အခုတစ်လောမှာ gtalk,facebook,twitter အစရှိတဲ့ အကောင့်တွေhackခံရတာတော်တော်များလာ ပါတယ်။အခုတစ်လောမှာ အွန်လိုင်း နည်းပညာသမား တွေကြားမှာ ပြန့်နေတဲ့ ဆော့ဝဲလ်လေးတစ်ခုရှိပါတယ်။ satzo ဆိုတဲ့ ဆော့လ်ဝဲလေးပါ။
အဲ့ဒီ့ ဆော့လ်ဝဲလ်လေးကို လက်ထဲရောက်လာတာနဲ့ ကမြင်းတဲ့ ငနဲတွေ တော်တော်များပါတယ်။
ဘာရယ်မဟုတ်ပါဘဲ နဲ့ ကိုယ့်ကိုယ်ကို hacker လို့ ခေါ်ခံချင်တာ နဲ့ သူများကို ဒုက္ခပေးကြတာပါပဲ.။
ဟုတ်ကဲ့..။ ကျွန်တော်ဟာ သုတ ၇သက လွဲရင် ဘာမှ မရေးချင်ပါဘူး။ဒါပေမယ့် အဲ့လို သူများအကောင့်တွေကို လိုက်ဖျက်စီးနေတဲ့ ငနဲတွေ ကြောင့် ကျွန်တော် အခု ဒီပို့ စ်ကိုရေးပါတယ်ဗျား..။
What is hacker?
တစ်ချို့ ပုဂ္ဂိုလ်တွေက အင်တာနက် ဆိုင်မှာ keylogger ထည့်ပြီး password ယူတက်၊လူပိန်းသုံးတက်တဲ့ hacking software လေးတွေ သုံးပြီး password ယူတက်၊password တွေကို မှန်းပြီးရမ်းဖြည့်တာမှန်သွားရင် ကိုယ့်ကိုယ်ကို hacker ပါဆိုပြီး ဂုဏ်ယူတက်ပါတယ်။အဲ့လို ကိုယ့်ကိုယ်ကို ဂုဏ်ယူဖို့ အတွက်ပဲ ထပ်တလဲလဲ သူများအကောင့်တွေကို ဖျက်စီးကြပါတယ်။(ဘယ်နေရာမှာ မဆို စည်းရှိပါတယ်။အဲ့ဒီ့လို သူများ အကောင့်ကို ဖျက်စီးတယ်ဆိုတာလဲ စည်းဖောက်မှုတစ်မျိုးပါပဲ။အဲ့လို စည်းဖောက်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို hacker လို့  အမည်မခံပါနဲ့ .။အောက်တန်းကျတဲ့ နည်းတွေမသုံးပါနဲ့။)
အဲ့လောက်လုပ်တက်ရုံနဲ့ တော့ hacker လို့ မခေါ်သေးပါဘူး။hacker အစစ်တစ်ယောက် ဆိုတာ အင်တာနက် ချိတ်ဆက်ထားတဲ့ network တိုင်းမှာ အတားအဆီး အကန့်အသတ်မရှိချယ်လှယ်နိုင်တဲ့သူတွေပါ။ အဲ့လို hacker တစ်ယောက်ဖြစ်ဖို့ ဆိုတာကလဲ အချိန်အတိုလေးအတွင်းမှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။နာရီ ပေါင်းများစွာ ကွန်ပျူတာရှေ့မှာ မျက်လုံးပေါက်မတက် လေ့လာခဲ့ကြရတာပါ။hacker ဆိုတာနဲ့ မကောင်းတာ လုပ်တဲ့သူတွေပဲတော့ မဟုတ်ပါဘူး။ဆိုက်တစ်ခု ကို မထိုးဖေါက်နိင်အောင် အားနည်းချက်တွေကို လိုက်ပြင်ပြီး ကာကွယ်တဲ့ hacker တွေလည်းရှိပါတယ်။သူတို့ ကတော့ လုံခြုံရေးသမားလေးတွေပေါ့ဗျာ။ဒါမှ မဟုတ် ethical hacker ပေါ့ဗျာ။
ဂျီးမေး password လေးတွေဖြည်တာ၊ဖေ့စ်ဘွက် password လေးတွေ ဖြည်တာဟာ hacking မဟုတ်ပါဘူး။အဲ့ဒါကို cracking လို့ ခေါ်ပါတယ်။hacking ရဲ့ တစိတ်တပိုင်းပဲရှိပါသေးတယ်။ကျွန်တော် လေ့လာနေတဲ့ ဆိုက်တစ်ခု ရဲ့ အဆိုအရ hacker (၇)မျိုးရှိပါတယ်။အဲ့ဒါတွေကတော့
