ထိုနိုင်ငံသားများသည် အသိပညာအတတ်ပညာကြွယ်ဝ လှသော သူများဖြစ်ကြသည့်အပြင် မှော်ဂန္ဓရီဆိုင်ရာ များလည်းအလွန်မှတိုးတတ်ခဲ့ လေသည်။ ထိုပညာရှငိတို့ သည် အတတ်ကြူးကာ ပညာကိုအလွဲသုံးစားပြုလုပ်သဖြင့် နတ်ဘုရား များက အမျတ်ဒေါသတွက်ကာ ဒဏ်ခတ်လေတော့သည်။ ဒဏ်ခတ်ပုံမှာ ထိုမြေကြီးတစ်ခုလုံးကို ရေအောက်သို့ နှစ်မြှပ်ပစ် လိုက်ခြင်းပင်ဖြစ်သည်။ ထိုကြောင့်အတ္တလန်တိစ်နိုင်ငံကြီးမှာ သမုဒ္ဒရာရေအောက်မှာပျောက်ကွယ်သွားလေတော့သည်။ ထိုအတူလယ်မူးနီးယားဆိုသောနိုင်ငံမှာလည်း အတ္တလန်တစ်ကဲ့ သို့  ရေအောက်နစ်မြှပ်သွားခဲ့ သောနိုင်ငံ တစ်နိုင်ငံဖြစ်လေသည်။သို့ သော်လယ်မူးနီးယားနိုင်ငံမှာ အတ္တ လန်တစ်ထက်ပိုရှေးကျလေသည်။ထိုကြောင့်ယဉ်ကျေးမူလည်းအတော်မှမြင့်မားခဲ့ လေသည်။ယင်းသည် လက်ရှိ ဂျပန်နိုင်ငံ အိုကီနာဝါနှင့် ဟာဝိုင်ယီတို့ ကိုဆက်စပ်ပေးသော မေပြင်ကြီး ပင်ဖြစ်သည်။အတ္တလန်တစ်နှင့်ကွာခြားသည်က ပညာကိုအ လွဲသုံးစားလုပ်၇်ျ နတ်များဓဏ်ခတ်ခြင်းမဟုတ်ဘဲ သက်တမ်း ကုန်၇်ျနစ်မြှပ်သွားခြင်းဖြစ်လေသည်။ မှော်နှင့်မြန်မာမော်ကင်း ကျွနူပ်တို့ မြန်မာနိုင်ငံတွင်လည်း မှော်ကဲ သို့ စိတ်ဝင်စားဖွယ်ကောင်းသောလူသားများကိုတွေ့ နိုင် လေသည်။ ထိုအထဲမှ မော်ကင်းအမျိုးသားဦးကျော်ဝင်းမှာ အလွန်မှအံသြစ ရာကောင်းသောလူသားတစ်ဦးဖြစ်သည်။ သူသည်ဦးငြိမ်းချမ်းအောင်ဟူသောအမည်ကိုခံယူပြီး စိတ်စွမ်းရည်ပြပွဲများကိုနယ်လှည့်ပြသနေသူဖြစ်လေသည်။သူသည် 1945 ခုနှစ် ၊ဖန်န၀ါရီ (4)ရက် လပွတ္တမြို့ တွင် မွေးဖွား ခဲ့ သည်။ ယခုဆိုလျှငိသူ၏ အသက်မှာ ၆၈နှစ်ကျော်ခဲ့ ပြီဖြစ် သည်။ သူသည်ပြပွဲများတွင် ကြိုးဖြင့်တစ်စီးနှင့်တစ်စီးချည်ထားသော လူအယောက် သုံးဆယ်ပါသည့် ဆိုင်ကယ်ဆယ်စီးကို သူ၏ကျစ်ဆံမြီးကျစ် ထားသောဆံပင်ဖြင့်ဆွဲပြလေသည်။တစ်ဖန်ဌက်ပျောတုံး တစ် တုံးနှင့်တစ်တုံးကြား သံချောင်းတစ်ချောင်းစီကို လည်ပင်းနှင့် ထောက်ပြီး အပြိုင်တွန်းပြလေသည်။ အုန်းပင်ကိုလည်း ပြောင်းပြန်တတ်ပြနိုင်သည်။ လူသုံးယောက်လိုက်ပါလာသော ဒီတီဆိုင်ကယ်ဖြင့် ခန္ဓာကိုယ်တတ်ကြိတ်ခံနိုင်လေသည်။ သူသည်ထိုပညာကိုမော်ကင်းလူးမျိုးများ၏ အမွေဟုဆိုသည်။သူ၏ဆရာမှားမှာ ဘိုးလွန်း၊ဘိုးကွန်းနှင့် တိုးထွန်းတို့ ဖြစ်လေသည်။ သူသည် ထိုစိတ်စွမ်းအား ပညာရပ်များကိုနယ်လှည့်ပြသရင်းဖြင့် ငြိမ်းချမ်းရေး တရားများကိုလည်းဟောပြောတတ်သည်။ သူ၏ပြပွဲမှရရှိသော ငွေကြေးသုံးပုံနှစ်ပုံကို ဘုရားတည်၊ကျောင်းဆောက်၊ လမ်းခင်း၊တံတားပြင်သော နေရာများတွင်လှုဒန်းလေသည်။ သို့ သော်သူသည်နာမည်မကြီး။ထိုသို့ နာမည်မကြီးဘဲမထင် မရှားနေရတာက်ုပင်သူကပိုသဘောကျနေလေသည်။ယခုတော့ သူကြောင့်ကမ္ဘာမှာ တစ်ရာတစ်ယောက်လုပ်နိုင်ခဲသော ပညာ ရပ်များကိုမြန်မာနိုင်ငံကလည်း တတ်မြောက်ကျွမ်းကျင်ကြောင်း ကိုယ်စားပြုဖော်ထုတ်ချင်နေပြီဖြစ်သည်။ထိုအတွတ်သူ၏မြေးမလေး အသက်၁၇နှစ်အရွယ်ကလေးကိုသင်ကြားပေး နေပြီဖြစ်တာကြောင့်ပညာရှင်မော်ကင်းမလေးတစ်ဦးမြန်မာပြည်မှာ ပေါ်ထွန်းလာဦးမည်မှာအမှန်ပင်ဖြစ်ပါသည်။ ပြီးပါပြီး 3း00pm 14.1.2013 kglaypoem@gmail.com
↧