မျက်တောင်ခြယ်ဆေး သို့ မဟုတ် မက်စ်ကာရာ (Mascara) သုံးရာမှာ အသုံးပြုတဲ့ တုတ်တံလေး ကို သတိထားပါ။ ယင်းက သင့်ကို
အန္တာရာယ်ပေးနိုင် လို့ ဖြစ်တယ်။ ကော စမတ်တစ်အသုံးပြုမှုနှင့် ဆက်စပ်တဲ့ အများဆုံးဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာ ရခြင်းကတော့
မျက်တောင်ခြယ်ရာမှာ သုံးတဲ့ တုတ်တံလေးနှင့် မျက်စိ ခြစ် မိခြင်းပဲဖြစ်တယ်။ ဒါ့အပြင် ၃ လ ကျော်ကြာပြီဖြစ်တဲ့ မျက်တောင်ခြယ်
ဆေးဘူးထဲမှာ ကူးစက်ရောဂါ ဖြစ်စေ တဲ့ ပိုးတွေ ခိုအောင်းနေတတ်တယ်။ အိပ်ရာထဲမဝင်ခင် မျက်တောင်ခြယ် ဆေးကို ဆေးကြောပစ်ဖို့
သတိရပါ။ သင်အိပ်နေစဉ် မျက်တောင်ခြယ် ဆေးက အမှုန့်စလေးများြွေကပြီး မျက်စိထဲဝင်နိုင်ပါတယ်။ အဲဒီအခါ မျက်စိယားယံခြင်း၊
မျက်စိနီမြန်းခြင်း၊ မျက်ကြည်လွှာ ပွန်းပဲ့ခြင်း၊ ဒါမှမဟုတ် ကူးစက်ရောဂါဝင်ခြင်းတောင်ဖြစ်နိုင် ပါတယ်။