(၁)white hat
သူတို့ က networkတွေsiteတွေကို ထိုးဖောက်ပါတယ်။ဒါပေမယ့် သူတို့ ဟာ ဖျက်လိုဖျက်စီး စိတ်နဲ့ မဟုတ်ဘဲ သူတို့ရဲ့ နည်းတွေကို စမ်းသပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။လုံခြုံရေးအားနည်းနေခဲ့ရင် အကြောင်းကြားအသိပေးတက်ပြီး သူတို့ ဟာသင်ယူနေရရင် လေ့လာနေရရင် ပျော်နေတက်တဲ့ လူမျိုးတွေဖြစ်ပါတယ်။
(၂)black hat
သူတို့ က သူများအကျိုးကို နစ်နာအောင်ပြုလုပ်သူတွေဖြစ်ပါတယ်။သူတို့ က ခွင့်ပြုချက်မရဘဲ ကွန်ပျူတာ လုံခြုံရေးစနစ်တွေကို ဖောက်တယ်။နည်းပညာ ကို အလွဲသုံးစားလုပ်ပြီး ဖုန်း၊ကွန်ပျူတာ စတာတွေ ရဲ့ စနစ်တွေ ဒါမှ မဟုတ် ဆက်သွယ်ရေးကွန်ရက်တွေကို ဖျက်စီးတယ်။ဥပဒေနဲ့ ဆန့်ကျင်တဲ့ -သူများမေးလ် အကောင့်တွေ ခိုးတာတို့ ၊credit card ခိုးတာတို့ အစရှိတဲ့ အလုပ်တွေလုပ်တဲ့လူဆိုးတွေပဲ ဖြစ်ပါတယ်။
(၃)grey hat
သူတို့ ကတော့ ကောင်းသလား၊ဆိုးသလားလို့ ဆုံးဖြတ်ရခက်ပါတယ်။သူများတွေရဲ့ personl data တွေကို ဖောက်ထွင်းဝင်ရောက်တယ်။ဖွင့်ချပစ်တယ်။ပြီးတော့ သူတို့ လုပ်တယ်ဆိုတာကို ၀န်ခံတက်တဲ့ သူတွေ ဖြစ်ပါတယ်။
(၄)blue hat
သူတို့ ကတော့ ကွန်ပျူတာ စနစ်တစ်ခု ရဲ့ ပြင်ပက ခိုင်မာတဲ့ အတိုင်ပင်ခံတွေဖြစ်ပါတယ်။ပထမ သူတို့ ကစနစ်ရဲ့ အားနည်းချက်ကို ရှာတယ်။တွေ့ ခဲ့ရင် သူတို့ က အတည်မပြုခင် အဲ့ဒီ့ စနစ်တွေကိုဖျက်ပစ်တဲ့ သူတွေ ဖြစ်ပါတယ်။
(၅)Elite(known as 1337)
သူတို့ က hacking master တွေပါ။သူတို့ကို hacker အချင်းချင်းက 1337 တွေလို့ ခေါ်ပါတယ်။hack ခြင်းနည်းပညာကို ဆုံးခန်းတိုင်အောင်နားလည်ပြီး စနစ်တစ်ခုမှာ ပြည့်စုံတဲ့ လုံခြုံရေးစနစ်တစ်ခုရှိရင်တောင် အဲ့ဒီ့ စနစ်ကို အားနည်းသွားအောင်လုပ်ပစ်နိုင်တဲ့ သူတွေ ဖြစ်ပါတယ်။အဲ့လိုလူတွေက ရှားလွန်းပါတယ်။သူတို့ ကလဲ အလကားနေရင်း hack မနေကြပါဘူး။
(၆)Script kiddie
သူတို့ ကတော့ သင်ခါစ လေးတွေ ဖြစ်ပါတယ်။သူတို့ ဟာ ကွန်ပျူတာစနစ်တွေ၊ကွန်ရက်တွေကို သူများတွေ ရေးထားတဲ့ softwareလေးတွေ toolလေးတွေ သုံးပြီး ဖောက်ဝင်သူတွေပါ။နည်းပညာနဲ့ ပါတ်သတ် ရင်တော့ အခြေခံ အနည်းငယ်နားလည်တဲ့သူတွေပါ။
(၇)Noob(new bie)
