***တွေးမိတာလေးတွေ ရေးလိုက်ပါရ စေ ဦးတော့။
ရေးပြီးတော့လည်း ဖတ်မြဲပါ။ တ နေ့ ပြီး တ နေ့ ကုန်သွား
လေရဲ့။ အမြဲတမ်းလည်း ဖွေရှာဆဲပေါ့။ စိတ်ကူးထဲတော့
စုဗူး ထဲကဘဝကို မြင်နေဆဲပါ။ ပြောင်းလဲသွားတဲ့
အ ဟောင်း ထဲက နေ့ရက်တွေဟာ လေထဲက ပန်းချီကား
ပမာ အရာမထင် စွာ ကျန်ခဲ့ရပြီ။ ရှေ့ ဆက် ရမယ့် နေ့ရက်
တွေထဲမှာ ကြိုးစားလို့ ဖွေရှာလိုက်အုံးပေါ့။ ကွေ့ကောက်
တဲ့လမ်းမှာ လှပတဲ့ အနာဂတ်ကို တ နေ့ ရောက်ဖို့
လျှောက်လှမ်းနေဆဲဘဝပါ။
တောလမ်းကျဉ်းတွေမှာ လျှောက် ရင်း မောပန်းခြင်းတွေ
ဘေးဖယ်ကာ ရွှေးချယ်စရာ ဘာမှမရှိသေးတော့ ဂန္ဓဝင်
ဆန်တဲ့ အိမ်မက်ကို အပြန်အလှန်ဆိုတဲ့ နိယာမ
သ ဘော နဲ့ ဘာကိုမှ မမက်မော ချင်တော့ပါ။
ပင် ပန်း ခြင်းတွေနဲ့ ကြိုနေမယ့် မနက်ဖြန်တွေမှာ
ရှေ့ ဆက် ရန် ဘဝအတွက် ချွေးထွက်နေတဲ့ နေပူပူမှာ
နားခိုဖို့ရာအတွက် ငါရုန်းနေရအုံးမယ့် မနက်ဖြန်များစွာ
ဟာ နေ ကောင်း ကျန်းမာစွာ စောင့်ကြိုနေ လေ ရဲ့။
ခါးသီးလွန်းတဲ့ ဘဝ၊မွန်းကြပ်လွန်းတဲ့ဘဝ တွေအတွက်
ရုန်းထွက် ရ အုံးမယ့် မနက်ဖြန်ကို တစ်နေ့ မှာ
အမှန်တော့ ရောက် ရ မှာပါ။ငါတို့ တ တွေ ကို
တဖန်ပြန်စောင့် လို့ တော့ ကြို လိုက်ပါအုံး---
မနက်ဖြန်များစွာ ရေ-------------------
******************************************