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

# မတည်မြဲခြင်း #

$
0
0



လေရူးသုန်သုန်တိုက်ခေတ်နေသော ဆောင်းရာသီရဲ့ နံနက်ခင်းတစ်ခု ။ အေးမြခြင်းနှင့်ခြောက်သွေ့သောလေက တလောကလုံးကိုလွှမ်းခြုံထားပါသည် ။
နေ့သစ်တစ်ခု အစပျိုးခဲ့ပြီ။ မနေ့က ညနေက ပူအိုက်ခြင်း ဘယ်ဆီပျောက်ပျက်သွားပြီမသိ ...
မတည်မြဲ ခြင်းနှင့် ဖောက်ပြန်ခြင်းသည် လောက၏ နိယာမပေပဲလား ...


1.1.2013 တဲ့ နေ့သစ်ဆိုတာ ထက် နှစ်သစ်လို့ ပြောလို ရသော နေ့တနေ့ပါ။ 2012 ဆိုတာ ပျောက်ကွယ်သွားခဲ့ပါပြီ ။ အချိန် နည်းနည်းလေး ကြာ သွားရင်ဖြင့် လုံးဝ မေ့ပျောက်သွားတော့မှာ သေချာပါသည် ။
ယခု အချိန်ပင်လျှင် 1.1.13 ဆိုသော ကာလကို လွန်မြောက်ရန် စက္ကန့် မလတ်ပြေးလွှားနေကြသည် ။ မောလို နားသည် မရှိ ။ အလွန် တိကျပါပေသည် ။ အချိန် နှင့် ကာလ သည် မျက်နှာ မလိုက်တတ်သော တရားသူကြီးတစ်ဦးပမာပင် ... ..


ရင်ခုန်သံသည် စက္ကန့် သံနှင့် ထပ်တူ တချပ်ချပ်ပြေးလွှားနေသည် ။ အတိန်းအစောင်းမ၇ှိ ...
မနေ့ကဖြင့် 2012 ၊ ဒီနေ့တော့ 2013 ပါ ။ လုံးဝ ကွားခြားသွားခဲ့ပြီ ။ စက္ကန့် သံနှင့် ထပ်တူ ပြေးလွှားနေသော ရင်ခုန်သံတို့သည်ရော မနေ့ကနှင့် ဒီနေ့ တူပါအုံးမလား ။ မနေ့က စက္ကန့်သည် ပြီးဆုံးသွားခဲ့သလို့ ၊ မနေ့က ရင်ခုန်သံသည်လဲ သေဆုံးသွားခဲ့သည်မှာ သေချာပါသည် ။
အချိန်ကာလတွေ သည် တိမ်တွေလို တလိပ်လိပ်ပြေးနေသလို လူတို့သည်လဲ သေခြင်း ၊ အသစ်တဖန်မွေး ခြင်းတို့ ဖြင့် လုံးချာ လိုက်၍ နေကြသည် ။


မနေ့က ငါ မ၇ှိတော့ပြီ .... ဒီနေ့က ငါလဲ စက္ကန့် မလပ်ပြေးနေပါသည် ...
မနက်ဖြန်ဆိုသော အချိန်ကာလသို့ ဦးတည်ပြေးလွှားနေသည်မှာ အတော်ပင်ခရီးရောက်ခဲ့ပြီ ။ နေမင်းကြီး ငုတ်ရှိုး လို့ အလင်းရောက် ပျောက်ခဲ့ပြီ ...
ညသို့  ရောက်ချေ ပြီ ။ မနက်ဖြန်ဆိုတာ တခဏလေးပါပဲ ။ အိပ်စက်လိုက်ရင်ဖြင့် မနက်ဖြန်သေချာ ပြီ ..
ရောင်နီပျို့လို့ အလင်းရောင်လာ ရင်ဖြင့် မနက်ဖြန်ဆိုတဲ့ နေ့သစ်ကြီးပါပဲ ။ အလင်းနှင့် အမှောင်ကြား စက္ကန့် မလပ်ပြေးလွှားနေရသည်မှာ လောကနိယထဲက တစ်ခုပဲ ထင်ပါတယ် ....


နောက် နေ့သစ် တစ်ခု ရောက်ပြန်တော့လဲ နောက်ထပ်နေ့သစ်သို့ ထပ်၍ပြေးလွှားရပြန်ပါတယ် ။
အသစ် အသစ် တွေရှိသို့ ပျော်ပျော်ကြီး ပြေးလွှားရင် ဟောင်းနွမ်းသွားတာတွေ သတိ ထားကြည့် လိုက်ပါ ။
အသစ်ဆိုပြီး ပျော်ရွှင်မြူးထူးမက်မောနေသော လူသားတစ်ဦးသည် သူရော အသစ် ဖြစ်လာ တာ လား .... အသစ်နောက်လိုက်ရင်းဟောင်းသွားတာလား ...
နေ့တွေ သာ သစ်လာနိုင်စွမ်းရှိပါသည် ။ လူနှင့် အရာဝတ္ထု များသည် အချိန်ကာလ ကြာလာ သည်နှင့် အမျှဟောင်းနွမ်းလာမှာ သေချာသည် ။ ဟောင်းနွမ်းပြီးရင်ပျောက်ပျက်သွားတတ်သည်မှာ သဘာဝ တရား တစ်ခုပါ ....


မတည်မြဲခြင်းနိယာမသည် အဓိပါယ် ဖွင့်ဆို ၍ မကုန်နိုင်ပါ ....
နောင်နှစ် ဒီလို အချိန် 1.1.2014 မှာ ဖြင့် ကျမဆိုသော လူသားတစ်ဦး ရှိနေအုံးမည်ဆိုပါလျှင်....
မတည်မြဲခြင်းကို အဓိပါယ်များ ထပ်မံဖွင့်ဆိုနိုင်အုံးမည် ထင်ပါသည် ။
သို့သော် ဒီနေ့က ကျမ မဟုတ်တော့သော ...
တစ်နှစ်စာ ဟောင်းနွမ်းခဲ့ရမှာ ကျိန်သေသော ကြောင့် .....
ဟောင်းနွမ်းမူထဲမှာ ရှာဖွေ့တွေ့ ရှိအုံးမည့် ....
မတည်မြဲခြင်းနိယာမ အသစ်များ ထပ်မံဖွင့်ဆိုပါအုံးမည် ။


အသစ်များကြားမှ လေးနက်သော နှစ်သစ်လေး ဖြစ်ပါစေ လို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ် ..


ခင်မင်လေးစားလျှက် ...
ဆန္ဒမွန်ဖြင့် ...
မှုံနံ.သာဖြူ ..


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...