Noob ဆိုတာက hacker လောကမှာ သုံးတဲ့ ဝေါဟာရတစ်ခုပါ။နည်းပညာတွေရဲ့ အလုပ်လုပ်ပုံကို လုံးဝနားမလည်ဘဲ သူတို့ ကို သူတို့ ကိုယ်သူတို့ hacker လို့ ငြင်းခုံတက်တဲ့သူတွေပါ။သူတို့ ဟာ တစ်ခါတစ်လေမှာ သူများအကောင့်တွေကို ရရှိတက်ပါတယ်။သူတို့ ဟာ နည်းပညာနဲ့ ပါတ်သတ်ရင် ဘာအခြေ ခံမှမရှိဘဲ hacker စည်းကမ်းတွေကို လည်းဖောက်ဖျက်တက်သူဖြစ်ပါတယ်။hacker တွေကတော့ Script kiddie ထက်ကိုနိမ့်တဲ့သူတွေ လို့ ပြောလေ့ရှိပါတယ်။
(ဘာသာပြန် အားနည်းချက်ရှိနိုင်ပါတယ် ခင်ဗျာ)
ကျွန်တော် ဒါတွေရေးပြနေတာဟာ ကျွန်တော်တို့နဲ့ အနီးဆုံး အသုံးပြုတဲ့ facebook,gmail အစရှိတာတွေကို crack ခြင်းနည်းက ကာကွယ်နည်းလေးတွေ ပြောပြချင်လို့ ပါဗျာ။မင်းက ကော ဘာအဆင့်ရှိ လို့လဲ မေးရင်တော့ ဇကောထဲက ဇီးသီး အဆင့်ပဲရှိပါတယ်ဗျာ။ဆရာကြီးများအတွက် မဟုတ်ပါ။ကျွန်တော့ လောက်မသိသေးသူများ အတွက်သာ ဖြစ်ပါတယ်ခင်ဗျာ။အခု ကျွန်တော် Gtalk အကောင့်hack ပုံhackနည်းတစ်ချို့ နဲ့ ကာကွယ်နည်းတစ်ချို့ ကို ပြောပြပါမယ်ခင်ဗျာ။
Gtalk,facebook စတာတွေကို hack ရင် black hat တွေနဲ့ noob တွေက အများဆုံးhackပါတယ်။သူ တို့ သုံးတဲ့ အများဆုံးနည်းတွေက
(1)publishing
(2)social engineering
(3)using keylogger(software,hardware)
(4)putting spyware တို့ပဲ ဖြစ်ပါတယ်။
Gtalk,facebook စတဲ့ အဖွဲ့ အစည်းတွေဟာ နာမည်ကြီးတွေပါ။သူတို့ ကို အလွယ်တကူ ဖောက်ဝင်လို့ မရပါဘူး။သုံးစွဲသူရဲ့ အားနည်းချက်ကြောင့်သာ အကောင့်ခိုးခံရတာတွေ ဖြစ်တာပါ။
(1)publishing
ဒီနည်းကို ကျွန်တော်က ဂုဏ်သိက္ခာမရှိတဲ့ hackနည်းလို့ ထင်ပါတယ်။ဒါဟာ စာမျက်နှာအတု တည်ဆောက်ပြီး ဒီအထဲကို ၀င်စေခြင်းအားဖြင့် password ကိုယူတဲ့ နည်းဖြစ်ပါတယ်။hacker ဟာ gtalk, facebook စာမျက်နှာတစ်ခုတည်ဆောက်လိုက်တယ်။ပြီးတော့သူ့ရဲ့ သားကောင်ဆီကို မေးလ်ပို့ လိုက်တယ်။အဲ့ဒီ့မှာ link တစ်ခုပေးထားမယ်။အဲ့ဒီ့ကို ၀င်ပါ။ဘာဇတ်ကားရှိတယ်၊ဘာဂိမ်းရှိတယ်ပေါ့ဗျာ။အဲ့ဒီ့ မှာ ၀င်လိုက်လို့ ကတော့ ကိုယ့်password လေးပါပြီသာမှတ်ပါ။ဘာလို့ လဲဆိုတော့ အဲ့ဒီ့link ထဲကိုဝင်ရင် အရင်ဆုံး sign in လုပ်ရပါတယ်။အဲ့လို ၀င်လိုက်တာနဲ့ ကိုယ့် user name နဲ့password လေးဟာ hacker ဆီရောက်သွား ပါပြီ။ကာကွယ်ဖို့ ကတော့ မသိတဲ့သူတွေ ဆီက linkတွေပေးလာရင်စွတ်မ၀င်ပါနဲ့ ။မင်းသမီးတစ်ယောက် နာမည်ကြီးလိုက်တုန်းက အကောင့်တွေတော်တော် hack ခံလိုက်ရပါတယ်။link ပေးရင် သေချာကြည့်ပါ။ ဥပမာ gmail ရဲ့ လိပ်စာအစစ်က mail.google.com(or)gmail.com ဖြစ်ပါတယ်။mail.xxxsite.comတို့ mail.maili.com တို့ဆိုရင်အတုတွေပါ။(စာမျက်နှာ အတု ဆောက်နည်းနှင့် အသုံးပြုပုံကို ဖော်ပြရန်မသင့် ဟုယူဆပါ၍ ချန်လှပ်ခဲ့ပါသည်။ရိုးသားစွာသိလိုသူများ ကျွန်တော်၏ facebook သို့ မေးမြန်းနိုင်ပါသည်။)
(၂)social engineering
ဒီနည်းကိုတော့ ကျွန်တော် ကြိုက်ပါတယ်။ဂုဏ်သိက္ခာရှိတယ်လို့ လဲထင်ပါတယ်။သူက နည်းပညာတွေ သိဖို့ သိပ်မလိုပါဘူး။ခန့်မှန်းရတာပါ။ဥပမာ security မေးခွန်းတွေ ဖြေခြင်းအားဖြင့်အကောင့်ကို hack တာပါ။ ပါးနပ်တဲ့ hackerတစ်ယောက်ဟာ သမရိုးကျhack နည်းတွေနဲ့ အချိန်ကုန်မခံဘဲ သားကောင်ရဲ့ security မေးခွန်းကို ဖြေတဲ့နည်းနဲ့ hackပါတယ်။အချက်အလက်တွေစုရတာခြင်းအတူတူ ဒီနည်းက ပိုလွယ်ကူပါတယ်။ ပြီးတော့ မေးခွန်းဖြေနိုင်ရုံနဲ့ ကျန်တဲ့အဆင့်တွေဟာ တရားဝင်ဖြစ်သွားလို့ ပါ။ကာကွယ်ဖို့ ကတော့ security မေးခွန်းတွေကို တလေးတစားဖြေပါ။ဖုန်းနံပါတ်တောင်းရင်သေချာထည့်ပေးပါ။ဆိုင်တွေကို မဖောက်ခိုင်းပါနဲ့။သူ တို့က သင်နဲ့ မတည့်ရင်သင့်အဖြေတွေကို ခဏခြင်းအတွင်းမှာ ဖြေပြီး သင့်အကောင့်ကို မသွားလိမ့်မယ်။
(၃)key logger
ဒီနည်းက လဲအောက်တန်းကျတဲ့နည်းပါပဲ။အများဆုံးက အင်တာနက်ဆိုင်တွေမှာသုံးတက်ပါတယ်။ ကီးလော့ဂါဆော့ဝဲလ်လေးကို သွင်းထားပြီး သုံးတဲ့သူတွေ ရိုက်သမျှ စကားလုံးတွေကိုမှတ်ထားတာပါ။ပြီးမှ စကားဝှက်တွေကို အခန့်သား၊အေးအေးဆေးဆေးယူတာပါ။အင်မတန်မှ အောက်တန်းကျပါတယ်။ဘာပညာ သားမှမပါ။noob ဆိုတဲ့ငတိတွေသုံးတာပါ။ကာကွယ်ဖို့ က ဆော့ဝဲလ်ကီးလော့ဂါ အတွက် task manger ခေါ်ပါ။ကိုယ်မသိတဲ့ process,application ဆိုရင်ပိတ်ပစ်လိုက်ပါ။ဟက်ဝဲလ်ကီးလော့ဂါအတွက်ကတော့ system box နောက်မှာကြည့်ပါ။မူမမှန်တဲ့ အနက်ရောင် ဂျက်ပင်ခေါင်းလေးတစ်ခုကို တွေ့ ရရင်မသုံးပါနဲ့တော့။
(၄)putting spyware
ဒီနည်းကတော့ အမြင့်စားနည်းတစ်ခုပါ။network နည်းပညာတွေ၊fire wallတွေအကြောင်းကို သိမှသာ လျှင်ဒီနည်းကို သုံးလို့ ရမှာပါ။ဒီ စပိုင်ဝဲလ်ကို ကျွန်တော်က နောက်တစ်မျိုး Trojan လို့ သုံးချင်ပါတယ်။hacker များကတော့ မတူဘူးလို့ ပြောကြပါတယ်။ကျွန်တော် လို ငတိ ကတော့မှတ်ရလွယ်အောင် တူပစ်လိုက်ပါတယ်။ Trojan ဆိုတာ troy မြို့ကို သိမ်းစဉ်က ဘယ်လိုမှ မြို့ တံခါးဖွင့်မရလို့ မြင်းရုပ်ကြီးတည်ဆောက်ခဲ့ပါတယ်။အဲ့ဒီ့ ထဲမှာ စစ်သားတွေဝင်နေပြီးတော့ မြို့သားတွေက အဲ့ဒီ့ မြင်းရုပ်ကြီးကို မြို့ထဲသွင်းတော့မှ မြင်းထဲက စစ်သားတွေ ရဲ့ ထွက်တိုက်ခြင်းကို ခံရပြီးမြို့ ဆုံးရှုံးတာပါ။အဲ့ဒီ့ မြင်းရုပ်ရဲ့ နာမည်က trojan ပါ ။ကွန်ပျူတာ မှာလဲ တခြားကွန်ပျူတာကို ထိန်းချုပ်နိုင်အောင် program တစ်ခုထည့်ရပါတယ်။အဲ့ဒီ့ program မျိုးကိုလဲ Trojan လို့ ခေါ်ပါတယ်။trojan ကိုသွင်းနည်းက မေးလ်မှာ ဖိုင်တစ်ခုတွဲ ပို့လိုက်တယ်။ဥပမာ သီချင်းတို့ ၊ဇတ်ကားတို့ အစရှိသည်ဖြင့်ပေါ့ဗျာ။အဲ့ဒီ့မှာ ကိုယ်က Trojan ပါမှန်းမသိဘဲရမ်းပြီး ကလစ်လိုက်တယ်။အဲ့ဒီ့မှာ Trojan က ကိုယ့်စက်မှာ ၀င်သွားပြီဖြစ်ပါတယ်။အဲ့ဒီ့ Trojan ၀င်သွားတာနဲ့ ဟက်ကာဟာ သူ့ ရဲ့ သားကောင်ရဲ့ ကွန်ပျူတာ ကို ၈၀ ရာခိုင်နှုန်းလောက်ထိန်းချုပ်သွားနိုင်ပါပြီ။သူသွင်းချင်တဲ့ ဆော့ဝဲလ်သွင်းပြီး လုပ်ချင်သလို လုပ်လို့ ရပါပြီ။ ကီးလော့ဂါ ကိုထည့်သွင်းပြီး စကားဝှက်တွေလဲ ရယူနိုင်ပါပြီ။ဒီနည်းဟာ နည်းနည်းမြင့်တဲ့ အတွက် အနည်းဆုံး Script kiddie အဆင့်ရှိတဲ့ ဟက်ကာမှ သာလုပ်နိုင်ပါတယ်။အသုံးတော့များပါတယ်။ဒီနည်းကို ကာကွယ်ဖို့ ကတော့ antivirus တစ်ခုစက်မှာသွင်းထားပါ။သူက Trojan ကိုဖျက်ချပါလိမ့်မယ်။ဒါပေမယ့် တစ်ကယ့် ဆရာကြီးတွေ လုပ်ရင်တော့ antivirus လည်း မျက်စိလည်သွားမှာပါ။စိတ်ချစေချင်ရင်တော့ မသိတဲ့သူတွေက ဘာဖိုင်ပေးပေး မဖွင့်မိစေနဲ့ပေါ့ဗျာ.။
ဒီလောက်ဆိုရင်ကို gmail,facebook အကောင့်ဟက်ခံရခြင်းမှ ကာကွယ်နိင်ပြီလို့ထင်ပါတယ်။တစ်ခြား ဟက်တဲ့နည်းလမ်းတွေအများကြီးရှိပါသေးတယ်။ဒါပေမယ့် အဲ့ဒါတွေ အကုန်လုံးက ခက်ခဲပြီးတော့ လုပ်တက်တဲ့သူလည်းနည်းပါတယ်။အချိန်တွေလည်း အများကြီးယူရပါတယ်။ အင်တာနက် ကွန်နက်ရှင်ကောင်းဖို့ လည်းလိုပါတယ်။(အဲ့ဒီ့တော့ မြန်မာနိုင်ငံကော်နက်ရှင်နဲ့ဆို စိတ်ချရပါတယ်းP)။ အကျဉ်းအနေနဲ့ ပြောရမယ် ဆိုရင် gtalk,facebook တွေကို hackခြင်းမခံချင်ရင် password တွေကို ပေးရင် ဂရုစိုက်ပါ။ဂဏန်းတွေကြီးပဲမပေးပါနဲ့။dictionary စကားလုံးတွေမသုံးပါနဲ့ ။security မေးခွန်းတွေထားပါ။ဖုန်းနံပါတ်တောင်းရင်ပေးထားပါ။သူများကို အကောင့်မဖောက်ခိုင်းပါနဲ့။ဒါပါပဲဗျာ။